"အရက်ရေ...ဒီကောင်ကြီးကအေးတယ်
ထင်ရပေမဲ့ တကယ်ကကြိတ်ထန်ကြီးနော်
honeymoonထွက်ပြီးမြန်မာနိုင်ငံပြန်လာရင်
မင်းလမ်းလျှောက်နိုင်ဖို့မျှော်လင့်တယ်"" Umm "
" သွေးသစ်ပိုင် မင်း... "
Ha Ha Ha Ha Ha . . . . . .
အပေါင်းအသင်းများအုပ်စုလိုက်ဝိုင်းဟားကြ
သောကြောင့်ရှုက်သွေးဖျာကာမျက်နှာတစ်ခုလုံး
နီရဲနေသောအရှိုက်နက်ကိုကြည့်ပြီး မူး လည်း
ရှက်ရှက်နှင့်ပင်ရောယောင်ကာဝင်ရယ်မိသည်" မင်းတို့တွေကြည့်ပါအုံးကွာ
ဒီကောင်ကြီးငါ့စကားကြောင့်ဖြစ်ပျက်နေတာ
ဟျောင့် အရက်ရှက်ဖို့လဲထားပါအုံး
မသိရင်Americanသွားပြီးဥပုဉ်သွားစောင့်မှာကျနေတာပဲ ""သွေးသစ်ပိုင် မင်းရဲ့ပေါက်ကရပါးစပ်ပေါက်
ကြီးကိုပိတ်ထားလို့မရဘူးလား"" 😷 🤧
ဟာ...အဲ့လိုနော် မင်းငါ့ကိုပြောတယ်ပေါ့...
ငါ မင်းအမေနဲ့လဲတိုင်ပြောမယ် ရဲနဲ့လဲတိုင်ပြောမယ် "Ha Ha Ha Ha Ha . . . . . .
ရယ်သံများလွင့်စင်နေသောစားပွဲဝိုင်း၌ မူးတစ်
ယောက်နစ်မျောနေရင်း ခြံအပြင်ဘက်
အမှတ်တမဲ့ကြည့်မိချိန် ဝေဝါးနေသောအဝေး
တစ်နေရာမှမှောင်ရိပ်သန်းနေသောအရာတစ်ခု
ကိုမြင်မိသောကြောင့်ခြံတံခါးနားသွားလိုက်
ပြီး...တံခါးကိုဖွင့်လိုက်ချိန်...
.
.
." ထိုက်စံ "
အံသြစွာဖြင့်ရေရွတ်မိသောမူး၏အာမေဍိတ်သံတစ်ခုကိုမျက်ရည်စက်အပြည့်ဖြင့် ကြက်သေ
သေနေသောမင်းထိုက်စံတစ်ယောက်
လက်မခံနိုင်ခဲ့ပေ...တစ်ဦးက အံသြမှုနှင့်ပျော်သဲ့သဲ့ခံစားချက်တို့
ရောယှက်နေပြီး...နောက်တစ်ဦးကတော့ ဆို့နင့်မှုနှင့်ပြင်းထန်မှု
တစ်ချို့တို့ရောထွေးနေခဲ့သည်...ထိုသူနှစ်ဦးမျက်နှာချင်းဆိုင်နေကြသည်မှာ
မိနစ်အနည်းငယ်မျှရှည်ကြာနေခဲ့အပြီး..." ထိုက်စံ မင်းအခုနိုးလာပြီပေါ့
ငါမင်းကိုစိတ်ပူ..."စကားပြောရင်း လဲနေသူမင်းထိုက်စံကိုထူမပေးရန်ကြိုးစားသော မူး ၏လက်များကိုမင်းထိုက်စံ
ငြင်းပယ်လိုက်ရာ...
YOU ARE READING
Sugar...
Romanceရှမ်း တရုတ် ကပြား သူဌေးသားလေး အင်းလေးသွားရင်း အမှတ်မထင်တွေ့ခဲ့တဲ့လူအပေါ် ချစ်ခြင်းဖွဲ့ခဲ့မိရာမှ....