- 11 -

9.4K 931 49
                                    

Zawgyi Version

" အဲ့‌တော့ သား‌လေးနာမည်‌ကို ငါ့နာမည်‌ပါ‌အောင်‌ ‌ပေးမှရမယ်‌ Tae Min ဆိုရင်‌‌ရော "

" မဖြစ်‌နိုင်‌ဘူး သား‌လေးက ငါ့သား‌လေးပဲ အဲ့‌တော့ ငါ့နာမည်‌လဲ ပါမှရမယ်‌ Jung Tae ဆိုရင်‌‌ရော Kook Tae ??? "

" အံမာ .. ဘာလို့ မင်းနာမည်‌က ‌ရှေ့ကလဲ ငါကိုယ်‌တိုင်‌‌မွေးထားတာ ငါ့နာမည်‌ ‌ရှေ့က ထည့်‌မှာ TaeJung နဲ့ TaeKook ကြိုက်‌တာ‌ရွေး "

" ‌ကောင်းသားပဲ TaeKook "

ဝိုး .. ဘယ်‌ဆိုလို့လဲ ငါ့ကို အလိုလိုက်‌သား ဟင်းဟင်း ဒီလိုပဲ ဖြစ်‌‌နေရ ရ..

" မင်း‌ပေးတဲ့ နာမည်‌ကို လက်‌ခံပီးပီ‌နော်‌ မင်းလဲ တစ်‌ခု လက်‌ခံရမယ်‌ Jeon TaeKook ဆိုတာကို "

‌ဟောကြည့်‌ အ‌ကောင်းကို ‌တွေး‌ပေးလို့မရဘူး ‌မွေးထဲက ‌သောက်‌ကျင့်‌မ‌ကောင်းတဲ့ အုန်းသီးအပုပ်‌‌ကောင်‌

" မင်းက ဘာမှ မ‌ပြောဘူးဆို‌တော့ လက်‌ခံတယ်‌လိုလ ယူဆလိုက်‌မယ်‌ အို‌ခေ
အဟမ်း
မ‌ကျေနပ်‌ရင်‌လဲ ‌ပြော‌နော်‌ ပွစိပွစိ ရွတ်‌မ‌နေနဲ့ "

" ဘယ်‌မှာ ရွတ်‌‌နေလို့လဲ "

°SeJung° Hospital ၏ တစ်‌‌ယောက်‌ခန်း ထဲတွင်‌ လှဲ‌နေကာ သား‌လေးကို ‌ပွေ့ထား‌သော ပွစိပွစိရွတ်‌‌နေသည့်‌ TaeHyung အား ကြည့်‌ရင်း အသဲယားလာသဖြင့်‌ နဖူး‌လေးကို မွ‌ လိုက်‌‌တော့ တုန်‌တက်‌သွားသည့်‌ ခန္ဓာကိုယ်‌နှင့်‌ လှန်‌ကြည့်‌လာ‌သော မျက်‌လုံး ၀ိုင်းဝိုင်း

ထိုမျက်‌လုံးဝိုင်းဝိုင်းတွင်‌ တွဲခိုလာ‌သော မျက်‌‌စောင်း ပုစိ‌နှောင့်‌‌တောက်‌က‌လေး

အား Kim Tae Hyung အူယားလို့ ‌သေ‌တော့မယ်‌ကွာ

* ဂျွတ်‌ *

" ဟာ မင်းဘာဖြစ်‌‌နေတာလဲ ကြည့်‌ဦး ကျိုးသွားပီ ဒါ‌ဆေးရုံ‌နော်‌ ဖျက်‌လို ဖျက်‌ဆီးနဲ့ မင်းအိမ်‌မဟုတ်‌ဘူး "

" ‌ဆောရီး ငါ အားပါသွားလို့ "

•‌ဒေါက်‌ ‌ဒေါက်‌•

-- ဆရာဝန်‌ကြီး ‌ရောက်‌လာပါပီ --

ထွက်‌‌ပေါ်လာ‌သော Nurse မ အသံက ခပ်‌စွာစွာ

FaFiLy (Completed)Where stories live. Discover now