"အစ်ကို"
"ဘာလဲ"
မူး သတင်းစာကိုစိတ်ဝင်တစားဖတ်နေရင်း
လှမ်းထူးလေသည်..."ကျွန်တော်ခေါ်နေတယ်လေ ဘာလို့်အာရုံမ
စိုက်တာလဲ"မင်းထိုက်စံပြောရင်းဆိုရင်းမူးဖတ်နေသော
သတင်းစာကိုဆွဲယူပြီးစားပွဲပေါ်သို့ပစ်တင်
လိုက်ရာ..."ဟ ဘာလဲကွာ"
"ကျွန်တော်အစ်ကို့ကိုပြောစရာရှိလို့ခေါ်နေတာကိုအစ်ကိုကဂရုမှမစိုက်တာ"
"ဘာကိစ္စလဲပြော"
"ကျွန်တော်သဘက်ခါတစ်နေရာရာကိုသွားမလို့"
"ဘယ်ကိုလဲ ဘာသွားလုပ်မလို့လဲ"
"Umm...မပြောပြဘူး"
"အဲ့ဒါများ ငါ့ကိုဘာလို့လာပြောနေသေးလဲ"
"ကျွန်တော်ပြောချင်တာကအစ်ကိုပါကျွန်
တော်သွားမယ့်နေရာကိုလိုက်ခဲ့ရမယ်လို့ပြောတာ""မဖြစ်နိုင်တာတွေ"
"ဘာလို့မဖြစ်နိုင်ရမှာလဲ သူများတွေလိုအ
လုပ်နဲ့အကိုင်နဲ့မို့မအားလို့ဆိုထားပါတော့အခုဘာအလုပ်မှလဲရှိတာမဟုတ်ဘဲနဲ့"
"ဟျောင့် ဖဲ့တာလား...
ငါကအလုပ်မရှိအကိုင်မရှိမဟုတ်ဘူး ငါ့အဖေရဲ့
CEOရာထူးဆက်ခံဖို့အတွက်ကိုလိုအပ်တဲ့
လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးလေ့လာနေတာစီးပွားရေးနဲ့ပတ်သက်တဲ့သင်ယူစရာရှိတာတွေကိုလဲAmericanကကျောင်းတွေသင်တန်း
တွေမှာလည်းအများကြီးသင်ယူခဲ့ပြီးပြီ နားလည်
လား""သိသားပဲ ဘယ်သူကမသိတာမှတ်လို့"
"သိရင်လဲဘာလို့အလုပ်မရှိအကိုင်မရှိသလို
ပုံမျိုးနဲ့လူကိုစကားလာပြောနေတာလဲ""သိပါပြီ သိပါပြီ မှားသွားပါတယ်
ခွင့်လွှတ်တော်မူပါ "မင်းထိုက်စံမျက်နှာစပ်ဖြီးဖြီးနှင့်မူးအား
လက်အုပ်ချီပြီးတောင်းပန်လေသည်..."ဘာပဲဖြစ်ဖြစ် အစ်ကိုလိုက်ခဲ့မယ်မလား"
"အော် အေး အေး ငါကမင်းဘယ်ကိုသွား
မယ်ဆိုတာတောင်မသိဘဲနဲ့လိုက်ခဲ့ရမယ်
ဟုတ်လား

KAMU SEDANG MEMBACA
Sugar...
Romansaရှမ်း တရုတ် ကပြား သူဌေးသားလေး အင်းလေးသွားရင်း အမှတ်မထင်တွေ့ခဲ့တဲ့လူအပေါ် ချစ်ခြင်းဖွဲ့ခဲ့မိရာမှ....