#U
မျက်တောင်တစ်ချက်မခတ်ဘဲ ငေးကြည့်နေမိတာ
အသက်ရှူဖို့တောင် မေ့နေမိတာ
တစ်သက်လုံးစာဒီအခိုက်အတန့်လေးကို
နှလုံးသားထဲမှာ စွဲမြဲသွားခဲ့မိတာPiano ခလုတ်လေးတွေပေါ်မှာ ကျွမ်းကျင်စွာ
လှုပ်ရှားနေသော ဖြူသွယ်သွယ်လက်တစ်စုံ
ထိုလက်တွေကစေလိုက်သော
သာယာတဲ့ တေးသံ......
စူးရှတဲ့မျက်ဝန်းနက်တစ်စုံကိုတော့
မမြင်ရ မျက်ဝန်းတို့ကိုဖိကပ်မှိတ်ထားကာ
ပတ်ဝန်းကျင်ကိုမေ့ထားပြီး
ဂီတတွင်သာ နစ်မြောနေဟန်တူသော
Crown Prince Yoongiသူ့ကိုငေးကာကြည့်ရင်း
ကိုယ်တိုင်တောင်မသိလိုက်ပဲ ပြုံးနေမိသူကတော့
Royal Prince Jiminလှပသောပန်းခင်းလေးရယ်
ပန်းရနံ့တို့နှင့်သင်းပျံ့နေကာ
စိမ်းစိုအေးချမ်းနေတဲ့ ပတ်ဝန်းကျင်တစ်ခွင်ရယ်
Pianoအနားတွင်အတူရှိနေသော
ကောင်လေးနှစ်ယောက်ရယ်နှင့်ပုံဖော်ထားတဲ့
လှပပြီးချစ်စရာကောင်းတဲ့မြင်ကွင်းလေးကို
ညင်ညင်သာသာတိုက်ခတ်နေသော လေပြေညင်း
ကတော့ကြည်နူးစွာပြုံးကြည့်နေခဲ့တယ်
တေးသံဆုံးသွားတော့မှပဲ
တစ်ချက်ဝေ့လည် တိုက်ခတ်ကာ
နှုတ်ဆက်ထွက်ခွာသွားတော့တယ်သီချင်းတစ်ပုဒ်ပြီးတော့မှတီးတာရပ်လိုက်ပြီး
မျက်လုံးတို့ပြန်ဖွင့်လိုက်တော့
အနားတွင်ရပ်နေသော
လူရိပ်ကြောင့် မျက်ခုံးနက်နက်တို့က
အလိုမကျသည်ကို အတိအကျဖော်ပြကာ
တွန့်ချိုး သွားပြီး မော့ကြည့်လိုက်သည့်Yoongi
Jiminပါလား...**မင်းဘယ်လိုလုပ်ရောက်နေပြန်တာလဲ**
**ကျွန်တော်pianoသံနားထောင်ရင်းရောက်လာတာပါ**
**ကျစ် အနှောင့်အယှက်တွေ မကြိုက်လို့
ဘယ်သူမှတောင်မဝင်ခိုင်းထားတာ
ဘာလာရှုပ်ပြန်ပြီလဲ****မနှောင့်ယှက်ပါဘူး Hyungရဲ့
ငြိမ်ငြိမ်လေးပဲရပ်ပြီးနားထောင်နေတာပါ
Hyung တီးတာအရမ်းတော်တာပဲ
နားထောင်လို့ကောင်းတာအရမ်းပဲ
ငယ်ငယ်လေးထဲကတီးတတ်တာလားဟင်****အင်း ငါ့ရဲ့ First Love ကPianoလေ
ထားပါအဲ့ဒါတွေ ငါတစ်ယောက်ထဲအေးဆေးနေချင်တယ်
တစ်ခြားသူတွေဒီနေရာ လာတာ ငါမကြိုက်ဘူး
ပြန်တော့**
YOU ARE READING
My Dear Crown Prince [ YM ] ✅
FanfictionMay be I can get the heart of Cold Prince ?