➿Unicode Version
အခု Song Junho ဆိုသူက JungKook ၏ ကားထဲ ရောက်နေခြင်း ဖြစ်သည် ။
“ ပြောပြပါ သားနဲ့ Tae Hyung နဲ့ ဘယ်မှာလဲ ”
“ ဟုတ်ကဲ့ ပြောပြပါမယ် ဒါပေမဲ့ ကျွန်တော့်ကို တစ်ခုတော့ ကတိပေးပါ ”
“ ဘာကတိလည်း ”
“ အမှန်တိုင်း ပြောရရင် ဒီကိစ္စနဲ့ ပတ်သတ်နိုင်မဲ့သူကို ခန့်မှန်းပြီးသားလို့ ထင်ပါတယ် ”
“ ….. ”
Jungkook တိတ်ဆိတ်နေတော့ ထိုလူကပဲ စကားကို ပြန်ဆက်လာသည် ။
“ အများကြီးမတောင်းဆိုပါဘူး သူ့ကို သက်ညှာပေးပါ ”
“ ကျွန်တော့် အမျိုးသားနဲ့ သားကို ပြန်ရရင် ရပြီ ကျန်တာ ဘာမှ မလိုတာမို့ တောင်းဆိုပါတယ် မြန်မြန် ပြောပြပေးပါ ”
“ ကျွန်တော့်ကို ကတိပေးပါ ”
“ ကတိပေးတယ်ဗျာ မြန်မြန်ပြောပေးပါ Song JunHo Shi ”
“ Kim Yoon Su အိမ်မှာပါ ”
“ အခု !!!! ”
“ အခု မသွားပါနဲ့ဦး …. သူမက ခင်ဗျားယောကျ်ားနဲ့ ကလေးကို ထိခိုက်အောင် မလုပ်လောက်ပါဘူး ဘာလို့လဲဆိုတော့ သူက Kim Tae Hyung shi ကို မေတ္တာ ရှိနေတာမို့ပါ ပြီးတော့ သူမမှာ စိတ်ကစဉ့်ကလျား ဖြစ်တဲ့ ရောဂါလည်း ရှိနေတယ် သူစိတ်အေးအောင် ထားလိုက်ရအောင်လား မနက်ဖြန်လောက်ဆို ကျွန်တော်ကိုယ်တိုင် သူ့ဆီကို လိုက်ပို့ပါမယ် ”
“ ကျွန်တော် ”
“ စိတ်ချပါ အသက်အန္တရာယ်ကို ထိခိုက်စေမဲ့ ကိစ္စ ဘာတစ်ခုမှ မဖြစ်စေရဘူးဆိုတာ ကျွန်တော် အာမခံပါတယ် ဒါဆို မနက် ၇ နာရီ ခင်ဗျားတို့အိမ်ကို ကျွန်တော် ကိုယ်တိုင် လာခဲ့ပါမယ် အခုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး ”
ကျွီ~~
ပွင့်ဟလာသော တံခါးနောက်တွင် Tae Hyung မမြင်ချင်ဆုံး သူမ က အမုန်းဆုံး အပြုံးများကို ပြုံးလျက် ထမင်းဟင်းများထည့်ထားသည့် ဗန်းကလေး ကိုင်ရင်း အခန်းထဲ ဝင်လာသည် ။
ESTÁS LEYENDO
FaFiLy (Completed)
FanficOTHER- "Family=Father and Mother I Love You💚" TAEKOOK- "Fafily = Father and Father I Love You💜" 👨👨👦Both Unicode and Zawgyi Available👨👨👦 Started - 25 Sep 2018