#U
မျက်နှာမကောင်းဖြစ်နေသောYoongiကိုကြည့်ပြီး
JKမှာလည်းစိတ်မကောင်းဖြစ်နေရသည်။
အခုဆို မင်းသားလေးJiminရဲ့အခန်းရှေ့မှာရပ်နေတာအတော်ကြာပြီဖြစ်သည်။ ညိုးငယ်သောမျက်နှာနှင့် အခန်းတံခါးကိုပဲကြည့်ရင်း
သက်ပြင်းတွေသာအ ခါခါချနေသည်။လွန်ခဲ့တဲ့ငါးရက်က
ပြေးထွက်သွားသော Jiminနောက်ကိုလိုက်သွားချင်ပေမယ့်
သူအရင်ဆုံးဘာဖြစ်နေလဲဆိုတာသိဖို့လိုတာကြောင့်
ခမည်းတော်ဆီအရင်သွားတွေ့ခဲ့သည်။
Jiminကို ခမည်းတော်ရဲ့ကိုယ်ရံတော်လာခေါ်သွားတဲ့
သတင်းကိုကြားတော့ ဘာလို့ခေါ်တာလဲတွေးရင်း
အမြန်လိုက်လာခဲ့ပေမယ့်
ငိုပြီးထွက်လာတဲ့ပုံအရဆိုရင်တော့
သူထင်တာမှန်နေပြီလား
သူနဲ့ Jiminကိုသဘောမတူဘူးလို့ပြောလိုက်တာဖြစ်ရမည်။**Jiminကိုဘာတွေသွားပြောလိုက်တာလဲ**
**အမှန်တရားတွေလေ
မင်းနဲ့သူနဲ့မဖြစ်နိုင်ဘူးလို့
မင်းကမကြာခင်ဘုရင်ဖြစ်လာရမှာ
မင်းအတွက်စဉ်းစားပေးဖို့ ပြောလိုက်တာ****ကျွန်တော် သူ့ကိုချစ်တယ် ခမည်းတော်
ဒီကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးထက် သူ့ကိုသာပိုအလိုရှိတယ်
သူနဲ့ ကျွန်တော့်ကို သဘောတူပေးပါ****တိတ်စမ်း! Yoongi
မင်းသူနဲ့လက်ထပ်မယ်ဆို
အမတ်တွေကဘာပြောကြမလဲ ပြည်သူတွေကရော
မင်းကို လက်မခံကြရင် မင်းဘယ်လိုသူတို့ရဲ့အရှင်သခင်သွားလုပ်မလဲ****အဲ့ဒါတွေ ဂရုမစိုက်ဘူး
ကျွန်တော် ့အတွက် Jiminကသာ အရေးကြီးဆုံးပဲ****မင်းတို့ကိုငါဘယ်တော့မှသဘောတူမှာမဟုတ်ဘူး**
**ကျွန်မကတော့ သဘောတူတယ်**
**မယ်တော်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ**
**မင်းတို့အကြောင်းကို မင်းခမည်းတော်ကိုပြောပြဖို့လာခဲ့တာ
အတော်ပဲဖြစ်သွားတာပေါ့****သားတော်သွားတော့ မယ်တော်ဆက်ပြောမယ်**
**ဟုတ်ကဲ့**
အဲ့ဒီနောက်ပိုင်းတော့ ဘာဆက်ဖြစ်ကြလဲသူမသိခဲ့။
Jiminကတော့ အတွေ့မခံဘဲ
သွားပါ သူ့ကိုစဉ်းစားခွင့်ပေးပါပဲပြောကာအခန်းထဲပဲပိတ်နေခဲ့သည်။