Anime Poetry(10) -Perfect Blue Satoshi kun-

26 0 0
                                    

- Anime Poetry (10 ) ငါရေ .... မင်းဘယ်သူလဲ -

ဆိုက်ကိုဆိုတာ ပြုလုပ်ခြင်း
ဟု တစ်ယောက်ယောက် မပြော
သူငိုရင် မျက်ရည်အစား
သေပြီးသားငါးလေးတွေ စီးကျလာတာ
Cobalt Blue, Ultramarine Blue ,
Cerulean Blue , Prussian Blue ပေါင်းရင်တောင် Perfect မဖြစ်
အရွံဆုံးက ' လုပ် 'ဆိုက်ကို
ရွံတယ် စောက်ရမ်းရွံတယ်
မင်းတို့ရဲ့ ဖောင်းပွနေတဲ့ ဆိုက်ကိုတွေကြောင့်
ငါ့အရည်အသွေးမြင့် ဆိုက်ကိုလေး တန်ဖိုးမဲ့ရ
ကိုယ့်ဆိုက်ကိုမှ တကယ့်ဆိုက်ကို စစ်စစ်လို့ ထင်နေတဲ့
ပန်းစင်္ကြာဆိုက်ကို
ကျိန်ဆိုကျိန်ရဲပါတယ်
လိမ်ညာခဲ့သည်ရှိသော် ရုပ်ရှင်အပြီးမှာ
ထောင်လျှက်သားကွဲနေတဲ့ မှန်ဖြစ်ပါစေ
အဲ့ဒီမှန်ပေါ်ပဲ ငါလဲကျထိုးစိုက်ပြီးသေပါစေ
ကပွဲရုံထဲမှာ ရန်မဖြစ်ရ
ဖန်ဆင်းရှင်က ဇာတ်ညွှန်းပညာမတတ်
ညာဘက်ရင်သားက အတု ဘယ်ဘက်ရင်သားက ...
ဘဝရေ ... ဆေးသောက်ပြီးပြီလား
ဒီနေ့ဟာ တခြားတစ်နေ့လိုပါပဲလား
ချွတ်စရာအဝတ်တွေ တစ်စမကျန်ကုန်သွားတော့
နောက်နေ့များဆီမှာ ဝတ်ဖြစ်မယ့် အဝတ်တွေဆီက ကြိုချေးငှားချွတ်ရ
ငါကိုယ်လုံးတီးနဲ့ ဘုရားသခင်ရဲ့ Cut အော်သံကို စောင့်နေတာ
အဲ့ဒီတော့ Pop ပေါင်တံက ဘာပြောလဲ
မတော်တဆကိုက်မိတာ သေချာမှ နာပေးမယ့် လျှာရဲ့သစ္စာကို လေးစားပါ
အယ် ... အယ် ... သူ ဖြစ်တည်မှုဆိုတဲ့ စကားလုံး သုံးတော့မယ်
သွားပြီ .... Fuck ! တကယ့်ကို သွားပြီ
ဒိုင်မေးရှင်းတွေအကုန်လုံး အဓိပ္ပါယ်ရှာတဲ့နေရာမှာ သုံးလိုက်မိပြီ
ငါ့ကိုသတ်ရင် သတ်နိုင်ပါတယ်
ဒါပေမယ့် ....
ငါကလည်း မင်းဖြစ်နေနိုင်တာကို သတိပြုပါ ။

- သူဝေး -

Anime Poetry ( သူဝေး )Where stories live. Discover now