Chapter (34)

1.8K 98 8
                                    

ဖြူဥနေသောပန်းရောင်ခြေဖျားလှလှလေးတစ်စုံ
ပိုင်ရှင်မူးခမျာ ခြေထောက်တစ်ဖက်ကိုကုတင်
ထောက်တိုင်နှင့်တွဲကာသံကြိုးခတ်ခံထားရ
သောကြောင့် ခြေချင်းခတ်ခံထားရသော
တိရစ္ဆာန်အရိုင်းလေးတစ်ကောင်သဖွယ်ဖြစ်နေ
သည်...

Clack...

"အစ်ကို ထမင်းစားဖို့ယူလာတယ်"

မင်းထိုက်စံ၏အသံကိုကြားပါသော်လည်း
ကိုယ့်ကိုချုပ်နှောင်ပိတ်လှောင်ထားသောသူရဲ့
မျက်နှာကိုကြည့်ပြီး မည်သူကပြုံးရယ်ကာ
ဆီးကြိုနိုင်မည်နည်း...။
.
.
.
အသံများကိုဥပေက္ခာပြုရင်းမျက်လုံးကိုသာ
စုံလိုက်မှိတ်ထားမိသည်...

သို့သော်လည်း အိပ်ယာထဲကျောခိုင်းလဲနေသူမူး
မှာအိပ်ပျော်နေခြင်းမဟုတ်သည်ကို မင်းထိုက်စံ
သိသည်...။ထို့အပြင်သူ့ကို မူး စိတ်ဆိုးမပြေ
သေးသည်ကိုပါထပ်ဆောင်းသိသေးသည်။

နေ့လည်ကအခန်းထဲထားခဲ့သောထမင်း
ပန်းကန်များမှာလည်း မှဲ့တစ်ပေါက်မစွန်းသေး
သည့်အပျိုစင်လေးတစ်ဦးသဖွယ်ခြေရာလက်ရာ
မပျက်အေးစက်စွာရှိနေသည်ကိုမင်းထိုက်စံ
မြင်ရာ...

"ရေဘဲသောက်နေတော့မှာလား

မစားမသောက်ဘဲဒီအတိုင်းဆက်နေမယ်ဆိုရင်
ခန္တာကိုယ်ကအားအင်တွေချိ့နဲ့ပြီးပိန်ချုံးလာလိမ့်
မယ်

ကျွန်တော်ကအရိုးပေါ်အရေတင်နေတဲ့
အဘိုးကြီးတွေကိုမကြိုက်ဘူးနော်"

ကျောက်သားသဖွယ်မလှုပ်မယှက်မြဲမြံနေသော
သူကိုစကားပြောရုံဖြင့်မဖြစ်တော့သည်ကို
သိလေပြီမို့ လက်ထဲကိုင်ထားသောထမင်း
ပန်းကန်များကိုကုတင်ဘေးက စားပွဲပေါ်သို့ချပြီး

ကုတင်ပေါ်ဘေးစောင်းအိပ်နေသောမူး၏
နောက်ကျောမှနေကာ မူး၏ဘောင်းဘီZipကို
တဖြည်းဖြည်းဆွဲချသောကြောင့်...

"ဟျောင့် ဖယ်စမ်း ဘာလုပ်တာလဲ"

အိပ်ယာထက်သို့အလန့်တကြားဖြင့်ကမူးရှူးထိုး
ထထိုင်ကာရုန်းလေသောမူးကို မင်းထိုက်စံ
လည်းအသာတကြည်လွှတ်ပေးလိုက်ပြီး...

"ညစာစားဖို့အတွက်ယူလာတယ်"

ရန်တွေ့ဖို့အဆင့်ကိုလွန်ပြီးစကားပြောချင်စိတ်
ပင်ပျက်ယွင်းနေ၍မူးလည်းမျက်နှာလွှဲရုံသာ
တတ်နိုင်တော့သည်။

Sugar...Where stories live. Discover now