Anime Poetry (6) -Whisper of the Heart-

57 5 0
                                    

- နှလုံးသားဟာ ကျပ်မပြည့် -

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

- နှလုံးသားဟာ ကျပ်မပြည့် -

ဝဖီးနေတဲ့ကြောင်
ရှေးဟောင်းပစ္စည်းဆိုင်
မေ့ကျန်ခဲ့တဲ့ သီချင်းစာရွက်
ရထားဘရိတ်အုတ်သံ ။

နှလုံးသားဟာ
ဘယ်တော့မှ ဥာဏ်ကောင်းလာနိုင်စွမ်းမရှိ ။

နှလုံးသားဟာ လျှောက်လျှောက်လုပ်တယ်
ပြီးတော့ တကယ်လည်းပြဿနာဖြစ်ရော
သူက ရှောင်ပြေးနေတော့တယ် ။

စာကြည့်တိုက်ကဒ်ပေါ်က
ငါ့နာမည်ဟာ
ကောင်မလေးတစ်ယောက်ကို
တစ်ချိန်ချိန်မှာ မျက်မှောင်ကျုံ့လာစေလိမ့်မယ် ။

မျက်မှန်မတပ်ရသေးတဲ့
စာအုပ်ဂျပိုးမလေးနဲ့
မြို့ကိုအပေါ်စီးကမြင်ရတဲ့အိမ် ။

စက်ဘီးတွန်းပြီး လမ်းလျှောက်
ကွန်ကရစ်ခုံးတံတားပေါ်ကဖြတ်
ကားမီးရောင်တွေမျက်နှာလာဟပ်
ဘာမှမထူးခြားတဲ့ သာမာန်ည
မင်းနဲ့အတူရှိရလို့လားမသိ ငါပျော်တယ် ။

စစ်ကြီးဟာ သင်္ဘောတွေကို ဖောက်ခွဲပြီး
ချစ်သူတွေကိုကွဲစေခဲ့တယ်
ချစ်သူတွေ ကွဲကွာတာ
အရမ်းဆိုးရွားတယ်
သူတို့ မချစ်တဲ့သူတွေနဲ့ပေါင်းသင်းဖြစ်သွားဖို့
အခွင့်အရေးတွေ ရသွားစေတယ်လေ ။

ဒါ့ကြောင့် ကမ္ဘာစစ်အတွင်းမှာ
မဖြတ်သန်းခဲ့ရလို့လည်း ငါပျော်တယ် ။

မင်းနဲ့တန်ရဲ့လား
လို့ သိမ်ငယ်မှုတွေကို
မင်းရဲ့ ပေါ့ပါးတဲ့အပြုအမူတွေက
ရုပ်သိမ်းလုံးချေခိုင်းလို့လည်း ငါပျော်တယ် ။

ဒါပေမယ့်
တစ်ဘဝလုံးအိပ်မက်ခဲ့ရသော
တစ်မြို့လုံးတယောလုပ်နေတဲ့
အီတလီ - ခရီမိုနာ ကိုရောက်တော့
ငါထင်သလောက်မပျော်တော့ ။

မင်းလက်တွေက စာရေးဖို့
ငါ့လက်တွေက တယောထိုးဖို့
မင်းစာအုပ်ပိတ်လိုက်တဲ့အချိန်နဲ့
ငါတယောဘေးချထားတဲ့အချိန်မှာတော့
တို့နှစ်ဦးလက်တွေက ထွေးဖက်ထားဖို့ပေါ့ ။

တစ်ယောက်ကို တစ်ယောက်ဖိအားမပေးဘဲ
ငါတို့ ချစ်လို့ရမယ်ထင်တယ်
အဲ့ဒါအရေးကြီးလို့ပါ ။

တောင်ကုန်းရဲ့
နံနက်ခင်းအေးငွေ့ငွေ့မှာ
ချစ်ရေးဆိုဖြစ်ခဲ့
အဝေးမှာ
ကုန်တင်ကားတွေ
သေးငယ်ရွေ့လျား ။

ဝန်ခံသည်ဖြစ်စေ
ဝန်မခံသည်ဖြစ်စေ
အချစ်ဟာ ကျေနပ်စွာပဲ
ငါတို့ကို လူပြိန်းတွေ ဖြစ်စေခဲ့တယ်လေ ။

- သူဝေး -

Anime Poetry ( သူဝေး )Where stories live. Discover now