အချိန်တွေအကုန်မြန်လိုက်တာ...
.
.
.
ဘာလိုလိုနဲ့
.
.
Decemberတောင်ရောက်ခဲ့ပြန်ပြီ...
.
.
.
ဒါဆို မူး နဲ့မတွေ့ဖြစ်တာ2လလောက်ရှိပြီပေါ့...အရှိုက်နက်တစ်ယောက်ကုတင်ပေါ်၌ခြေချိတ်
ထိုင်ကာဆေးလိပ်ဖွာနေပြီးအတွေးနယ်ချဲ့နေ
သည်...ဘာရယ်တော့မဟုတ်ချစ်ရသူမူးအားမတွေ့ဖြစ်အောင်ရှောင်ဖယ်နေရ၍ဘဝဟာခြောက်ကပ်
လွန်းသောကြောင့်cigaretteကိုအဖော်ပြုနေ
ရခြင်းပေသာ...မယှဉ်ပြိုင်ခင်ကတည်းကရှုံးမယ်လို့ကြိုသိနေတဲ့
ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်ခြင်းသာအဓိက ဆိုသော
စိတ်ဓာတ်ကိုမထည့်သွင်းနိုင်...ဟိုးအရင်တည်းကမူးရဲ့ဘေးနားမှာရှိနေတဲ့
မင်းထိုက်စံကိုကျော်ပြီးမူးကငါ့ကိုရွေးချယ်ပါ့
မလား...ဒါမှမဟုတ်မူးကယောက်ျားလေးအချင်းချင်းကို
ပြန်ပြီးချစ်နိုင်ပါ့မလား...2လတာအချိန်ယူခဲ့ပြီးပေမဲ့လည်းသတိရစိတ်နဲ့
တမ်းတစိတ်ကလတ်ဆတ်နေဆဲ...အချင်းချင်းတွေ့တာဘယ်လောက်မှမကြာ
သေးပေမဲ့ခိုင်မာစွာချည်နှောင်မိသွားတဲ့ဒီကြိုးကို
အပြတ်ဖြတ်ပစ်ဖို့ကြိုးစားနေတဲ့ကာလမှာပဲ
မူးရဲ့မျက်နှာလေးကမျက်ဝန်းထဲခဏခဏ
ထင်ဟပ်လာတာ...မူးအခုချိန်ဘာလုပ်နေလဲသိချင်တယ်...
မင်းထိုက်စံဆိုတဲ့ကောင်လေးနဲ့များရှိနေမလား...
.
.
.
ရှိလဲဘာဖြစ်လဲ...မင်းထိုက်စံကမူးကိုအရမ်းချစ်တာပဲလေ...
ဘာများစိတ်ပူနေသေးလဲ...မူး...
.
.
.
သတ္တိမရှိတဲ့ကိုယ့်ကိုပဲမေ့ပစ်လိုက်ပါ...
.
.
.
.
.
.
ကိုယ့်ဘက်ကတော့မူးကိုမေ့ပစ်နိုင်ပါ့မလားဆို
တာကိုမသေချာပေမဲ့လည်း...ထိုအချိန်အရှိုက်နက်ဖုန်းမြည်သံကြား၍
screenကိုမကြည့်တော့ဘဲချက်ချင်းကောက်
ကိုင်လိုက်ရာ..."ကို.. န...နက်..."
ဖုန်းချလိုက်ချင်ပါသော်လည်းနှလုံးသားရဲ့ပင့်
တင်ထားမှုဖြင့်ဖုန်းကိုင်ထားသောလက်ကဘယ်
ဘက်နားဖြင့်ခွာ၍မရ...
YOU ARE READING
Sugar...
Romanceရှမ်း တရုတ် ကပြား သူဌေးသားလေး အင်းလေးသွားရင်း အမှတ်မထင်တွေ့ခဲ့တဲ့လူအပေါ် ချစ်ခြင်းဖွဲ့ခဲ့မိရာမှ....