13

6.2K 559 46
                                    

Zawgyi>>>

"ကြွေအိုးက...သူ့ကြောင့်မဟုတ်လား ငယ်?"

သူ့ဘေးမှာထိုင်နေတဲ့
Mr.Byun ရဲ့ အေးစက်ခြင်းအတိသော မေးခွန်းက Chan ကို အံ့သြသွားစေတယ်...

သူသိနေတာလား?

"ကိုယ့်ကိုဖုံးကွယ်ထားလို့ရတဲ့အရာရှိလို့လားငယ်"

Chan ဘာမှမပြောမိတော့ချေ...
အင်း...သူအကုန်သိနေတာပဲ... ဒါကသူ့အိမ်တော်...သူ့အလုပ်သမား...

အရာအားလုံးက သူ့ပိုင်ဆိုင်မှုတွေပဲမို့...

နောက်ပြီး Chan နဲ့ပက်သက်လာရင် အရိပ်တစ်ခု အနောက်ကလိုက်နေသလိုမျိုး အပ်ကျသည်ကအစ သူမကြွင်းမကျန်သိနေသည်ပဲ...

"သူ့ကိုအပြစ်ပေးမှာလားဟင်?"

"ငယ် ဘယ်လိုလုပ်စေချင်သလဲ?"

Mr.Byun က သူ့မျက်ဝန်းတို့ကိုစိုက်ကြည့်ရင်းမေးလာသည်...
ထိုမျက်ဝန်းတွေရဲ့ စူးရှတဲ့အကြည့်ကို သူကြာကြာမခံနိုင်ပါ...

"အပြစ်မပေးစေချင်ဘူးဆိုရင်ရော?"

"အင်း...သူ့ကိုအပြစ်မပေးရဘူးဆိုရင် တန်ရာတန်ကြေးတော့ ရှိသင့်တယ်မလား?"

Chan တွေဝေသွားမိသည်...
တန်ရာတန်ကြေး?
ဟုတ်တယ်...Mr.Byun ဆိုတဲ့သူက အပေးအယူဆိုတာကို ဘဝတစ်ခုလုံးအသုံးချနေတဲ့သူ...

ဘယ်သူ့ဆီကမှ အလကားမယူသလို ဘယ်အရာကိုမှလဲ အလကားမပေးတတ်ဘူး...

အခွင့်ရေးဆိုတာမျိုးလဲ နှစ်ခါမရှိတဲ့သူမျိုးပေါ့...

သူ့ကို အဓမ္မလက်ထပ်ထားတယ်ဆိုပေမဲ့လဲ တန်ကြေးအနေနဲ့ Sehun ရဲ့ ကျောင်းစရိတ်၊အသုံးစရိတ်၊လိုလေသေးမရှိထောက်ပံ့ထားသည်ပဲ...

အခု ထိုအလုပ်သမားလေးအတွက် တန်ရာတန်ကြေးဆိုတာဘာဖြစ်မလဲ?

အဲ့ပန်းအိုးရဲ့ တန်ကြေးဆိုတာကလဲ ကောင်လေးတစ်သက်လုံး အလုပ်လုပ်သွားပြီး ဆပ်ရင်တောင်ကြေမှာမဟုတ်...

ဒါဆိုဘယ်လိုတန်ကြေးမျိုးလဲ?

"ခင်ဗျားဘာလိုချင်တာလဲ Mr.Byun...

အဲ့ဒီတန်ကြေးကို ကျွန်တော့်ဆီကယူရင်ရော ဖြစ်နိုင်မလား?"

Mr.Byun...Where stories live. Discover now