20

6.3K 592 46
                                    

Zawgyi>>>

~ဒိုင်းး

သေနတ်သံကြောင့် သွေးဆောင့်တက်သွားသလိုပင် ခံစားလိုက်ရသည်...
Mr.Byun...
သူ့ကိုထိသွားပြီလား? ဟင်!???

"Mr.Byun...!"

စိုးရိမ်တကြီးလှမ်းခေါ်ရင်း အပြေးရောက်လာမိပေမဲ့ Mr.Byun မျက်နှာက သာမာန်အတိုင်း ရေခဲရိုက်မျက်နှာထားပင်...

သို့သော်... သူ့နှုတ်ခမ်းပါးတွေက အနည်းငယ် တုန်ရီနေတယ်...

ဘာလို့လဲ? သူထိသွားတာလား?

Chan သွေးပူကာ ဘာလုပ်လို့လုပ်ရမည်မှန်းပင်မသိတော့ချေ..

"Mr.Byun ခင်ဗျား...ထိသွားတာလားဟင်?"

သူ...Mr.Byun ခြေထောက်မှာ သွေးတွေစီးကျလို့နေတယ်...

ထို့နောက် စိုးရိမ်တကြီးမေးနေတဲ့ သူ့ထံကိုသာ ခေါင်းဆောင်ကြီးရဲ့ သေနတ်ကရောက်ရှိလာတော့သည်

Chan မျက်လုံးအစုံကို တင်းတင်းမှိတ်လိုက်မိတယ်..

သို့သော် လက်အစုံရဲ့ တင်းတင်းဆွဲမှုကြောင့် သူ့ကိုယ်ဟာအလိုလို Mr.Byun ရဲ့အနောက်ကိုရောက်သွားရသည်

မိမိအား မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်ပေးနေတဲသူ...

"Mr.Byun..."

"ငြိမ်ငြိမ်လေးနေပါငယ်... ကိုယ်မင်းကိုအဝေးကြီးထိကာကွယ်လို့မရလို့ပါ"

ခြေထောက်မှဒဏ်ရာကြောင့်
Mr.Byun အရမ်းနာနေမည်ဆိုတာသိတော့ Chan မျက်ဝန်းမှ မျက်ရည်စတို့လိမ့်ဆင်းလာရသည်...

သေနတ်မှန်ထားတဲ့ Mr.Byun ရဲ့မျက်နှာက တစ်ချက်မှပျက်မသွားသော်လဲ Chan ကတော့ရင်တွေနာရပါတယ်...

ကိုယ်ချစ်တဲ့သူက ကိုယ့်ကြောင့်ထိခိုက်တယ်တဲ့လား...

"အရှေ့ကဖယ်စမ်း Light..."

ခေါင်းဆောင်ကြီးရဲ့စကားကြောင့် Chan နှုတ်ခမ်းပါးလေးပွင့်ဟသွားသည်အထိ ထိတ်လန့်မိရပါသည်...

သို့သော် သူကြောက်သည်တော့မဟုတ်...

အခု Chan စိတ်ထဲရှိတာကိုပြောပါဆိုရင် Mr.Byun တစ်ယောက်ကိုသာ စိတ်ပူခြင်းပေမို့...

"တောင်းပန်ပါတယ် ခေါင်းဆောင်ကြီး...ကျွန်တော်ပဲအပြစ်ရှိတာမို့ ဒီကလေးကိုတော့...."

Mr.Byun...Where stories live. Discover now