Zawgyi>>>
မှောင်မိုက်နေသော အခန်းကျဉ်းထဲက အိပ်ယာပေါ်မှာ Chan တစ်ယောက်ထဲ သက်ပြင်းတွေချနေမိတယ်...
မိုးသည်းတဲ့ညမို့လားတော့မသိ သူကောင်းကောင်းအိပ်မပျော်နိုင်ချေ...
အေးစိမ့်နေသော ရာသီဥတုနဲ့အတူ မိုးခြိမ်းသံကျယ်ကျယ်တွေကလဲ ရံဖန်ရံခါထွက်ပေါ်လာတတ်သည်မို့ ခပ်ထူထူစောင်ကို ကိုယ်ပေါ်လွှားရင်းမှ တစ်ယောက်ထဲငြိမ်သက်နေမိတယ်...
Chan မိုးရွာတာကိုကြောက်တယ်... မိုးခြိမ်းတာကိုရောပဲ...
တစ်ယောက်ထဲရှိနေတဲ့အချိန်မို့လားမသိ ကြောက်စိတ်ကပိုဆိုးလာပြီး စောင်ကိုသာလက်နဲ့တင်းတင်းဆုပ်ထားမိသည်...
အရင်ကဆို ဒီလိုမိုးရွာရင် Omma ကကျွန်တော့်အခန်းထဲကိုလာပြီး လာဖက်ပေးထားတတ်တာ...
ကျွန်တော်ကြောက်တယ် Omma...
တစ်ယောက်ထဲဘယ်လိုနေရမှာလဲ??
မျက်ဝန်းတို့အား မှိတ်ချလိုက်သောအခါ မျက်ရည်ပူပူတို့စီးကျလာကြသည်...
လွမ်းလိုက်တာ Omma ရယ်...
"ငယ်...."
တိုးလျတဲ့ခေါ်သံနဲ့အတူ ကျွန်တော့်ခါးကို ရစ်ပတ်လာတဲ့ သန်မာသောလက်အစုံ...
နူးညံတာလားမသဲကွဲတဲ့ ညှင်သာသောထွေးပွေ့မှုနဲ့အတူ ကျွန်တော်ဟာသူ့ရဲ့ရင်ခွင်ကျယ်ထဲရောက်နေခဲ့ပြီ..."Mr.Byun..."
"အရမ်းကြောက်နေလားငယ်...ကိုယ်နောက်ကျသွားလို့တောင်းပန်ပါတယ်"
သူ...ကျွန်တော် ကြောက်နေတာကို ဘယ်လိုသိတာလဲ?
ဘယ်လိုဖြစ်ပြီး ချက်ချင်းရောက်လာနိုင်ရတာလဲ?
"ဒီတစ်ညတော့ မင်းကိုထွေးပွေ့ထားခွင့်ပြုပါငယ်...
မင်းရဲ့အကြောက်တရားတွေကနေ၊ကိုယ်ကာကွယ်ပေးပါရစေ..."Mr.Byun...ခင်ဗျားကျွန်တော့်ကို ရူးအောင်ပြုနေသလားပဲ...
နွေးထွေးတဲ့သူ့ရင်ခွင်က ကျွန်တော့်ရဲ့ကြောက်စိတ်တွေကို ဖယ်ရှားပေးပြီး လုံခြုံမှုရှိသွားသလိုခံစားလိုက်ရတယ်...

YOU ARE READING
Mr.Byun...
Fanficကိုယ့်အရိပ်တွေအောက်က လွတ်မြောက်လိမ့်မယ်လို့ ထင်နေသလားငယ်... (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee