![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. - သံယောဇဉ်တောအုပ် -
နွေကျောင်းပိတ်ချိန်
ကျွန်မကိုင်ထားတဲ့ စွန်ကြိုးကို
ရှင်ကလွဲပြီး
ဘယ်သူ့ကိုမှ လွှဲပေးမှာ မဟုတ် ။အဲ့ဒီနှစ်နွေရဲ့
စွန်ကြိုးကို
တီးခတ်လိုက်တော့လည်း
ကျွန်မပါးပြင်ကို နီမြန်းစေတဲ့ တေးသွား ။သူရှေ့မှာ ငိုကြွေးဖူး
သူ့ရှေ့မှာ အောက်စလွတ်ဖူး
သူ့ရှေ့မှာ သစ်ပင်ပေါ်က ပြုတ်ကျဖူးတဲ့
နမော်နမဲ့ ကလေးမဟာ
ကျွန်မပါပဲ ။နတ်ကွန်းဆီသွားတဲ့
ကျောက်လှေကားထစ်တွေအတိုင်း
ကျွန်မနှလုံးသားအပေါ်
ရှင် တစ်လှမ်းချင်း
ထိန်းထိန်းသိမ်းသိမ်း တက်ခဲ့တာ ။ဟိုးမှာ
ရေပင့်ကူနဲ့ ကြာပန်း
ဒီမှာ
ကီမိုနို နီနီ ။အဲ့ဒီချစ်ခြင်းတရား
မြက်ခင်းပြင်မှာ အိပ်နေတုန်း
သူ့မျက်နှာဖုံးကို
မျက်နှာဖုံးကို ခွာကြည့်တော့
စီးဆင်းနေတဲ့
အမြဲတမ်းမျက်ရည် ။တောအုပ်တစ်ခုလုံးကလည်း မှာတယ်
ရှင့်ကို ဂရုစိုက်ဖို့
ကျွန်မ သည့်ထက်ပို
သတိထားသင့်တာ ။ဒီလိုမှန်းသိ
ပွဲတော်ကို မလာပါဘူး
မီးထွန်းပွဲဟာ
ကျွန်မတို့နှလုံးသားထဲမှာ
ဖယောင်းတိုင်လဲကျခဲ့ ။ကြမ္မာဟာ
ကျွန်မတို့ကို
ဖရဲသီးစေ့လို
မှုတ်ထုတ်ခဲ့ ။ရှင်ပြန်ရှင်လာတာမှမဟုတ်ရင်
ကျွန်မ
အားလုံးကို ငြင်းသွားမှာ ... ။ဒီလိုမထားခဲ့သင့်ဘူး
လောကမြို့လယ်မှာ လမ်းပျောက်ရင်
ဘယ်သူက သစ်ကိုင်းခြောက်နဲ့
လက်တွဲလမ်းပြမှာ ။တရေးနိုးတိုင်း
တရွေ့ရွေ့သေနေတဲ့
အသေခံအနမ်းအကြောင်း
ကျွန်မ ကဗျာရေးခဲ့မယ် ။အခု
ကျွန်မ နှုတ်ခမ်းဟာ
ဘယ်သွားရမှန်း မသိတော့ဘူး ။ဘတ်စ်ကားနဲ့
မှန်ပြတင်းကို
ပါးနဲ့မှီရင်း
သူ့ဆီ ... ။ကျွန်မဟာ
ငယ်ရည်းစား တစ္ဆေကောင်လေးကို လွမ်းဆွတ်နေမယ့်
ထပ်ပြီး
ခပ်တုံးတုံးကောင်မလေးပါပဲ ။- သူဝေး -
![](https://img.wattpad.com/cover/165494160-288-k514231.jpg)
YOU ARE READING
Anime Poetry ( သူဝေး )
Poetryဆရာသူဝေး Facebook accountမှ Animeများကို ကဗျာများအဖြစ် ခံစားရေးသားထားသော (Anime Poetry)ကဗျာများအား ခွင့်ပြုချက်တောင်း၍ ပြန်လည် ကူးယူဖော်ပြထားပါသည်။ - credit - https://www.facebook.com/thu.way.1 ( Thu Way )