MY Dear Crown Prince👑9👑

2.8K 397 12
                                    


#U

အချစ်ဆိုတာတစ်ကယ်ပဲလူကိုရူးသွပ်စေတာလားတော့မသိ
အဓိပ္ပာယ် မရှိတာ Jimin ရာ အရူးလား
သူက လက်မခံဘူးဆိုတာနဲ့ပဲ
မင်းဒီအတိုင်းလက်လျှော့လိုက်မှာလား
မင်းခံစားချက်တွေကိုမြိုသိပ်ပြီး
တစ်သက်လုံးပဲသိမ်းထားပြီးနေနိုင်လို့လား
ဆိုတဲ့ Taehyungစကားတွေကိုပြန်ကြားမိပေမယ့်
သူ့ရဲ့စိတ်ထဲမှာတွေးနေမိတာကတော့

ကြိုးစားရင်ဖြစ်တာပဲ
ငါအဆင်ပြေဖို့တစ်ကယ်ကြိုးစားမယ်

Jiminနန်းတော်ထဲကလူတွေအကုန်တော့နှုတ်ဆက်ပြီးပြီ
ကျန်တာက မယ်တော်ရယ်
Hyung ရယ်ပေါ့
Hyung က အခုမရှိဘူး တစ်ခြားနိုင်ငံကို
အလုပ်ကိစ္စ နဲ့ ခရီးထွက်သွားတယ်
အဆင်ပြေတာပေါ့
သူ့ကိုနှုတ်ဆက်တဲအခါ ဝမ်းနည်းနေတာတွေ နာကျင်နေတာတွေ
ဟန်ဆောင်ဖုံးကွယ်ပြီးမနှုတ်ဆက်ရတော့သလို....
သူ့ဆီကအေးစက်စက်တုန့်ပြန်ခံရတဲ့အခါ ရဦးမယ့် နာကျင်မှုတွေလည်း... လျော့သွားနိုင်တာပဲ

နန်းတော်ရဲ့မနက်ခင်းကတော့ အရင်လိုပဲလှပနေဆဲပေါ့
အရင်လိုစကားအများကြီးမပြောတော့ဘဲ
ငြိမ်နေသော Jiminကို မိဖုရားကအကဲခတ်မိတယ်။

**သားလေးနေမကောင်းလို့လား**

**မဟုတ်ပါဘူး မယ်တော် သားကလေ
သားပြန်တော့မှာမို့ နောက်နေ့တွေကျ
လမ်းလျှောက်လည်းအတူလိုက်မပေးနိုင်တော့ဘူး**

**အော် သားလေးတောင်ပြန်တော့မှာကို
မယ်တော်တော့လွမ်းနေတော့မှာပဲ
ဘယ်နေ့ပြန်မှာလဲ သား**

**မနက်ဖြန်ပါ..**

**ဒီ‌လောက်တောင် မြန်တာလား **

**ဟုတ်ကဲ့**

**အေးကွယ် သားYoongi နဲ့တောင်မနှုတ်ဆက်ခဲ့ရဘူးလား**

**ဟုတ်ကဲ့ Hyung ကပြန်မလာသေးဘူးတဲ့**

**နောက်လည်းအားရင်လာလည်နော်သားလေး**

ဟုတ်ကဲ့ လို့ပြောမထွက်
မလိမ်ချင်တာကြောင့် ခပ်ဖျော့ဖျော့လေးသာပြုံးပြမိသည်။

လာနိုင်မယ်မထင်ဘူး မယ်တော်
ကျွန်တော့်နှလုံးသားလေးက တားတယ်
သူထပ်ပြီးမနာကျင်ချင်ဘူးတဲ့။

My Dear Crown Prince [ YM ] ✅Where stories live. Discover now