- 18 -

6.7K 728 10
                                    

Unicode

" ကျွန်​တော်​သိပါတယ်​သိတာမို့လို့ ခင်​ဗျားက ဒီတိုင်း​နေ​ပေးပါ JungKook ကိုလည်း သွားမ​ပြောပါနဲ့ "

" ခင်​ဗျားသားကိစ္စ​နော်​"

" သိတယ်​.. သားမထိခိုက်​အောင်​ကျုပ်​ဖြေရှင်းမှာမို့ ခင်​ဗျား မသိသလိုပဲ​နေ​ပေးပါ သွားပါ​တော့ နားချင်​နေပြီ "

" ဟုတ်​ပီ​လေ .. ဒါဆို ခင်​ဗျားနားလိုက်​ပါ ခွင့်​ပြုဦး "

TaeHyung​ခေါင်းငြိမ့်​ပြလိုက်​ပြီး တစ်​ဖက်​သို့ လှည့်​ကာ အိပ်​ချင်​ယောင်​ဆောင်​နေ​တော့သည်​။

ဘယ်​သူမှန်းမသိ​သော သူစိမ်း​ယောကျာ်း တစ်​ယောက်​ထွက်​သွားပြီး မကြာမီပင်​တံခါးဖွင့်​သံ ထပ်​ကြားရသည်​။

" Tae "

" မမ သားကို ရှာ​တွေ့ပြီလား "

" ဟုတ်​တယ်​Tae .. သားကို ရှာ​တွေ့ပြီ ဒါ​ပေမယ့်​Tae လိုက်​ခဲ့မှ ရမှာ "

" အခုလား သွားမယ်​လေ "

" မြန်​မြန်​သွားကြရ​အောင်​"

အ၀တ်​အစားပင်​မလဲနိုင်​အောင်​အ​လောတကြီး လိုက်​ထွက်​သွားတဲ့ Kim Tae Hyung ....

မိနစ်​20​လောက်​ကြာမှ​ဆေးရုံ​ရောက်​လာ​သော Jeon Jung Kook ....

" ကဲ​ရောက်​ပြီ ဒါ မမ အိမ်​ပဲ သားကို မမ သိပ်​ထားတယ်​"

" မြန်​မြန်​သွားမယ်​လေ "

" ခန ... "

အိမ်​ထဲဝင်​ရန်​စိုင်းပြင်း​နေ​သော TaeHyung ၏​ခြေလှမ်း​များက သူမ အသံ​အောက်​တွင်​ရပ်​တန့်​သွားရသည်​။

" အ​ပေးအယူ ရှိတယ်​"

" ဘာအ​ပေးအယူလဲ အကုန်​လက်​ခံနိုင်​ပါတယ်​သားကိုသာ ပြန်​ရရင်​"

" ဟုတ်​ပီ​လေ ..... အိမ်​ထဲဝင်​ရ​အောင်​လာ "

အ​ရှေ့က​နေ ဦး​ဆောင်​ကာ အိမ်​ထဲဝင်​သွား​သော သူမ၏​နောက်​သို့ Tae Hyung တဖြည်းဖြည်းချင်း လိုက်​ပါသွား​လေသည်​။

ချ​လောက်​***

သံကြိုးအထပ်​ထပ်​ရစ်​ပတ်​ထား​သော အခန်းတံခါးကို ဖွင့်​ပြီး​နောက်​မှာ အိပ်​ပျော်​နေ​သော သားပုံစံ​လေးက အရင်​နှစ်​ရက်​ပျောက်​သွားထဲက ၀တ်​ထားသည့်​ပုံစံ​လေးပင်​..

FaFiLy (Completed)Où les histoires vivent. Découvrez maintenant