Zawgyi>>>
ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ငယ့်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိပါသည်...
မြတ်နိုးတယ်ငယ်...
မင်းမသိတဲ့ဒီလူ့ခံစားချက်တွေပါ...
မြိုသိပ်ရတာများလို့ထင်ပါရဲ့ငယ်.. ကိုယ်နှလုံးသားထဲ မင်းရှိတယ်ဆိုတာကလွဲလို့ ဘာမှသိပ်မတွေးဖြစ်တော့ဘူး...ဝဲဘက်ရင်အုံက ဆို့နစ်နစ် နာကျင်မှုကိုရောပေါ့...
"Umm Mr.Byun...Mr.."
မိမိကိုနှုတ်ဖျားမှ တတွတ်တွတ်ရေရွတ်ခေါ်ဆိုရင်း လွတ်ထွက်သွားမှာစိုးရိမ်သည့်အလား အားကိုးတကြီး ဖက်တွယ်ထားသည့်ကလေးငယ်...
မင်းရဲ့အိပ်မက်ဆိုးတွေထဲက ကယ်တင်ရှင်က ကိုယ်ဖြစ်ခွင့်ရတာသိပ်ပျော်တယ်ငယ်...
ကိုယ်ကအိပ်မက်တွေထဲမှာတောင် မင်းကိုကာကွယ်ပေးချင်နေခဲ့တာပါ...
ကလေးငယ်ရဲ့ အိပ်မက်ဆိုး ပျောက်ကွယ်သွားစေရန် နဖူးပြင်လေးကို ခပ်ဖွဖွနမ်းရှုံ့ကာ ဆံနွယ်လေးတွေကိုသပ်တင်ပေးတော့ ငြိမ်သက်သွားလေရဲ့...
အချိန်အားဖြင့် ည၂ နာရီ...
တစ်ညလုံးမအိပ်ပဲ အရိပ်တကြည့်ကြည့်နေမိပေမဲ့ ဒီမျက်နှာလေးကိုငေးရသည်ပင် ရိုးသွားသည်မရှိခဲ့ချေ...
ကိုယ်ကဒီထက်တောင်ပိုပြီး တန်ဖိုးထားတာပါ ငယ်...
*****************************
"Mr.Byun..."
အပေါ်ထပ်အင်္ကျီကို ကြယ်သီးတပ်နေသော မိမိအားခေါ်လာတဲ့ ကလေးငယ်...
မျက်နှာသစ်ပြီးကာစမို့ ဆံသားအချို့က ရေစက်တို့တွဲချောင်းခိုကျနေကြသည်...
မျက်ဝန်း...ငယ့်ရဲ့မျက်ဝန်းလေးတွေက သူမတူပဲ တလက်လက်တောက်ပလို့နေတယ်...
တစ်ခုခုကိုတောင်းဆိုချင်သည့်အလား..."ခင်ဗျား...သူ့ကိုလက်ထပ်မှာလား Mr.Byun..."
မိမိရဲ့နက်ခ်တိုင်ကို ပြန်ပြင်ပေးရင် အေးစက်စက် မျက်နှာထားဖြင့် ပြောလာတဲ့ငယ့်အသံဟာ အနည်းငယ်တုန်ယင်နေမှန်းသိသာပါသည်...
နီးကပ်လွန်းတဲ့အနေအထားကြောင့် ခင်ပွန်းဖြစ်သူအလုပ်မသွားခင် ပြင်ပေးနေသည့်အလား ကိုယ်ဟာငယ့်အပိုင်ဖြစ်ကြောင်း ဖော်ပြလို့နေလေရဲ့...

YOU ARE READING
Mr.Byun...
Fiksi Penggemarကိုယ့်အရိပ်တွေအောက်က လွတ်မြောက်လိမ့်မယ်လို့ ထင်နေသလားငယ်... (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee