Zawgyi>>>
Chan ဝင်လာတာကို Baekhyun ငေးကြည့်ရင်း ကောင်လေးအနားရောက်လာတဲ့အထိ ဘာမှမပြောမိချေ...
ကုတင်နားမှာရှိနေတဲ့ ထိုင်ခုံပေါ်ထိုင်လိုက်ပြီး သူယူလာတဲ့ ဆေးဗန်းကိုချကာ ကျွန်တော့် ဒဏ်ရာကပတ်တီးကို ဖြည်နေတဲ့ငယ်...
"ငယ်..."
"အင်း..."
"ဘာလို့ဒီလိုလုပ်ပေးနေရတာလဲဟင်?"
ကျွန်တော့်အမေးကြောင့် မော့ကြည့်လာတဲ့ ငယ်က သက်ပြင်းတစ်ချက်ချသည်...
"ကိုယ့်ယောကျာ်းတစ်ယောက်လုံး ဒဏ်ရာရထားတာကို ကျွန်တော်ကပစ်ထားရမှာလား Mr.Byun..."
"ယောက်ျား?"
မှင်သက်သွားဟန်ရှိတဲ့ Mr.Byun ရဲ့မျက်နှာ...မျှော်လင့်မှုအပြည့်မျက်ဝန်းတို့ကလဲ အရည်လဲ့ကာနေသည်...
နေပါဦး...သူနဲ့ကျွန်တော် လက်ထပ်ပြီးသားဆိုတာကိုရော မေ့နေခဲ့တာလား?
"မဟုတ်ဘူးလား?ခင်ဗျားကကျွန်တော့်ရဲ့တရားဝင် ခင်ပွန်းလေ"
"အာ..ဟုတ် ဟုတ်တယ်လေ...အင်း ငယ်ပြောတာမှန်တယ်"
မှိုရသွားသလို တောက်ပနေတဲ့ ထိုလူကြီးအပြုံးက Chan ကိုပါ အပျော်တွေကူးစပ်စေသည်...
နည်းနည်းတော့ ဘဝင်မကျဖြစ်နေသေးတာကြောင့် နှုတ်ခမ်းကိုမဲ့လိုက်ပြီး Mr.Byun ကိုလှမ်းကြည့်မိတယ်...
"Mr.Byun..."
"အင်းငယ်..."
"ကျွန်တော်နဲ့လက်ထပ်ထားတာကို ခင်ဗျားမေ့နေတာတော့မဟုတ်ပါဘူးနော်"
Chan ရဲ့အလိုမကျဟန်စကားလေးကြောင့် Baekhyun အသာပြုံးမိတယ်...
ခပ်တည်တည်နေတတ်တဲ့ သူ့ရဲ့ငယ်လေးလဲ စိတ်ကောက်တတ်သည်ပဲ...
"မဟုတ်ပါဘူးကွာ...ကိုယ်က...ကိုယ့်ကိုငယ့်ခင်ပွန်းလို့မသတ်မှတ်ထားဘူးထင်ခဲ့တာ"
"ခင်ဗျားကိုခင်ပွန်းလို့မသတ်မှတ်ရင် ဒီ Phoenix အိမ်တော်မှာကျွန်တော်ရှိနေမှာမဟုတ်ဘူး Mr.Byun..."
"ငယ်??တကယ်ပြောတာလားဟင်?"
ရုတ်တရပ်လှုပ်ယွကာ ထထိုင်ရန်ကြိုးစားတဲ့ Mr.Byun ကြောင့် Chan တစ်ချက်စူးစိုက်ကြည့်ပေးလိုက်တယ်
YOU ARE READING
Mr.Byun...
Fanfictionကိုယ့်အရိပ်တွေအောက်က လွတ်မြောက်လိမ့်မယ်လို့ ထင်နေသလားငယ်... (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee