Yoongiတို့ဆီသို့နှစ်ပတ်ခန့်အကြာတွင် စာတစ်စောင်ရောက်လာခဲ့သည်။
Yoongi မယ်တော်ဆီမှဖြစ်ပြီး
သူနှင့် Jiminကိုသဘောတူလိုက်ပြီဖြစ်သောကြောင့်အမြန်ပြန်လာခဲ့ရန်
အကြောင်းကြာစာဖြစ်လေသည်။
သူတို့နှစ်ဦးလုံးဝမ်းသာခဲ့ကြပြီး
နောက်တစ်ရက်တွင်တော့ နန်းတော်သို့ပြန်လာခဲ့ကြသည်။
ပြောင်းလဲသွားသောအခြေအနေကYoongi အတွက်အရမ်းများလွန်းနေခဲ့သလို
အရယ်အပြုံးမရှိအေးစက်စက်နေတတ်သော ခမည်းတော်က
မယ်တော်နဲ့အတူ သူတို့ကိုကြိုဆိုရင်းပြုံးနေခဲ့တယ်။🎉🎉🎉🎊🎊🎈🎈
Agust Kingdomရဲ့နေ့ထူးနေ့မြတ်,
Agust ပြည်ကိုYoongi ရဲ့ဘိုးဘေးတွေကစတင်ပြီး တည်ထောင်ခဲ့သောနေ့ဖြစ်သည်။
နှစ်တိုင်း ဒီနေ့ရောက်လျှင် တစ်တိုင်းပြည်လုံးပျော်ပွဲရွှင်ပွဲလုပ်လေ့ရှိသည်။
နန်းတော်တွင်လည်း ပွဲလုပ်ပြီး နန်းတော်ဂိတ်တံခါးကို ဖွင့်ထားကာ
ပြည်သူတွေအားလုံး မည်သူမဆို နန်းတော်ထဲသို့ဝင်ကာ
ပွဲကိုဆင်နွှဲနိုင်သည်။
ပြည်သူအားလုံးကို တော်ဝင်မိသားစုကဖိတ်ကြားထားပြီး
ပြည်သူများကလည်းပျော်ရွှင်စွာလာကြသည်။တက်ကြွနေသောကပွဲခန်းမ,
အားလုံး၏အကြည့်အာရုံများက
လှေကားထစ်များပေါ်မှ ထည်ဝါစွာဆင်းလာသော
ရွှေရောင်သရဖူဝတ်ဆင်ပြီးတောက်ပခန့်ညားနေသော Crown Prince Yoongi ဆီသို့.
သူတစ်လှမ်းချင်းဆင်းလာရင်း ဦးတည်လိုက်သည်က
အစောပိုင်းကTaehyung၏အတင်းတွန်းပို့မှုကြောင့်
ခန်းမအလယ်တွင်ရောက်နေသောJimin ဆီသို့ဖြစ်သည်။Jimin၏အနီးသို့သူလျှောက်လာချိန်တွင်
ပျံ ့လွင့်နေသော pianoတီးလုံးသံက
သူတို့တိုင်းပြည်၏ရိုးရာမင်္ဂလာဆောင်သီချင်းသံဖြစ်သည်။Jiminအနားကို Prince Yoongi
ရောက်သွားချိန်တွင်တော့ တီးလုံးသံသည်တိခနဲရပ်သွားပြီးဖြစ်သောကောင့် Jimin၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ရင်း
လက်လေးကိုဆွဲယူကာ သူပြောလိုက်သောစကားကို
ခန်းမထဲရှိလူတိုင်းကြားနိုင်ခဲ့သည်။**Jiminine ကိုယ့်ရဲ့ထာဝရအချစ်ဆုံးချစ်သူ
ကိုယ့်နှလုံးသားရဲ့အရှင်သခင်ရာထူးကိုသိမ်းပိုက်ပြီး
မင်းရဲ့တစ်သက်တာလုံးကို
ကိုယ့်နှလုံးသားကိုအုပ်ချုပ်ရင်းနေသွားပေးမလား**