ခမ်းနားထည်ဝါနေသည့် Stageအပြင်အဆင်၊ တဖြတ်ဖြတ်တောက်ပနေသည့် အလှဆင်မီးသီးများ၊နူးညံ့လှသည့် ကော်ဇောနီထက် နိုင်ငံကျော် သရုပ်ဆောင်မင်းသား "အေး"တစ်ယောက် လျှောက်လှမ်းလာသည်။ အလုအယက်တိုးဝှေ့အော်ဟစ်နေတဲ့ ပရိသတ်များကို အချိုမြိန်ဆုံးပြုံးပြနေသည့် အေးရဲ့အပြုံးက fanတွေအတွက်တော့ အားဆေးတစ်ခုလို၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့ အေးကို လုပ်ဖော်ကိုင်ဖက်များက မနာလိုကြသည်။ မနာလိုဖို့ကောင်းတဲ့သူ့ရဲ့အောင်မြင်မှုပဲလေ၊ နိုင်ငံကျော်လို့နာမည်တပ်ထားပေမယ့် အရှေ့တောင်အာရှကနေ ဥရောပထိသူ့အောင်မြင်မှူက ကျော်စောသည်။ နေရာတိုင်းမှာ fanအပြည့်နဲ့။ သရုပ်ဆောင်တာလည်းကောင်း၊ အသက်ငယ်ငယ်နဲ့ကြိုးစားလွန်းတာကြောင့် အောင်မြင်နေခြင်းပင်။
ထူပီးမည်းနက်နေတဲ့မျက်ခုံး၊ စူးရှတောက်ပလွန်းတဲ့မျက်လုံး၊ ဆွဲဆောင်မှူရှိတဲ့ ပန်းရောင်နှူတ်ခမ်းပါးတွေကိုပိုင်ဆိုင်ထားတာက အေးအတွက်ဘုရားကပေးထားတဲ့ဆုလာဘ်တစ်ခုပါ။ ဒီနေ့ပွဲတက်လာတော့လည်း အနက်ရောင် Suitနဲ့ smartဖြစ်လွန်းနေတာကြောင့် အားလုံးငေးမောနေရတဲ့အေးပါ။
"မင်္ဂလာပါ အေးခင်ဗျ"သတင်းသမားတွေစုပုံပီးအေးနားကိုရောက်လာကြပါပီ။ ထုံးစံအတိုင်း အေးအတွက်စိတ်ရှုပ်စေမည့်မေးခွန်းများစွာမေးကြအုံးမည်။ အေးကလည်း ထိုမေးခွန်းတွေကို ပညာသားပါပါဖြေပြအုံးမှာမို့ အေးရဲ့မန်နေဂျာကတော့ မျက်ခုံးတွေလှုပ်နေပါပီ။
"ဟုတ်ကဲ့ဗျ"
ပြုံးပီးပြန်နှုတ်ဆက်လိုက်တဲ့အေး၊ပြုံးလိုက်တိုင်းပေါ်လာတဲ့ ဖြူဖွေးနေတဲ့သွားတန်းတန်းလေးတွေက ဆွဲဆောင်မှူအပြည့်နဲ့..
"ဒီနေ့ပွဲအပေါ် အေးရဲ့အမြင်လေးပြောပေးပါအုံး "
"Promotion ပွဲတစ်ပွဲမို့ သိပ်ကောင်းတဲ့ပွဲတစ်ပွဲပါ"
