Canadaကနေမြန်မာနိုင်ငံကိုခွင့်ရက်ရှည်
ပြန်လာရတာကမိသားစုတွေဆီအလည်လာတာလို့ပြောရင်မှန်တယ် ဒါပေမဲ့အရှိုက်နက်ဆိုတဲ့မိန်းကလေးတစ်ယောက်ကိုချစ်ခဲ့ဖူးလို့ဘဝ
တစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့သလိုအကြီးအကျယ်
အသဲကွဲနေခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကိုစိတ်
ပူလို့်ပြန်လာတာဆိုရင်လည်းမမှားဘူး...Canadaကိုမသွားခင်ကနောက်ဆုံးအချိန်အထိ
လေဆိပ်မှာမျက်နှာသေနဲ့ကျန်ခဲ့တဲ့သူ့ကိုကြည့်
ပြီးစိတ်တထင့်ထင့်နဲ့ပဲလေယာဉ်ပေါ်ကိုတက်
ခဲ့ရတာ...အခုတော့လဲသူ့ရဲ့အပြုံးလက်လက်လေးတွေကို
ပြန်မြင်နေရပါပေါ့လား...
အေးပေါ့လေ နှစ်တွေကလဲကြာခဲ့ပြီပဲ...
သူလဲဖြစ်သင့်တာမဖြစ်သင့်တာကိုခွဲခြားချင့်ချိန်
ပြီးသူ့ဘဝသူပြန်တည်ဆောက်နေမှာပေါ့...ဒါကိုငါကမသိဘဲ နိုင်ငံခြားကပြန်လာလာခြင်း
နန်းရတီဆိုတဲ့မိန်းကလေးအကြောင်းအစသွား
ဖော်မိတယ် ငါ့နှယ်တကယ်ပဲဒါနဲ့ ဒီကောင်ငါ့ကိုတော်တော်စိမ်းကားနေတာပဲ
ဒီအတောအတွင်းဖုန်းလေးတစ်ချက်တောင်မ
ဆက်ဘူး သူ့ဆေးရောင်စုံတွေနဲ့ပဲအလုပ်ရှုပ်နေလားမသိ...ဒါမှမဟုတ်
နှစ်အနည်းငယ်လောက်အဆက်အသွယ်မရှိခဲ့
လို့ အခင်မင်ပျက်ပြီးသွေးအေးသွားတာလားပဲHak...တကယ်သာအဲ့လိုဆိုရင်တော့
မင်းကိုငါဒီအတိုင်းမထားဘူး ငရှိုက်😡
အိမ်တိုင်ရာရောက်လည်ပင်းလာညှစ်ပြီး
လျှာထွက်ရင်မျက်နှာပြောင်တယ်ဆိုပြီး
ပါးထပ်ချမယ်...အခန်းထဲမှာတစ်ယောက်တည်းGameထိုင်
ဆော့နေရင်းအတွေးနယ်လွန်နေသောသွေး
သစ်ပိုင်မှာသူငယ်ချင်းဖြစ်သူအားမေတ္တာများ
ပို့သနေလေသည်..."Hrrrrr. . .ရှုံးပြီကွာ တောက်💢"
TVရှေ့၌Gameထိုင်ဆော့ရင်းပျင်းလာတာမို့
ပက်လက်လှန်လှဲချလိုက်ရာ အနောက်တွင်ရှိသောကုတင်ထောက်တိုင်နှင့်"goutt"ကနဲမြည်
အောင်ခေါင်းနှင့်ဆောင့်မိတော့သည်..."Ah သေပါပြီ
😄ငါအခုတော်တော်ကိုစိတ်ရှည်နေတာနော်မင်းရဲ့ခြေထောက်မကျိုးချင်ဘူးဆိုရင်
ငါ့ကိုလာမထိနဲ့ ကြားလားကုတင်စုတ်"
YOU ARE READING
Sugar...
Romanceရှမ်း တရုတ် ကပြား သူဌေးသားလေး အင်းလေးသွားရင်း အမှတ်မထင်တွေ့ခဲ့တဲ့လူအပေါ် ချစ်ခြင်းဖွဲ့ခဲ့မိရာမှ....