Zawgyi
" Kim Tae Hyung ... ဂျပုရေ ... "
" လာပါပီဆိုကွာ ဘယ်လို ဖြစ်နေလဲ "
အသံနှင့်အတူ အရှေ့သို့ ရောက်လာသော ဂျပု" အဟက် .. မင်းရုပ်ကြီးကိုများ အလှ ပြင်နေသေးတယ် ပြီးတော့လဲ ဒီတိုင်းပဲ "
" ဘာဖြစ်လဲ ဒါ ငါ့ FasHion "ပက်ခနဲ ပြောပီး အရှေ့ကနေ လုံးတုံးတုံးနဲ့ လမ်းလျှောက် သွားပါသော ဂျပု
အင်း ... ပြောရမယ်ဆိုရင်တော့ အရပ်လဲ အဲ့လောက်မပုပါဘူး ဖင်လေးကောက်ပီး လုံးနေတာပဲ ရှိတာ .. စကားမစပ် ဒီနေ့တော့ ဂျပုက ချစ်စရာ အကောင်းသား
Jung Kook တရွေ့ရွေ့ ဝေးကွာသွားသော TaeHyung နောက်သို့ ခြေလှမ်းကြဲကြီးများဖြင့် အနောက်က လိုက်သွားလေတော့သည် ။
✂ -------------------------
" ဟယ် .. မောင်လေးက Kim Tae Hyung ဆိုတာလား "
" ချစ်စရာလေးပဲ .. အမတို့ နာမည်တွေလဲ မှတ်ထားနော် သူက Mina သူက GwanJa အမက JinJu "
" ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် "
" ဒါနဲ့ မောင်လေးက ဒီမေဂျာမှာ သူငယ်ချင်းမရှိသေးဘူးမို့လား လာ အမတို့ မိတ်ဆက်ပေးမယ် "လက်ကိုဆွဲကာ ခေါ်သွားပါသော ထိုစီနီယာ သုံးယောက်၏ လက်ထဲတွင် TaeHyung က အနေခက်သည့် ပုံစံလေးဖြင့် ပါသွားရှာသည် ။
တောက်.. ပြောသားပဲ ငါနဲ့ အတူတူ ဒီဇိုင်းမေဂျာကို ယူပါဆို .. အခုတော့ တစ်ယောက်ထဲ ဟိုလူဆွဲဒီလူဆွဲနဲ့ ကြည့်ကြသေးတာပေါ့ ဘယ်နေ့ "JungKook နဲ့ မေဂျာတူတူပဲယူပါတော့မယ်" ဆိုပြီး ပြောလာမလဲလို့
ပါးစောင်ကို လျှာဖြင့်ထိုးကာ ကြိမ်းဝါးနေသော ကောင်လေးတစ်ယောက် တံခါးအကွယ်မှာ ရှိခဲ့လေသည် ။
အချိန်တစ်ပတ်မျှသာ ကုန်သွားခဲ့သည် TaeHyung ကတော့ ထိုမေဂျာမှာ ပျော်နေသည့်ပုံပင်
စိတ်ညစ်ကြောင်းလဲမပြော အဆင်မပြေကြောင်းလဲ မဟပါ ..
သို့သော်ငြား .. ပြောင်းလဲသွားသည်က
YOU ARE READING
FaFiLy (Completed)
FanfictionOTHER- "Family=Father and Mother I Love You💚" TAEKOOK- "Fafily = Father and Father I Love You💜" 👨👨👦Both Unicode and Zawgyi Available👨👨👦 Started - 25 Sep 2018