Zawgyi>>>
Chan ကုတင်ပေါ်ဒူးပိုက်ထိုင်ရင်း တစ်ယောက်ထဲ သက်ပြင်းတွေချနေမိတယ်...
မနက်ထဲကထွက်သွားတဲ့ Mr.Byun က အခုထိပြန်မလာသေး...
ည ၉နာရီကျော်နေပြီ...
အခန်းထဲဝင်မလာသေးပါ...အခုချိန် ဘယ်သူနဲ့အတူရှိနေတာလဲ?
အခြားတစ်နေရာကို သွားအိပ်မှာလား?
သူ့ဆီမလာတော့ဘူးပေါ့နော်?လူဆိုတဲ့အမျိုးကလဲခက်သည်...
အနားမှာ လိုလေသေးမရှိဖြည့်ဆည်းရင်း ကပ်တွယ်နေတုန်းကတော့ စိတ်ရှုပ်စရာအဖြစ်သတ်မှတ်ခဲ့သော်လဲ တကယ်တမ်းအနားမှာမရှိတဲ့အခါမှ မနေတတ်ဖြစ်နေရပြီ...
ဆုံးရှုံးရမှာကြောက်တယ်...
ဥပေက္ခာပြုတတ်တဲ့ ဒီလူကိုပစ်ပြီး အခြားတစ်ယောက်နောက်ပါသွားမှာကြောက်တယ်...
ဒီလူဟာ ခင်ဗျားရဲ့ ဂရုစိုက်မှုတွေထဲ အကျယ်ချုပ်ကျနေပြီမို့လေ...
~ဒေါက် ဒေါက် ဒေါက်
ဒေါက်ဖိနပ် ခပ်မြင့်မြင့်စီးကာ လျှောက်လာတဲ့အသံမျိုးက သူ့အခန်းရှေ့သို့ ရောက်လာသည်...
တံခါးကိုဆွဲဖွင့်ကာ ဝင်လာတဲ့ အမျိုးသမီးတစ်ဦးက ဘာကိုမှ ဂရုမစိုက်သည့်အလား...
Chan ကြောင်ကြည့်နေပေမဲ့ သူမကတော့ သူ့ကိုအလေးမထားချေ တစ်ခန်းလုံးပတ်ကြည့်နေရင်း အခန်းအလည်မှာချိတ်ဆွဲထားတဲ့ သူနဲ့ Mr.Byun မင်္ဂလာဆောင်ဓာတ်ပုံကိုမြင်မှ ဟက်ခနဲတစ်ချက်ရီတယ်...
"လက်ထပ်ပြီးပြီကိုး..."
"ခင်ဗျားဘယ်သူလဲ?"
သူမေးလိုက်ခါမှ လူကိုရှိတယ်လို့ သဘောထားပြီး အဖက်လှည့်လုပ်တော့တယ်...
သူမပုံစံကိုကြည့်ရတာ သာမန်တော့မဟုတ်...
တစ်ကိုယ်လုံး brand တွေချည်း ဝတ်ဆင်ထားကာ ကိုယ်မှာအစဉ်တကျခြယ်လှယ်ထားတဲ့ လက်ဝတ်ရတနာတွေကပင် မျက်စိကျိန်းစရာ...
ဒေါက်အမြင့် အနီရဲရဲ...
အသားကပ်အဝတ်အစားတွေကြောင့် အထင်အရှားပေါ်နေတဲ့ သူမရဲ့ခန္တာကိုယ်...နီရဲရဲနှုတ်ခမ်းနီခြယ်ထားသော နှုတ်ခမ်းပါး...
အရာအားလုံးက မျက်လုံးထဲ ထောင့်ကျိုးစရာမရှိလှ...
YOU ARE READING
Mr.Byun...
Fanfictionကိုယ့်အရိပ်တွေအောက်က လွတ်မြောက်လိမ့်မယ်လို့ ထင်နေသလားငယ်... (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee