Zawgyi>>>
"နှုတ်ထွက်မယ်?"
ခေါင်းဆောင်ကြီးသည် Light ကို အလိုမကျဟန် မျက်မှောင်ကုတ်၍ကြည့်လာသည်...
Light ကတော့ မိမိနဂိုပုံစံအတိုင်း မျက်နှာသေဖြင့်သာ...
ကျောက်ရုပ်တစ်ရုပ်လို တည်ရှိမှုမျိုး..."မင်းဘာလုပ်ဖို့ နှုတ်ထွက်ချင်ရတာလဲ Light? ဒီမှာမပြည့်စုံတာများ ရှိနေလို့လား?"
ခေါင်းဆောင်ကြီးသည် မိမိထိုင်နေသော ဆုံလည်ကုလားထိုင်ဖြင့် Light ကိုကျောခိုင်းကာ မှန်မှတဆင့်မြင်နေရသော တစ်ဖက်မှရှုခင်းကိုငေးလို့နေ၏...
Tokyo မှာ ဘယ်လိုအပြုအမူကိုလုပ်လုပ် အဖမ်းမခံရသည့် Demonic ဂိုဏ်း...
ပြီးတော့ အားလုံးကကြောက်ရွံရိုသေရတဲ့ ဂိုဏ်းခေါင်းဆောင် Light ဆိုတဲ့ ဂုဏ်ပုဒ်...သုံးမကုန်တဲ့ငွေပမာဏတွေနဲ့ လိုအပ်သည်ထက်ပိုပြည့်စုံသော ဤနေရာကိုမှ ဘာလို့စွန့်ခွာချင်ရသည်လဲ?
"နှုတ်ထွက်ပြီးရင် ဘူဆန်ကိုသွားပြီး အခြေချနေဖို့လုပ်ထားပါတယ်...
ဒီအလုပ်တွေကိုရပ်တန့်ချင်ပြီ"ဘာလို့လဲလို့ မေးလာတဲ့အခါ တစ်ခုတည်းသောအဖြေသည် ငယ်...
ငယ်ကမကြိုက်လို့...
ငယ်ကဒီလိုပြောဖူးတယ်...
မုန်းတယ်...သူရဲ့ ဒီလိုအလုပ်တွေနဲ့ ဒီနေရာကိုမုန်းတယ်တဲ့...
သွေးစွန်းနေတဲ့သူ့လက်တွေကို အပြီးတိုင်ဆေးကြောဖို့ မဖြစ်နိုင်ပေမဲ့...
ကျန်နေသေးတဲ့ ဘဝလေးကိုတော့ ငယ့်စိတ်ကြိုက်... ငယ်နဲ့အတူဖြတ်သန်းချင်တယ်...ငယ့်ကိုပျော်အောင်ထားမယ်...
သာမာန်ဘဝလေးနဲ့ အကြင်လင်မယားအဖြစ် ရိုးရှင်းစွာနေထိုင်သွားမယ်...သမာအာဇီဝအလုပ်နဲ့ ရတဲ့ငွေကိုသူရှာမယ်...
ငယ့်အတွက် ငယ်လိုချင်တာတွေဖြည့်ဆည်းပေးမယ်...ဒီလောက်ဆိုတော်ပါပြီ...
ငယ်ဆိုတဲ့ သူ့ရဲ့ကောင်လေးသာ ပျော်မယ်ဆို သူ့အတွက်က လုံလောက်လှပြီလေ...
သူ့နေရာမှာခေါင်းဆောင် K ကိုအစားထိုးလို့ရတယ်...
ငယ့်ရဲ့ညီ hun လေးကတော့ ဘူဆန်ကိုမလိုက်တော့ပါ...

YOU ARE READING
Mr.Byun...
Fanfictionကိုယ့်အရိပ်တွေအောက်က လွတ်မြောက်လိမ့်မယ်လို့ ထင်နေသလားငယ်... (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee