Part-2

2.2K 221 2
                                    

"ဘွန်း...ဘွန်း ....ကျွီး...."
"P Pond Pဘယ်လိုရပ်လိုက်တာလဲ
လူတွေဝိုင်းကြည့်ကုန်ပြီ"
Pond: ကြည့်တော့ဘာဖြစ်လဲ ကြည့်ခံရအောင် သက်သက်လုပ်တာ ဟားဟား
Plan: ထားပါတော့... P ဒါနဲ့
Plan တို့အခန်းက ဘယ်နားမှာလဲ P သိလား နောက်ပြီး Plan ကျောင်းသားရေးရာလည်းသွားချင်တယ် uniformထုတ်ရမယ် စာအုပ်လည်းမဝယ်ရသေးဘူး တက္ကသိုလ်မှာ ဆေးခန်းရောရှိလား အနာတွေကိုဆေးထည့်ချင်တယ် ဗိုက်လည်းဆာနေပြီ Canteen ကဘယ်နားမှာလဲ... P P
Pond: ဟွေး... ဖြေးဖြေး ပြောပါဟ
ငါဘာကိုအရင်စဖြေရမှန်းမသိတော့
ဘူး... အခုဆိုင်ကယ်ပေါ်ကအရင်ဆင်း ပြီး အခန်းထဲမှာအရင်ထိုင်ဆောင့်နေ P သွားစရာရှိလို့...
(Plan လေးလည်း Pond ကိုအားပြုဆင်းရင်း)
Plan: P..ဘယ်သွားမှာလဲ ကြာမှာလား
Plan ကိုတစ်ယောက်တည်းထားခဲ့တော့မလို့လား.. P.. P
Pond: အွေး... Plan မင်းစကားများလှချည်လား ကြက်တူရွေးကျနေတာဘဲ..
Plan: Plan ကသွက်တာပါ သွက်တာပါ P...
Pond: အေးပါ အေးပါ ထားပါတော့...
P မကြာပါဘူး ၁၀မိနစ်လောက်ဘဲ
ဟုတ်ပြီလား ? Plan ဗိုက်ဆာနေရင်
ရော့.... ဒါလေးစားထား
(Pond က Plan ကို အသည်းပုံစံရှိတဲ့သကြားလုံးလေးထုတ်ပေးလိုက်တယ်)
Plan: P... သကြားလုံးကြီးက ဘယ်လိုဗိုက်ဝ မှာလဲ....
Pond: အွေး...ငါလည်းမသိတော့ဘူး
မင်း အခန်းထဲလည်းရောက်ပြီ
၁၀ မိနစ်နေပြန်လာခဲ့မယ် ဒီမှာဘဲစောင့်နေဟုတ်ပြီလား....
(Pond လည်း ခပ်သွက်သွက်ပြေးပြီး ထွက်သွားတယ်)
Plan: P.. P Pond.. အွီး ငါ့ကိုညာသွားတာလားမသိဘူး ... ဘာဘဲဖြစ်ဖြစ် ဟိုဘဝင်ရူးထက်တော့သာတယ် ပြီးတော့ အဲ့ကောင်ထက်လည်း ပိုချောတယ် ... (ငိငိ လင်ထောင်တော့မယ်ပေါ့ ကွီး Plan က😅)
Pond: ဟေ့ လူတွေ ခင်ဗျားတို့ဘာလုပ်နေတာလဲ.. 🔥
(Pond က Plan ဆိုင်ကယ်တိုက်မိတဲ့နေရာကိုပြန်သွားတာပါ. အဲ့အချိန် လူနှစ်ယောက် ဆိုင်ကယ်ကို အလစ်သုတ်ဖို့လုပ်နေတာကို တွေ့သွားတာပါ...
Pondကိုလည်းမြင်ရော အဲ့လူနှစ်ယောက်မလုံမလဲ ထပြေးမယ်လုပ်တော့...)
Pond: နေဦး.... ပြန်လာခဲ့
ဆိုင်ကယ်နံပတ်ပြား ဖြုတ်ပေးခဲ့
ကျန်တာအကုန်ယူသွား ဟုတ်ပြီလား
(ဟို လူနှစ်ယောက်လည်းကြောင်တောင်တောင်နဲ့ သူ့ကိုရှိန်ပြီး သူပြောသလိုလုပ်ပေးလိုက်တယ်.. )
(နောက် မိနစ် ၃၀ နေတော့......)
Plan: P.. ဘာလို့အခုမှပြန်လာတာလဲ ပြောတော့၁၀ မိနစ်ဆို အခု မိနစ်၃၀ကျာ်တောင်ကြာတယ်...
Pond: မင်းဘဲ ဗိုက်ဆာတယ်ဆို .. canteen ဝင်ပြီး မနက်စာဝယ်နေတာလေ
ရော့ ဒီမှာ မင်းအတွက် ....
Plan: wow.. Plan အကြိုက်တွေချည်းဘဲ
Pond: နေဦး... ငါ့အတွက်လည်းချန်ထားဦး ဟက်ဟက်
Plan: ကောင်းပါပြီ P Pond ...(စပ်ဖြဲဖြဲပြုံးပြီး)
Pond: Plan မင်းခြေထောက်ကအနာခဏပြ
Plan:ဘာလို့လဲ P..
Pond: ငါဆေးဝယ်လာတယ် ဆေးထည့်ပေးမလို့
Plan: P ဆေးဝယ်လာတယ် ဟုတ်လား အဲ့တာကြောင့် P ကြာနေတာကိုးPlan တောင်းပန်ပါတယ်နော် P.. Plan မသိဘဲ အပြစ်တင်မိလို့ 😞
Pond: မင်းကတော့ တတ်လည်းတတ်နိုင်တယ် အမျိုးမျိုးဘဲ (ရယ်လျက်)😂
Plan: Plan ကိုဆေးပေးလေ Plan ဘာသာ လိမ်းလိုက်မယ်😀
Pond: ကိုယ့်ဘာသာစားစမ်းပါ ငါလ်ိမ်းပေးမယ် တော်ကြာ ဆေးလိမ်းလိုက် အစာစားလိုက်နဲ့ အဆိပ်သင့်မှ ငါအမှုပတ်နေမယ်...🙄
ဟားဟား
Plan: P Pond... နော် ( နှုတ်ခမ်းကြီးဆူပြီး ခြေထောက်ကို ထုတ်ပေးလိုက်တယ်..🙄
ဆေးလိမ်းပြီး နှစ်ယောက်သား မနက်စာကို Plan တို့အခန်းထဲမှာစားလိုက်ကြတယ်)
Plan: P.. မနက်စာအတွက်ရော ဆေးတွေအတွက်ရော ကျေးဇူးပါနော်...
Pond: ရတယ် ကျေးဇူးမတင်ပါနဲ့
ငါတို့ကသူငယ်ချင်းတွေဘဲ
Plan: သူငယ်ချင်းတွေ ဟုတ်လား P
တကယ်ပြောတာလား...
Pond: တကယ်... (ပြုံးလျက်)
Plan: ဟေး... ပျော်လိုက်တာ ရုပ်ချောသဘောကောင်းတဲ့ P က ငါ့သူငယ်ချင်းကွ...
Pond: ဟားဟား မင်းကတော့ မြှောက်ပင့်ပြောတတ်တာဘဲ.. ကဲပါ ဒါတွေထားတော့ မင်းအခုဘယ်သွားချင်လဲ ငါဘယ်လိုက်ပို့ပေးရမလဲ
Plan: Plan ကျောင်းသားရေးရာသွားချင်တယ် .. uniform နဲ့ စာအုပ် သွားဝယ်ရမယ်
Pond: ကောင်းပြီလေ..အဲ့တာဆို အခုဘဲသွားကြတာပေါ့.. ဒါနဲ့ မင်း လမ်းလျှောက်လို့အဆင်ပြေလား ...
