"ထိုက်စံ ဘယ်သွားမလို့လဲ"
"အစ်ကို့ကိုကားတင်ပြေးလာတာ"
"ဘာ...
မင်း...မင်း...ဘာလုပ်တာလဲ
ကားရပ်စမ်း ဟျောင့် အခုရပ်
ငါ ကားပေါ်ကခုန်ဆင်းမှာနော်"သတ်မှတ်နှုန်းထက်အကန့်အသတ်မဲ့ပိုမောင်း
နေသောကားပေါ်မှခုန်ဆင်းမည်ဆိုသော
မူး၏စကားကို မင်းထိုက်စံကြားသောအခါ..."ဆင်းလေ
အစ်ကိုဆင်းသွားရင် ကျွန်တော်လည်းကား
မှောက်အောင်လုပ်လိုက်မယ်နှစ်ယောက်အတူသေကြတာပေါ့
မလုပ်ရဲဘူးမထင်နဲ့"
"တောက် "
.
.
.အာ.........
မူး ဒေါသကြီးစွာဖြင့်ကားရှေ့သို့လက်သီးဖြင့်
ဆွဲထိုးလိုက်သော်လည်း မင်းထိုက်စံမှာ
နည်းနည်းမှမဖြုံ......................................
အချိန်တစ်ခုသို့ရောက်သောအခါ
ပေ20အရွယ်သာရှိသောသစ်သားအိမ်လေး
တစ်လုံးရှေ့တွင်ကားကိုရပ်လိုက်လေသည်။ထိုအိမ်ဘေးပတ်လည်တွင်ကား သစ်ပင်တစ်ချို့
နှင့် ပျက်စီးဆွေးမြေ့နေသောသွပ်အပိုင်းအစ
များမှတစ်ပါးအခြားမတွေ့ရချေ...လူအသွားအလာမရှိသောကြောင့်လူပြတ်
ဟန်လည်းတူသည်...မင်းထိုက်စံလည်းကားတံခါးဖွင့်၍ မူး ကိုလက်
ဆွဲခေါ်လာပြီးအိမ်ထဲဝင်လေသည်...အထဲရောက်သောအခါ ချက်ချင်းလက်ငင်း
အခန်းတံခါးဖွင့်၍ဝင်ရန်ပြင်နေသောကြောင့်
မူး လည်းလက်ကိုအတင်းခါချကာ မင်းထိုက်စံကိုဆွဲထိုးပြီး
.
.
.
ပြီးတော့ နောက်ထပ်လက်သီးတစ်ချက်...2ချက်3ချက်လောက်ဆက်တိုက်အထိုးခံရသော
ကြောင့်နံရံနှင့်ကျောပြင် ပူးကပ်နေခဲ့သော
မင်းထိုက်စံမှာ မူး ၏လက်အားမရရအောင်ဆွဲ
ချုပ်၍အခန်းထဲဝင်ကာ...မူး အားအိပ်ယာပေါ်ဆောင့်ချလိုက်ပြီး
"အစ်ကိုအဲ့ဒီလူကိုအရမ်းချစ်နေတယ်ပေါ့
ချစ်လွန်းလို့ surprise လုပ်ပေးပြီး
ချစ်တယ်လို့ပြောခဲ့တယ်ပေါ့ ဟုတ်လား"
YOU ARE READING
Sugar...
Romanceရှမ်း တရုတ် ကပြား သူဌေးသားလေး အင်းလေးသွားရင်း အမှတ်မထင်တွေ့ခဲ့တဲ့လူအပေါ် ချစ်ခြင်းဖွဲ့ခဲ့မိရာမှ....