- 17 -

6.2K 694 40
                                    

Unicode ver
🏥

အားအင်‌ ချိနဲ့စွာ မျက်‌လုံးကို ဖွင့်‌ကြည့်‌‌တော့ ခန္ဓာကိုယ်‌က ‌ကုတင်‌တစ်‌ခု‌ပေါ်မှာ .. ‌ဆေးနံ့များ မွှန်‌‌နေပုံအရ ‌ဆေးရုံတစ်‌ခုမှာ ဖြစ်‌‌လောက်‌မည်‌ ။

" JungKook "

" ရှိတယ်‌ Tae ‌ပြော‌လေ "

" TaeKook !!! "

အလန့်‌တကြားဖြင့်‌ ထထိုင်‌လိုက်‌‌သော်‌ငြား ခန္ဓာကိုယ်‌၏ မလိုက်‌‌လျောမှု‌ကြောင့်‌ ပြန်‌လဲကျသွားပြန်‌သည်‌ ။

" TaeKook ‌ရော ..

" ကို လူ‌တွေလွှတ်‌ပီး ရှာခိုင်းထားတယ်‌ အနီးအနားက CCTV ‌တွေကိုလဲ လိုက်‌စစ်‌‌နေတာမို့လို့ Tae ခန အနားယူဦး‌နော်‌ "

" ကိုတိုင်‌ သွားရှာပါလားဟင်‌ သားသားကို ကိုယ်‌တိုင်‌ သွားရှာပါ‌နော်‌ JungKook ! "

" ဒါ‌ပေမယ့်‌ Tae ကလဲ စိတ်‌မှမချ‌ရ‌သေးတာကွာ "

" သွားလိုက်‌ပါ‌နော်‌ .. သားက သား‌လေးက ‌ကြောက်‌‌နေမှာ "

တိုးဝင်‌သွား‌သော အသံ‌လေးနှင့်‌အတူ မျက်‌ရည်‌‌ပေါက်‌များက ပါးထက်‌ လှိမ့်‌ဆင်းလာပြန်‌သည်‌ ။

JungKook က မျက်‌ရည်‌များကို လက်‌မဖြင့်‌ ဖိသုတ်‌‌ပေးရင်း ..

" သားက ‌ပျောက်‌‌နေလို့ စိတ်‌ပူရပါတယ်‌ဆို Tae ကပါ အိပ်‌ယာထဲလဲနေတာ ကိုဘယ်‌လို ‌နေရမလဲ ... "

" စိတ်‌မပူပါနဲ့ Tae ကို့ကိုကို ဂရုစိုက်‌ပါ့မယ်‌ JungKook သားကို သွားရှာလိုက်‌‌နော်‌ "

" ဒါဆိုလဲ ကိုပါ လိုက်‌သွားဦးမယ်‌ ‌ဆေးလဲ‌သောက်‌‌နော်‌ ကို Nurse တစ်‌‌ယောက်‌‌ခေါ်‌ပေးမယ်‌ ခန္ဓာကိုယ်‌က အားမရှိဘဲနဲ့ ဘာမှမလုပ်‌နဲ့ သတင်းထူးတာနဲ့ ကိုဖုန်းဆက်‌မှာမို့ Tae က ဒီမှာပဲ‌နေ‌နေ‌နော်‌ "

" အင်း .. "

တဖွဖွမှာကြားကာ အပြင်‌ကို ထွက်‌သွား‌သော JungKook. သားကို မြန်‌မြန်‌ရှာ‌တွေ့ပါ‌စေပဲ ဆု‌တောင်းရ‌တော့မှာ‌ပေါ့ သား‌ ‌ဘေးအန္တရာယ်‌ ကင်းပါ‌စေ ဟု ဆု‌တောင်းရုံမှ တစ်‌ပါး မတတ်‌နိုင်‌‌တော့

" မင်္ဂလာပါ "

၀တ်‌စုံ အပြာ‌ရောင်‌နှင့်‌ အခန်းတံခါးဖွင့်‌ကာ မိန်းက‌လေး တစ်‌‌ယောက်‌ ၀င်‌လာ‌လေသည်‌ ။

FaFiLy (Completed)Where stories live. Discover now