👑 Epilogue 👑

4.5K 463 35
                                    

ညီလာခံခန်းမကနေပြန်လာခဲ့ပြီး
အိပ်ခန်းထဲရောက်တော့ Jiminရှိမနေသောကြောင့်
Yoongi ၏မျက်ခုံးတို့အလိုမကျတွန့်ချိုးသွားရသည်။
Jiminကတော့ လေ
ဘယ်ရောက်သွားပြန်လဲမသိ။

အခန်းပြင်ထွက်ပြီး အစာင့်တစ်ယောက်ကိုမေးကြည့်တော့မှ
စာကြည့်တိုက်ကိုသွားတာတွေ့တယ်တဲ့။

စာကြည့်တိုက်ကိုသူလိုက်သွားတော့
စာအုပ်ပုံကြားတွင်ရောက်နေသော
ကလေးလေး
စာအုပ်ထူထူတွေအထပ်လိုက်ကြားထဲမှာပျောက်နေတဲ့
ကောင်လေးအနားဆီလျှောက်သွားတော့အနီးမရောက်ခင်
မော့ကြည့်ပြီးပြုံးပြတော့ သူလေးထိုင်နေတဲ့
ခပ်မှောင်မှောင်ချောင်ကျကျနေရာလေးက လင်းလက်သွားသလို..

**Jiminine ကိုယ်လိုက်ရှာနေရတာမောတယ်ကွာ**

**Hyung ကျွန်တော်စာလေးခဏလာဖတ်နေတာပြန်လာမှာပေါ့လို့
ဘာလို့လိုက်ရှာလဲ**

**တွေ့ချင်လို့ပေါ့ကွာ**

Yoongiပြောနေရင်းပါးဖောင်းဖြူဖြူလေးတွေက
သိပ်ကိုချစ်စရာကောင်းနေတာကြောင့် စိတ်မထိန်းနိုင်ဘဲ
ဖွဖွလေးလိုက်နမ်းမိတော့
အသံသေးသေးထွက်လာသည်။

**အာ မလုပ်နဲ့လေ လူတွေနဲ့ကို ဘာလို့အတင်းနမ်းနေတာလဲ**

**ဘယ်သူမှမရှိဘူး
လူနှစ်ယောက်ရယ် စာကြည့်တိုက်မှုးရယ်ပဲ ရှိတာကိုကွာ
ဒါနဲ့ ဘာစာအုပ်တွေဖတ်နေတာလဲ ကလေးရဲ့**

**Agust ပြည် ရဲ့သမိုင်းအကြောင်းလေ
ဟိုးအရင်ကနေအခုချိန်ထိအကြောင်းတွေလေ
အခု ကျွန်တော်ကAgustရဲ့မင်းသားတစ်ပါးဖြစ်နေပြီလေ
အဲ့တော့သိထားသင့်တာတွေ လေ့လာနေတာ
Hyungရဲ့ ကြင်ရာတော်ကောင်းတစ်ယောက်ဖြစ်ချင်လို့လေ**

ဘယ်လောက်တောင်ချစ်စရာကောင်းပြီး
လိမ္မာ တဲ့ သူလေးလဲ ကွာ
တစ်နေ့တစ်နေ့အချစ်တွေတိုးအောင်လုပ်နေတာပဲမင်းကတော့..
နတ်သားလေးလို သဘောဖြူ ကြင်နာတတ်တဲ့
ကိုယ့်အတွက်တင်ပြည့်စုံတဲ့ပါရမီဖြည့်ဘက်မဟုတ်ဘူး
ပြည်သူတွေအတွက်ကောင်းမွန်တဲ့ တိုင်းပြည်မိခင်ဖြစ်မှာပါ။
အင်းပေါ့ ကိုယ်ကတိုင်းပြည်ဖခင်ဖြစ်လာမှာဆိုတာ့
ကိုယ့်မင်းသားလေးကတိုင်းြ့ပည်မိခင်ဖြစ်လာ မှာပေါ့. ..

My Dear Crown Prince [ YM ] ✅Where stories live. Discover now