My Dear Crown Prince👑8👑

2.6K 375 6
                                    


#U

သူ့ရဲ့ Fisrt love ဆိုတဲ့
piano လေးကိုလဲ.. မနာလိုဖြစ်မိတယ်

သူစိတ်မကြည်တိုင်း ပြန်အေးချမ်းအောင် လုပ်ပေးနိုင်တဲ့
ပန်းခင်းလေးကိုလဲ.. မနာလိုဖြစ်မိတယ်

သူနှင့်အတူ အချိန်တွေ အများကြီးကုန်ဆုံးခွင့်ရတဲ့
ဥယျာဉ် လေးကိုလဲ.. မနာလိုဖြစ်မိတယ်

သူနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့ အချိန်လေး

သူ pianoတီးနေတဲ့ပုံရိပ်လေး

သူ့ရဲ့အပြုံးလေးကို မြင့်ခွင့်ရတဲ့အခိုက်အတန့်လေး

ဒါတွေအားလုံးအတွက်တော့ ကံကြမ္မာဆိုတာလား
သူလုပ်တာထင်တာမို့လို့ သူ့ကိုကျေးဇူးတင်မိတယ်

သူ့ရဲ့First love မဖြစ်ခဲ့တဲ့
ကိုယ့်ကိုယ်ကို သဘောမကျဖြစ်မိတယ်

သူ့ရဲ့အပြုံးတွေ အသက်ဝင်လာအောင်မလုပ်နိုင်ခဲ့တဲ့
ကိုယ့်ကိုယ်ကို သဘောမကျဖြစ်မိတယ်

သူ့ရဲ့ နှလုံးသားကို လှုတ်ခတ်အောင်မလုပ်နိုင်တဲ့
ကိုယ့်ကိုယ်ကို သဘောမကျဖြစ်မိတယ်

သူမကြိုက်မှန်းသိရက်နဲ့ အနားမှာပဲနေချင်နေတဲ့
ကိုယ့်ကိုယ်ကို သဘောမကျဖြစ်မိတယ်


သူ့ရဲ့အရေးပါဆုံးသူ မဖြစ်ရလို့
ဝမ်းနည်းမိတယ်

သူ့ရဲ့ အပြုံးတွေ ကို ထာဝရတစ်ယောက်တည်းပိုင်ဆိုင်ခွင့်မရလို့
ဝမ်းနည်းမိတယ်

တားမြစ်ဖို့တောင်မသိလိုက်ခင် သူ့ကိုချစ်သွားတဲ့
နှလုံးသားကို မုန်းမိတယ်

မဖြစ်နိုင်မှန်းသိရက်နဲ့ ဆက်ချစ်နေတဲ့
နှလုံးသားကို မုန်းမိတယ်

ရပ်တန့်ရမယ့်အစား တစ်နေ့ထက်တစ်နေ့ပိုတိုးပြီးချစ်လာတဲ့
နှလုံးသားကို မုန်းမိတယ်

My Dear Crown Prince [ YM ] ✅Where stories live. Discover now