"ဟျောင့်... မင်းကွာ"
အရှိုက်နက် ကုတင်ပေါ်မှဂွမ်းစောင်အား
လုံးထွေးပြီး သွေးသစ်ပိုင်မျက်နှာအားလှမ်း၍
ပစ်ပေါက်လိုက်ရာ...သွေးသစ်ပိုင်လည်းပစ်ပေါက်ခံရသောစောင်ကို
မျက်နှာပေါ်မှအလျင်အမြန်ဆွဲယူပြီးခန္ဓာကိုယ်
အောက်ပိုင်းသို့ဘိုသီဖတ်သီပတ်လိုက်လေ
သည်..."ဖြေးဖြေးသာသာလုပ်ပါဟ နှလုံးပြုတ်
ထွက်မတတ်ဘဲ""ဘာကွ"
"Ho Ho ရင်ဘတ်ထဲကအသည်းနှလုံး
ပြုတ်ထွက်မတတ်ဘဲလို့ပြောတာbroစိတ်လျော့
စိတ်လျော့""မင်း ရေချိုးမယ်ဆိုရင်လည်း ရေချိုးခန်းထဲကို
တဘက်လေးဘာလေးယူသွားပေါ့ကွာ
စည်းကမ်းမရှိချက်ကမ်းကုန်တယ်""ငါတစ်ယောက်ထဲရှိတယ်ထင်လို့ပေါ့ကွာ
မင်းငါ့ရဲ့အခန်းထဲရောက်နေမှန်း ငါဘယ်လို
လုပ်သိမှာလည်း""အခန်းထဲမှာတစ်ယောက်ထဲရှိတိုင်းသာအဲ့လို
လုပ်နေရင် တစ်နေ့နေ့မင်းအမ မင်းရဲ့အဲ့လိုပုံစံ
ကိုမြင်သွားရင်ဘယ်လိုလုပ်မလဲ""ငါcanadaမသွားခင်ထဲကငါ့အမငါ့ရဲ့ဒီလိုပုံစံကိုအမြဲမြင်နေရလို့ ခဏခဏပါးချခံရဖူး
တယ်""Cool..."
"ဘာ Cool လဲ...
မင်းအခုငါ့အလန်းစားခန္ဓာကိုယ်လေးရဲ့အလှ
အပတွေကိုမြင်ပြီးပြစ်မှားချင်နေတယ်မလား"သွေးသစ်ပိုင်ရဲ့အပြင်းစားစကားskillတွေကြား
အရှိုက်နက်ခဏတာဆွံ့အသွားသည်...❌❌"....."
ငပြောင်သွေးသစ်ပိုင်တစ်ယောက် ကုတင်ပေါ်၌
ထိုင်နေသောအရှိုက်ရှေ့တွင် လက်နှစ်ဖက်ကို
မြှောက်ကာခန္ဓာကိုယ်ကိုကော့ညွတ်လိမ်ပြပြီး..."မင်းအခုစိတ်တွေအရမ်းကိုထိန်းချုပ်ရခက်နေ
ပြီးငါ့ကိုတစ်ခုခုလုပ်ချင်နေတယ်မလား...""Umm..."
ခြေထောက်ဖုံးအောင်ခြုံပတ်ထားသောစောင်ကို
ပေါင်ရင်းအထိအရှိုက်မမြင်တမြင်ဖြစ်အောင်
လှန်တင်ပြကာ..."သေချာတယ်မင်းငါ့ကိုလုပ်မှာက... ငါ့အမလိုငါ့ကိုပါးချမှာမဟုတ်ဘဲ
ဘာကိုချမှာလည်းဆိုတော့..."
YOU ARE READING
Sugar...
Romanceရှမ်း တရုတ် ကပြား သူဌေးသားလေး အင်းလေးသွားရင်း အမှတ်မထင်တွေ့ခဲ့တဲ့လူအပေါ် ချစ်ခြင်းဖွဲ့ခဲ့မိရာမှ....