ဂုဏ် ယူဝင့်ကြွားသည့်ဟန်အပြည့်နှင့်
မေးနေသည့်ကောင်လေး...
လှတယ်မလားတဲ့
လှတာပေါ့ ရှေ့ကမြင်နေရတဲ့ရေတံခွန်ကလှပေမယ့်
နှုတ်ခမ်းလေးဆူဆူနှင့် ရေတံခွန်အကြောင်းရှင်းပြနေသည့် ကောင်လေးက
ပိုလှတယ်။
လူကြီးပုံနှင့် သူ့တိုင်းပြည်ကဘယ်လောက်လှကြောင်းရှင်းပြနေသည့်ကလေးလေး
သူသဘောကျသည့် နေရာတွေအကြောင်းပြောရင်တော့
မျက်ဝန်းလေးတွေကတောက်ပလို့
ကလေးလို့ပြောစရာကိုမလိုတာ ကစားကွင်းကသူအကြိုက်ဆုံးနေရာ
သူများများသွားလေ့ရှိတာက စားကောင်းတဲ့မုန့်ဆိုင်တွေပါတဲ့အတွေးကိုရပ်ပြီး အရှေ့ကပန်းချီကားကိုပြန်ကြည့်တော့
သူလေးက ရေစပ်စပ်နေရာလေးမှာထိုင်ပြီးဆော့နေတာ
ဖြူစင်လွန်းတဲ့ကလေးလေးပါ။**Jimin ကိုယ်တို့ စကားလေးခဏလောက်ပြောရအောင်**
**ဘာပြောစရာရှိလို့လဲ**
လှည့်တောင်မကြည့်ဘဲအေးစက်စက် ပြန်မေးသောကောင်လေး
**ကိုယ့်ကိုရောက်စကမေးတယ်လေ
ဘာလို့လာတာလဲလို့****အင်း**
**အဲ့တာကိုယ်မဖြေရသေးဘဲ Jimin ကလှည့်ထွက်သွားတာလေ**
**အဲ့တော့**
**ကိုယ့်ကိုအဲ့မေးခွန်းလေးပြန်မေးပါလား**
**ဘာလို့လဲ**
**မေးပါကွာ**
**မေးချင်ပါဘူး **
ဘာကိုရည်ရွယ်ပြီးဒီလိုတွေလုပ်နေလဲ
ကျွန်တော်တစ်ကယ်မသိတော့ဘူး
ဘာလို့ ကျွန်တော့်နှလုံးသားကို မျှော်လင့်ချက်တွေနဲ့
လာလှုပ်နိုးနေရတာလဲသူ့အပြုံးတွေလိုချင်ခဲ့တုန်းက
တွန့်တိုခဲ့တဲ့သူက
မနက်စောစောစီးစီးကို
အခန်းရှေ့တံခါးလာခေါက်ပြီး ပြုံးပြနေလေရဲ့
အိပ်မက်မက်နေတယ်တောင်ထင်ခဲ့တာ
အပြုံးလှလှလေးပေးရင်း သာယာတဲ့မနက်ခင်းလေးပါကလေးလေး
လို့သူ့အသံကြားလိုက်တော့မှ အိပ်မက်မဟုတ်မှန်းသိတာ
ဘာတဲ့ ကလေးလေးတဲ့ ဘယ်လိုတွေလာပြုစားနေရတာလဲ သူရယ်
သူ့ကိုယ်သူလဲ ကိုယ် လို့ပြောနေတာ စရောက်ထဲကပဲ
သတိထားမိတာပေါ့ အရင်ကဆို မင်းငါနဲ့ ပြောတဲ့သူက
နူးညံ့စွာလည်း ပြောနေတတ်တာ
အခုလည်း ရေတံခွန်လိုက်ပြပေမယ့်
ရေတံခွန်ကိုတစ်ချက်မှမကြည့်ဘဲ လူကိုပဲ စိုက်ကြည့်နေတာကြောင့်
ရေကစားချင်ယောင်ဆောင်ပြီး သူ့ကိုကျောပေးထားရတာ
အလိုက်မသိတဲ့ နှလုံးသားကလည်း
ငြိမ်ငြိမ်မနေဘဲ ရင်ခုန်စိတ်လှုပ်ရှားကြောင်း
တဒုတ်ဒုတ်နဲ့ အချက်ပေး နေပြန်တယ်
ဘယ်လောက်နာကျင်ရနာကျင်ရ အမှတ်မရှိရှာဘူး
YOU ARE READING
My Dear Crown Prince [ YM ] ✅
FanfictionMay be I can get the heart of Cold Prince ?