အရှိုက်နက်၏ပြောသံကိုကြား၍မူးအရှေ့ကို
ကြည့်လိုက်ရာကားမှန်မှတစ်ဆင့်Summer
houseဟူ၍ဆိုင်းဘုတ်လေးချိတ်ထားသော
အရုပ်ဆက်ဆိုင်လေးကိုတွေ့လေသည်...ဒီနေရာလေးမရောက်တာတောင်တော်တော်
ကြာခဲ့လေပြီ...
ထိုက်စံတက္ကသိုလ်တစ်နှစ်ပြီးတိုင်းတစ်ခါအမြဲ
ခေါ်လာပြီးပူဆာလုံးလေးပူဆာသမျှဝယ်ပေးခဲ့ရတဲ့နေရာ...ကိုယ့်ကိုကိုယ်တောင်အရင်ကစက်ရုပ်ဆက်ရတာစိတ်ဝင်စားမှန်းမသိခဲ့ပဲ...
သူ့နောက်လိုက်ပြီးသူနဲ့အတူစက်ရုပ်ဝယ်ဆက်
မှပဲအဲ့ဒါကိုသဘောကျလာတာ"မူး...ဘာတွေတွေးနေတာလဲအထဲဝင်မယ်
လေ""အင်း"
.....................................
"မူးလိုချင်တဲ့အရုပ်ကိုရွေးနှင့်ဦးနော်
ကိုယ်သွေးသစ်ပိုင်ကိုသွားရှာလိုက်ဦးမယ်""အင်းပါ"
ကိုနက်ပုံစံကြည့်ရတာဒီနေ့အရမ်းကိုသွက်
လက်ပြီးအရမ်းကိုစကားများနေတယ်
သွေးသစ်ပိုင်ဆိုတဲ့နာမည်နဲ့တင်ခုန်ဆွခုန်ဆွ
ဖြစ်နေလိုက်တာ...အဲ့ဒါကအရမ်းကို
.
.
.
.
.
.
စိတ်ပျက်ဖို့ကောင်းတယ်...ကျုပ်ခင်ဗျားရဲ့အတိတ်ဆိုတာတွေကိုစိတ်မဝင်
စားဘူး အဲ့ဒါကြောင့်ခင်ဗျားချစ်တယ်ဆိုတဲ့
ကောင်မလေးကိုခေါင်းထဲကိုမထည့်တာ...ဒါပေမဲ့ခင်ဗျားရဲ့ပစ္စုပ္ပန်မှာသွေးသစ်ပိုင်ဆိုတဲ့လူ
ရှိနေတယ်...ဒါတကယ်ကိုရင်လေးစရာပဲ...
"မူးဝယ်ပြီးပြီလား"
မေးသံကြားလို့လှည့်ကြည့်လိုက်တော့...
ကိုနက်ကိုတွေ့တယ်
.
.
.
နောက်ပြီးကိုနက်ဘေးကကောင်လေး...ဆံပင်အဖြူ လွင့်လွင့်ခပ်ရှည်ရှည်လေးကိုနဖူးက
ဆံပင်တွေပါမကျန်အကုန်လှန်သိမ်းကာခပ်ဖွဖွစီးထားပြီး အသားလတ်လတ် ဆွဲဆောင်မှုရှိတဲ့
မျက်နှာကျပုံစံ အရပ်ခပ်မြင့်မြင့်ခန္တာကိုယ်က
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်မယ့်ပုံပဲ...ဒါပေမဲ့ကိုနက်ဘေးမှာယှဉ်ရပ်နေပုံကိုမြင်တော့
ငါ့မျက်လုံးထဲမှာကြည့်ရတာထောင့်မကျိုးဘူး
YOU ARE READING
Sugar...
Romanceရှမ်း တရုတ် ကပြား သူဌေးသားလေး အင်းလေးသွားရင်း အမှတ်မထင်တွေ့ခဲ့တဲ့လူအပေါ် ချစ်ခြင်းဖွဲ့ခဲ့မိရာမှ....