- မိုးစိမ်းစိမ်း -
စိတ်ကျသူတွေ များလာတော့
စိတ်ကျရမှာတောင် စိတ်ကျလာတဲ့
စီးကရက် ။လူတွေနဲ့ ဝေးရာကို ထွက်လာသော
လူနှစ်ယောက်ရဲ့ ပန်းခြံစိမ်းစိမ်း ။မိုးရေနဲ့ထိပြီး
ခဲဖျက်က အကောင်လေးတွေဖြစ်လာ
ငါတို့ကိုယ်ပေါ် ရွစိတက်
ငါတို့အစွန်းအထင်းတွေကို
တွန်းဖျက်သွားရင် ကောင်းမယ် ။မျက်တောင်မခတ်နဲ့ ငြိမ်ပါ လို့ပြောပြီး
မင်းမျက်လုံးထဲက အားငယ်ခြင်းကို
လက်ကိုင်ပုဝါအစွန်းနဲ့ ဖယ်ထုတ်ခဲ့ ။ငါ့ဟာ တစ်ယောက်တည်းဆို
ဟင်းလင်းပြင်ဖြစ်ပေမယ့်
မင်းအတွက်ကျတော့
ထောင့်မတ်ကျကျကာကွယ်လို့ ။ထီးတွေရဲ့အဓိပ္ပါယ်က
သူနဲ့မှ ဆောင်းပါတဲ့
ရထားတွေရဲ့ အဓိပ္ပါယ်က
သူနဲ့မှ စီးပါတဲ့ ။ငိုကြွေးခြင်းနဲ့ ထွေးဖက်ခြင်းကို
တစ်ပြိုင်တည်း လုပ်မိတယ်
ရေစက်ဟာ မဆုံခဲ့
ရေစက်ဟာ မဆုံးခဲ့ ။အိတ်ကပ်ထဲမှာ အမြဲခေါက်ထည့်ထားတဲ့
မင်းမြို့ရဲ့ မြေပုံကားချပ်ကို
အိပ်မက်ထဲမှာ အမြဲဖြန့်ကြည့်တယ် ။နေ့ရက်တွေကို အံဆွဲရှင်းတော့
စိတ်ကူးနဲ့ ဖြတ်ထားတဲ့
ရထားလက်မှတ်အဟောင်းတွေချည်း ။တစ်နေ့တော့
တောင်ကျရေလို
ဒါမှမဟုတ် နှင်းတွေလို မိုးတွေလို
တားမရဆီးမရ စီးခဲ့မှာ ။၊ သူဝေး -
YOU ARE READING
Anime Poetry ( သူဝေး )
Poetryဆရာသူဝေး Facebook accountမှ Animeများကို ကဗျာများအဖြစ် ခံစားရေးသားထားသော (Anime Poetry)ကဗျာများအား ခွင့်ပြုချက်တောင်း၍ ပြန်လည် ကူးယူဖော်ပြထားပါသည်။ - credit - https://www.facebook.com/thu.way.1 ( Thu Way )