Anime Poetry (8) -Arrietty-

64 8 0
                                    

- မမေ့ -

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

- မမေ့ -


ကျွန်မက သေးသေးလေး
ရှင်ချစ်လို့ မရအောင်
သေးသေးလေး ။

သစ်ရွက်ဟာ ကျွန်မရဲ့ ထီး
ပင်အပ်ဟာ ကျွန်မရဲ့ ဓား
ဧည့်ခန်းစားပွဲဟာ မတ်စောက်တောင်တန်း
ပုလင်းထဲကို ပြုတ်ကျတာဟာ
ချောက်ထဲ ပြုတ်ကျတာ ။

ခက်လိုက်တာ
ရှင်က နှလုံးမကောင်းဘူး
ကျွန်မ နှလုံးကလည်း အလွန်သေးငယ်
ရှင့်နှလုံးနေရာအစားထိုးကုဖို့
ဆေးပညာအရ ဖြစ်နိုင်မလား ။

ရှင်ကတော့ ထင်မှာပဲ
လူက လက်တောက်လောက်နဲ့
မာနက မိုးလောက်လို့ ။

လူဆိုတာ ကိုယ့်မျိုးနွယ်ကို ကာကွယ်ရမှာပဲ
ကျွန်မတို့ ခိုးသားတွေမဟုတ်ဘူး
ကျွန်မတို့ဟာ ချေးငှားသူ
ကျွန်မတို့ကြောင့် ရှင့်တို့ လျော့ပါးလည်း
မထိခိုက်တဲ့ ပစ္စည်းတွေပဲ ယူခဲ့တာ
ကျွန်မတို့ ရှင်သန်ပုံက ထူးခြားပေမယ့်
ကမ္ဘာကြီးကို မထိခိုက်ဘူး
ဒါပြစ်မှုဆိုလည်း သကြားခဲလေးလောက်ပဲ ဖြစ်မှာပါ ။

ကံစီမံရာရယ်
ဥာဏ်မမီပြန်ပါကွယ်
ရှင်ဒီအိမ်ကို ပြောင်းလာတာဟာ
ကျွန်မတို့ ဒီအိမ်ကပြောင်းသွားရဖို့တဲ့လား ။

ရှင်ရဲ့ကြောင်ကော
ရှင်ရဲ့ဖွားဖွားကော မမေ့ပါ
အဲ့ဒီ စိတ်ဓာတ်မှာ မီးသွေးပေနေတဲ့
ညစ်ညမ်းအိမ်ဖော်လည်း
ကျွန်မ ဘယ်မမေ့ပါ ။

ရှင့်ကိုတော့ အမြဲသတိရနေမှာပေါ့
ကျွန်မ ဆံပင်စည်းထားချိန်ဖြစ်ဖြစ်
ဖြန့်ထားချိန်ဖြစ်ဖြစ်
ရှင့်ကို သတိရသွားမှာပါ ။

ကျွန်မဟာ သေးသေးလေး
ထပ်ပြီးသေးသွားမယ်
ပိုပြီး သေးသွားမယ်
ပြီးရင် အသေးဆုံးဖြစ်ပြီး ထပ်သေးလို့မရတော့လို့
ရှင့်ရှေ့က ပျောက်ကွယ်သွားရတော့မယ် ။

ကျွန်မတို့ဇာတ်လမ်းဟာ
လှန်လို့မရအောင်သေးတဲ့ စာအုပ်လေး
ဒါပေမယ့်
မှတ်ဥာဏ်ထဲမှာတော့
အကြီးမားဆုံး အမှတ်တရတွေပေါ့ ။

ရေနွေးကရားနဲ့
ရေမြောင်းထဲမှာ မျောရင်း
ခွဲခွာသွားရတော့မယ် အချိန်တွေ... ။

နှုတ်ဆက်ခဲ့ပါတယ်
ကျွန်မနှုတ်ခမ်းကသေးလွန်းတော့
နှုတ်ဆက်အနမ်းဆိုတာလည်း
မရှိပြန်ဘူးပေါ့ ။

ချစ်သောသူရယ်
စိတ်နဲ့ပဲ
ကိုယ်ထိလက်ရောက် နမ်းခဲ့ပါတယ်လေ ... ။

- သူဝေး -

Anime Poetry ( သူဝေး )Where stories live. Discover now