My Dear Crown Prince 👑17👑

2.7K 363 5
                                    

Agust Kingdomရဲ့သာယာသောမနက်ခင်း,

Jiminတစ်ယောက် ပြန်ရောက်နေပြီဖြစ်သောကြောင့်
Prince Yoongi ၏မျက်နှာတွင်
ပျော်ရွှင်မှုအရိပ်အယောင်တွေပြည့်နှက်နေသည်မှာ
အတိုင်းသားပေါ်လွင်လျက်။

အရင်ကနှင့်မတူတော့ဘဲပြောင်းလဲလာသော
Crown Prince Yoongiကို
နန်းတော်တစ်ခုလုံးကလူတွေလည်းအထူးတဆန်းဖြစ်နေကြသည်။
အရင်ကသူတို့နှုတ်ဆက်အရိုအသေပေးလျှင်တောင်
တစ်ချက်မှဂရုမစိုက် တတ်သောမင်းသားလေးက
ပြန်နှုတ်ဆက်တတ်တာတွေရှိလာတာကြောင့်
ဒါကအသေးအဖွဲပင်
ညီလာခံတို့အစည်းအဝေးတို့ဆိုလျှင်လည်း
တင်ပြရမည့်သူတွေကြောက်အောင်
မျက်နှာကြီးတင်းပြီးထိုင်မနေတော့
စိတ်တိုင်းမကျတာတွေ့လျှင်လည်း
အရင်ကလောက် အော်ပြီးဒေါသမထွက်တတ်တော့
သို့ပေမဲ့ မှူးမတ်တွေကတော့
ကြောက်စရာတော့ကောင်းတုန်းပါပဲတဲ့

အရင်ကကြောက်ဖို့ကောင်းအောင်ပဲအေးစက်စက်နေခဲ့တာကြောင့်
ကြောက်နေတဲ့သူတွေလည်း ပြောလာကြတာက
ခုလိုလေးနေရင်လည်းကောင်းတာကိုတဲ့
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့အရှင်သခင်မင်းသားလေးကိုချစ်ပြီးသားဆိုပေမယ့်
အေးစက်စက် နေတတ်လို့ မရင်းနှီးသလိုခံစားကြပြီးကြောက်တဲ့စိတ်တွေ ပိုများခဲ့ကြပေမယ့်
ပြောင်းလဲလာတဲ့ မင်းသားလေးကိုတော့
ချစ်လာကြတယ်
ကြောက်လို့အမိန့်နာခံရတာထက်
ချစ်လို့သစ္စာရှိတာကပိုကောင်းတာတော့ အမှန်တရားတစ်ခုပဲလေ

မနက်ခင်းလမ်းလျှောက်ထွက်ရန်ပန်းခြံထဲသို့လာခဲ့သော
မိဖုရား မှာ မြင်လိုက်ရသောမြင်ကွင်းကြောင့်
ပြုံးမိသွားရသည်။
Jiminနှင့်အတူ သူမ၏ သားတော်Yoongi လည်း
ရောက်နေသောကြောင့်ပင်။

**သားတော်Yoongiပါရောက်နေတာလား**

**ဟုတ်ကဲ့ သားခေါ်လာတာ မယ်တော်
အတော်နှိုးခဲ့ရတယ်
အတူတူလမ်းလျှောက်ရင်းစကားပြောရအောင်လို့**

**ကောင်းတာပေါ့ သားJiminလေးရယ်**

သာယာတဲ့မနက်ခင်းလေးမှာ
ကြည်နူးဖို့ကောင်းတဲ့မြင်ကွင်းလေးကိုကြည့်ရင်း
သဘောတကျဖြစ်နေရသူက Jimin
Yoongi Hyungရဲ ့သူ့မယ်တော်နဲ့အတူတူရှိနေချိန်
နူးညံ့နေတဲ့ သူ့ပုံစံကလည်း ကြည့်လို့ကောင်းနေပြန်တာပဲ
သူအသာလေးနောက်မှာချန်ခဲ့ရင်း
နှစ်ယောက်သားအေးဆေးစကားပြောရအောင်ရှောင်ပေးလိုက်သည်။
သူကြားမိတဲ့ပုံအရ
Yoongi hyungက
သူ့မယ်တော်နှင့်တောင်နီးနီးကပ်ကပ်မနေဟုကြားမိတာ
Hyungကို အမြဲတာဝန်တွေပိပြီး
တစ်ယောက်တည်းအထီးကျန်နေရတဲ့သူ မဖြစ်စေချင်ပါ။

My Dear Crown Prince [ YM ] ✅Where stories live. Discover now