Anime Poetry (1) -Garden of Words-

235 10 0
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


- မိုးစိမ်းစိမ်း -

စိတ်ကျသူတွေ များလာတော့
စိတ်ကျရမှာတောင် စိတ်ကျလာတဲ့
စီးကရက် ။

လူတွေနဲ့ ဝေးရာကို ထွက်လာသော
လူနှစ်ယောက်ရဲ့ ပန်းခြံစိမ်းစိမ်း ။

မိုးရေနဲ့ထိပြီး
ခဲဖျက်က အကောင်လေးတွေဖြစ်လာ
ငါတို့ကိုယ်ပေါ် ရွစိတက်
ငါတို့အစွန်းအထင်းတွေကို
တွန်းဖျက်သွားရင် ကောင်းမယ် ။

မျက်တောင်မခတ်နဲ့ ငြိမ်ပါ လို့ပြောပြီး
မင်းမျက်လုံးထဲက အားငယ်ခြင်းကို
လက်ကိုင်ပုဝါအစွန်းနဲ့ ဖယ်ထုတ်ခဲ့ ။

ငါ့ဟာ တစ်ယောက်တည်းဆို
ဟင်းလင်းပြင်ဖြစ်ပေမယ့်
မင်းအတွက်ကျတော့
ထောင့်မတ်ကျကျကာကွယ်လို့ ။

ထီးတွေရဲ့အဓိပ္ပါယ်က
သူနဲ့မှ ဆောင်းပါတဲ့
ရထားတွေရဲ့ အဓိပ္ပါယ်က
သူနဲ့မှ စီးပါတဲ့ ။

ငိုကြွေးခြင်းနဲ့ ထွေးဖက်ခြင်းကို
တစ်ပြိုင်တည်း လုပ်မိတယ်
ရေစက်ဟာ မဆုံခဲ့
ရေစက်ဟာ မဆုံးခဲ့ ။

အိတ်ကပ်ထဲမှာ အမြဲခေါက်ထည့်ထားတဲ့
မင်းမြို့ရဲ့ မြေပုံကားချပ်ကို
အိပ်မက်ထဲမှာ အမြဲဖြန့်ကြည့်တယ် ။

နေ့ရက်တွေကို အံဆွဲရှင်းတော့
စိတ်ကူးနဲ့ ဖြတ်ထားတဲ့
ရထားလက်မှတ်အဟောင်းတွေချည်း ။

တစ်နေ့တော့
တောင်ကျရေလို
ဒါမှမဟုတ် နှင်းတွေလို မိုးတွေလို
တားမရဆီးမရ စီးခဲ့မှာ ။

၊ သူဝေး -

Anime Poetry ( သူဝေး )Where stories live. Discover now