My Dear Crown Prince 👑14👑

2.9K 379 27
                                    

**Jimin အဆငျသငျ့ဖွဈပွီလား
ဒီနေ့ပြန်မယ်ပြောထားတယ်နော် ခဏနေစထွက်မယ်**

**ဒီနေ့မသွားလို့မရဘူးလား**

**ဘာလို့မလိုက်ချင်ဖြစ်နေရတာလဲကွာ
ကိုယ့်ဆီရောက်ရင် မင်းကို အနိုင်ကျင့်မှာဆိုးလို့လား
မင်းရဲ့ဘိုးတော်လည်းလိုက်ခိုင်းထားတာလေ**

**မဟုတ်ပါဘူး နေမကောင်းချင်သလိုဖြစ်နေတာ အဲ့တာ**

** ဟင် **

အနားတိုးပြီး နဖူးကိုစမ်းကြည့်တော့
နွေးနွေးလေးဖြစ်နေတာ
ဟုတ်တယ် ဖျားချင်နေသလိုဖြစ်နေတယ်ထင်တယ်
ဒီအတိုင်းဆိုရင်တော့ မဖြစ်။

**ဆေးရောသောက်ထားသေးလား**

**သောက်ထားတယ်**

**အင်း နေမကောင်းချင်ဖြစ်နေတာ ခရီးပန်းရင်ဖျားသွားလိမ့်မယ်
ကားနဲ့မပြန်တော့ဘူး လေယာဉ် နဲ့ပဲပြန်တာပေါ့
လေယာဉ် နဲ့ဆို ခဏလေးနဲ့ရောက်သွားမှာ
ခဏလေးကိုယ်သွားစီစဉ်လိုက်ဦးမယ်
ခု ခဏအိပ်နေလိုက်နော် မဟုတ်သေးဘူး အိပ်နေရင် ပိုဖျားသွားမလား
ထိုင်နေလိုက်နော် မဟုတ်သေးဘူး ထိုင်နေရင်
ပင်ပန်းပြီးခေါင်းကိုက်သွားမလား**

**တော်ပြီ Hyung ရေ
မအိပ်ပဲလှဲနေလိုက်မယ်ဟုတ်ပြီလား
သွားမှာဖြင့်သွားတော့**

**ခဏလေးပဲ ပြန်လာခဲ့မှာ**

ပြောပြီးပြီးချင်းပဲ မြန်မြန်ထွက်သွားသည်။

**Jimin..  Jiminnah..
ခဏလေးထဦးနော်ကလေးလေး **

နားထဲတွင်အသံသဲ့သဲ့ကြားမိတယ်
ဒါပေမဲ့ မျက်လုံးကဖွင့်လို့မရ
မျက်ခွံတွေကလေးလံနေတာပဲ သူအတင်းဖွင့်ကြည့်တော့မှ
ရှေ့မှာ Yoongi hyungရဲ့မျက်နှာကိုနီးနီးလေးတွေ့နေရတာ
Hyung ကလေ အရမ်း ချောတာပဲ
အဲ့နှုတ်ခမ်းပါးရဲရဲလေးတွေကို.....

**Jiminနိုးပြီလား ခဏလေးအပြင်ကို ထကြည့်ဦး**

**ဟင်.. Hyung ခုဘယ်ရောက်နေတာလဲ**

My Dear Crown Prince [ YM ] ✅Where stories live. Discover now