My Dear Crown Prince👑6👑

3K 412 8
                                    

#U

မနက်စာအတူစားနေသော Jimin နှင့် Taehyung..

**Taehyung ငါမေးစရာရှိလို့
မင်းကိုယ်ရေးအရာရှိ JK နဲ့တွေ့မိသေးလား
ငါသူနဲ့တွေ့ချင်တာမတွေ့ဖြစ်လို့**

**သူခရီးထွက်သွားတယ်လေ
မင်းမသိဘူးလား
မနက်ဖြန်ပြန်ရောက်မယ်ထင်တယ်**

**ဟုတ်လားငါမသိဘူး ဒါကြောင့်
ခုတလော မမြင်မိတာကိုး**

**မင်းကမသိဘူးလေ
တစ်ချိန်လုံး Prince Yoongi နဲ့အလုပ်များနေတာလေ
ဟိုနေ့ကလည်း သူ့ရဲ့ဥယျာဉ်ထဲက
နှစ်ယောက်လုံး မျက်နှာ နီရဲပြီးထွက်လာတယ်ဆို**

**ဘာလဲအဲ့တာက ဒီတိုင်း
အဲ့ညကစကားပြောရင်းနဲ့အိပ်ပျော်သွားမိလို့
မနက်ကျအေးလို့ပါအေးလို့ မျက်နှာနီနေတာ**

**ဟုတ်ရဲ့လား ကွာ**

မချိုမချဉ်မျက်နှာပေးနှင့်မေးနေသောTaehyung စုတ်
ရှက်ပါတယ်ဆို
အဲ့နေ့မနက်ကလဲ နိုးလာတော့
နှစ်ယောက်လုံးဘာမှကိုမပြောဖြစ်ပဲ
ပြန်ထွက်လာခဲ့တာ
သူကလည်းဘာမှမပြော
ကျွန်တော်ကလည်းရှက်လို့ဘာမှမပြောရဲတာနဲ့
အဲ့နေ့အဖြစ်အပျက်လေးက
ဒီအတိုင်းမသိသလိုဟန်ဆောင်ရင်းအဆုံးသတ်သွားတာပေါ့
ဒါပေမဲ့ မေ့နိုင်မလားလေ
အချစ်ကိုတွေ့ရှိခဲ့တဲ့ညလေးကို..........
သူရော ဘယ်လိုနေမလဲ.......

**တော်ပြီ ငါစားပြီးပြီ ငါတို့အပြင်ထွက်မလည်တာကြာပြီ
နောက်နေ့သွားရအောင်**

**အေးအေး ငါလဲညဈေးကမုန့်စားချင်နေတာ**

အစားအသောက်ပဲအမြဲတွေးနေတဲ့ကောင်
သူပဲအေးချမ်းတယ်
ဘာမှတွေးပူစရာမရှိဘူး

ကျွန်တော်ကတော့တွေးနေရတယ်လေ
သူ့အပေါ်ထားတဲ့ ကျွန်တော့်အချစ်ကသေချာပေမယ့်
သူကရော...
လက်ခံပါ့မလား
သူ့ရဲ့ခံစားချက်ကရော...
ပြီးတော့ စိုးရိမ်ရတာလည်းရှိသေးတယ်လေ
သူရောကျွန်တော်ရောက
ယောကျ်ားလေးတွေမို့ ဟင်း......
မသိဘူး သူကယောကျာ်းလေးအချင်းချင်း
လက်ခံတဲ့သူလား
လက်မခံဘူးလား
အရင်ကကန့်ကွက်ခဲ့တာပြင်းထန်ခဲ့ပေမယ့်
ခုတော့အဲ့လိုမဟုတ်တော့ဘဲ
ယောကျ်ား လေးစုံတွဲတွေလဲအများကြီးရှိလာပြီး
လူတွေရဲ့အမြင်ကလည်းပြောင်းလဲလာတာမို့လို့
မျှော်လင့်လို့ရကောင်းပါရဲ့
Yoongi hyungကလည်း
လက်ခံတဲ့လူတွေထဲမှာပါဖို့
Jiminရယ်မင်းလည်းဘယ်လိုဖြစ်ပြီးသူ့ကို..
တွေ့တာတောင်တစ်လမပြည့်သေးတာ
ဒီလောက်ထိစွဲနေအောင်ချစ်မိသွားရလား

My Dear Crown Prince [ YM ] ✅Where stories live. Discover now