Plan: နည်းနည်းတော့နာနေသေးတယ်
Pond: ဒါဆို P ကုန်းပိုးရမလား ... (ရုတ်တည်ကြီးနဲ့)
Plan: ဗျာ... ( Planလေးကြောင်တောင်တောင်ရုပ်ဖြစ်သွားတယ်)
Pond: အွေး...P ကစတာကိုမင်းရုပ်ကြီးကဘာဖြစ်သွားတာလဲ... စတာပါဟ...(အသားယူချင်နေတာပါ ထန်ထန်က)
Plan: ဪ... စတာလား.. မသိပါဘူး
Plan ကစဉ်းစားနေတာ P လိုပိန်ပိန် လေးက Plan ကိုဘယ်လိုကုန်ပိုးမှာလဲလို့... ဟားဟား (ချော်လဲရောထိုင်လိုက်တာပါ တကယ်တော့ Pond စကားကြောင့် Plan ကသိကအောက်နဲ့ ရှက်မိသွားတာပါ)
Pond: ထားပါ တစ်ရက်တော့ မင်းကို
ငါ့ Body ဘယ်လောက်ကျစ်ပြီး ငါဘယ်လောက်သန်လဲ ပြပေးရမှာပေါ့
Plan: ဟုတ်ပါပြီ ဟုတ်ပါပြီ ...ဟားဟား
( နှစ်ယောက်သား ပြုံးစိစိနဲ့ ကျောင်းသားရေးရာကိုထွက်လာတယ် Plan လေးကတော့ Pond ရဲ့ ပုခုံကိုအားပြုရင်း ထော့နဲ့ထော့နဲ့နဲ့
ကျောင်းသားရေးရာ အဆောင်ကိုဝင်လိုက်တယ် ဆိုရင်ဘဲ....)
Plan: ဟို ဘဝင်ရူးကောင်... မင်းလုပ်ထားပြီးတော့ တာဝန်ယူရမှန်းတောင်းပန်ရမှန်းမသိတဲ့ကောင် မင်းရှက်ရမှန်းမသိဘူးလား??
(Mean လည်း ကျောင်းသားရေးရာမှာ စာအုပ်လာဝယ်တာပါနော်)
Mean: အပေအတေ အလေလွင့်တွေ...
(နှုတ်ခမ်းကမဲ့ပြီးစောင်းကြည့်ပြီး မသိချင်ယောင်ဆောင်ပြီး သူတို့ဘေးကထွက်သွားတယ်)
Pond: Plan...အဲ့လိုကောင်ကိုသွားပြောမနေနဲ့ မိန်းမလိုမိန်းမရနဲ့ သူရဲဘောကြောင်တဲ့ကောင် အဖေအရှိန်နဲ့ဘဝင်လေဟပ်နေတဲ့ကောင်...ထွီး..
(Mean ကြားအောင် အကျယ်ကြီးအော်ပြောလိုက်တယ်... Mean ကတော့ မကြားချင်ယောင်ဆောင်သွားတယ်)
Plan: P.. သူ့ကိုသိလား (အံသြလျက်)
Pond: အင်း သူ့နာမည်က Mean ဒုတိယနှစ် Business Management တက်နေတာ ပြီးတော့ ငါ့ရဲ့ရန်သူ..
Plan: တကယ်လား...P
Planလည်းသူ့ကိုမုန်းတယ် ပြီးတော့ ဒီနေ့ကစပြီး အဲ့ Mean ဆိုတဲ့ကောင်ကPlan ရဲ့ရန်သူဘဲ...

🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳
vote ကြပါနော်
မင်မင်လည်းအတတ်နိုင်ဆုံးစိတ်ကူးသန်သလောက်ရေးထားပါတယ်
အားဆေးဂCommentလေးတွေလည်းမြင်ချင်မိပါတယ်❤️❤️❤️

MeanPlan & Pond (complete)Where stories live. Discover now