My Dear Crown Prince👑4👑

3.2K 434 21
                                    

#U

**Good Morning  မင်းသားလေး Jimin**

**Good Morning မယ်တော်
သားတို့သွားကြတာပေါ့**

နန်းတော်ပန်းခြံထဲတွင် စကားကောင်းနေသော နှစ်ယောက်
မိဖုးရားကတော့
Jiminပြောသမျှကို သဘောကျကာပြုံးပြီးနားထောင်နေရင်း
အံ့သြစရာရှိလျှင်လည်း အံသြပုံလေးနှင့်
ရယ်စရာဖြစ်လျှင်လည်း အတူတူရယ်မောနေကာ
ပျော်ရွှင်နေသည်။

သူမရဲ့ဘဝက အေးဆေးပြီး
သူများတွေအားကျစရာလို့ထင်ရပေမယ့်
တစ်ကယ်တမ်းတော့ အပေါ်ယံမမြင်နိုင်တဲ့အထီးကျန်မှုတွေကိုတော့
ဘယ်သူမှမသိနိုင်ပါ
သိခွင့်လည်းမပြုမိအောင် ဟန်ဆောင်ရတာတွေလည်းရှိတာပေါ့
လူတွေရဲ့ဘဝက အမြဲပြည့်စုံနေတာတော့မဟုတ်ဘူးလေ
မျိုးရိုးမြင့်မားပြီးလှပသူမို့
တိုင်းပြည် ရဲ့အရှင်သခင်လောင်းလျာမဟေသီဖြစ်ခဲ့တယ်
ခုတော့ တိုင်းပြည်ရဲ့မိခင်ပေါ့
ပြည်သူတွေရဲ့အချစ်ကို ပိုင်ဆိုင်ရတယ်
အားလုံးကိုပိုင်ဆိုင်ခွင့်ရတယ်လို့ထင်ရပေမဲ့
မပိုင်ဆိုင်တာကတော့
တစ်ကယ့်ကိုပိုင်ဆိုင်ချင်နေပါတဲ့ လိုချင်မိပါတဲ့
ချစ်ခြင်းမေတ္တာပေါ့
ခင်ပွန်းဖြစ်တဲ့ သူရဲ့ အချစ်လား
သိပ်ကိုအေးစက်တဲ့သူလေ
သူ့စိတ်ထဲမှာ ဘာတွေ ရှိနေလဲ တစ်ကယ်မခန့်မှန်းနိုင်
နွေးထွေးယုယစွာဆက်ဆံပေးဖို့ လား
အရမ်းအလုပ်ရှုပ်နေတတ်သောသူပါလေ
ဘယ်တတ်နိုင်မလဲ စတွေ့ချင်းပဲ
သူ့ကို သူ့ရဲ့ပါးချိုင့်လေးတွေကို
ကျရှုံးသွားတာ အမှားပါပဲ

ထက်မြက်ပြီးအေးစက်တဲ့သူနဲ့တစ်ထပ်တည်းတူတဲ့
သားတော် လေးကို ရခဲ့တုန်းကတော့
ပြောဖူးပါတယ် ချစ်တယ်တဲ့
သားတော်လေးကိုချစ်တာလား ကိုယ့်ကိုချစ်တာလား
မသိခဲ့ပေမယ့်
ပျော်ခဲ့ပါတယ်လေ

သားတော်Yoongiကလည်း
သူ့အဖေနဲ့အတူတူပင်
အေးစက်တဲ့နှလုံးသားရှိသူပင်
မယ်တော့်တို့လိုမဖြစ်ဘဲ
သားတော်ရဲ့နှလုံးသားကိုပြောင်းလဲပေးနိုင်တဲ့သူရှိရင်ကောင်းမယ်
Jiminလေးလို အမြဲလန်းဆန်းတက်ကြွပြီး
ပြုံးနေတတ်တဲ့သူ ကြင်နာတတ်ပြီး
ဘေးမှာရှိတဲ့သူကို ပျော်ရွှင်အောင်လုပ်ပေးတဲ့သူမျိုးဆို
ဖြစ်နိုင်မယ်ထင်မိတယ်
ကလေးနှစ်ယောက်
နီးနီးကပ်ကပ်နေဖြစ်ရင်  ကောင်းမယ်

My Dear Crown Prince [ YM ] ✅Where stories live. Discover now