Part-5

1.6K 146 1
                                    

နောက် နာရီဝက်နေတော့ Plan အိမ်ရှေ့မှာ....
တီတီ....ဘွန်း ဘွန်း
Plan: P Pond ရောက်ပြီထင်တယ်...
အမေရေ ကျနော် အပြင်ခဏသွားမလို့...
Planအမေ: ဘယ်သွားမှာလဲ Plan..ခြေထောက်နာနေတယ်ဆို
Pond:သက်သာနေပါပြီ အမေ (လိမ်တာ)
သူယ်ချင်းနဲ့ မနက်စာသွားစားမလို့
Planအမေ: Plan.. သားဂရုစိုက်သွားနော်..

(Plan ပြန်တောင်မဖြေနိုင်ဘဲ...အိမ်ရှေ့ကိုထွက်သွားတယ်..)
Plan: အိုဟိုး... P Pond တကယ်ကြီးလာတာဘဲ...
Pond: အိုး...တကယ်ပေါ့ဟ
လာ ... အနောက်မှာထိုင် မနက်စာသွားစားကြမယ်...
Plan: ဟုတ်ကဲ့... P
(Plan တက်မယ်လည်းပြင်ရော... ဘေးက ကားတစ်စီး ဟွန်းသံအကျယ်ကြီး တီးပြီး ဝူးခနဲ ဖြတ်သွားတယ်... Plan ရော Pond ပါလန့်သွားတယ်)
Pond: တော်တော်ရိုင်းတဲ့ကောင်ဘဲ...
သူမောင်းလာတဲ့နှုန်းနဲ့သာတိုက်မိလို့ကတော့.... တောက် Plan ခဏနေဦး...
Plan: ဘာလို့လဲ..P
Pond:အဲ့ကောင် $ခွက်ကိုသွားထိုးမလို့
Plan: အော်.. P ရယ် ထားလိုက်ပါ
အဲ့လို အဆင့်တန်းမရှိတဲ့ကောင်တွေနဲ့ ရန်မဖြစ်ပါနဲ့...
နောက်ပြီး Plan ဗိုက်အရမ်းဆာနေပြီ...
Pond: အော... အေးပါကွာ
(ခေါင်းလေးကိုပုတ်လိုက်ပြီး)
တက်တက် သွားကြမယ်ဒါဆိုလည်း
Plan: ဟီး (စပ်ဖြီးဖြီးနဲ့)
(အဲ့အချိန် ကားထဲမှ ခပ်ထန်တဲ့မျက်နှာနဲ့ Mean ထွက်လာတယ်... သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့ထွက်သွားတော့ နောက်ကျော ကိုဘဲမြင်လိုက်တယ် အဲ့တာကြောင့် ဘယ်သူမှန်းမသိလိုက်ဘူး)
Tan:သခင်လေး Mean ပြန်လာပြီးလားခင်ဗျ ပစ္စည်းတွေအကုန်နေရာချပြီးပါပြီခင်ဗျ... သခင်လေး ဘာခိုင်းစရာရှိသေးလဲမသိဘူး ခင်ဗျ... မရှိရင် Tan ပြန်ပါတော့မယ် ခင်ဗျ..
Mean: မရှိဘူး .. ပြန်တော့ (လေသံမာမာနဲ့..)
Tan: ဟုတ်ကဲ့ ခင်ဗျ
( Mean လည်း အိမ်ပေါ်ကိုတက်ပြီး သူကျောင်းသွားဖို့ လိုတာတွေထည့်ပြီး ...)
Mean: ဟူး..... ငါ့ဘဝ မှာ ဘယ်သူ့မှ မရှိဘူး ဘယ်သူ့မှလည်းမချစ်ကြဘူး ချစ်တဲ့သူကိုလည်း ကွဲအောင်လုပ်ကြတယ်...
တောက်.. အဲ့ကောင်ကြောင့် Pond ငါမင်းကို တစ်သက်မကြေဘူး....
(နောက်ပိုင်းမှပြောပြမယ် ဘာလဲဆိုတာ..)
(Meanနေတဲ့အိမ်က နှစ်ထပ်တိုက် အသေးလေးပါ... Meanအရင်အိမ်လိုတော့ ရေကူးကန်တွေဘာတွေမပါပေမယ့်
မိသားစု ၄ယောက်လောက် အသာလေးနေလို့ရတဲ့ အိမ်ကောင်းပါ...ဒါပေမယ့်အဲ့ရပ်ကွက်က ဒိတ်ဒိတ်ကြဲတွေနေတဲ့ရပ်ကွက်တော့မဟုတ်ပါဘူး... Mean ကကြီးကျယ်တဲ့စိတ်လေးရှိလို့ပါ အဲ့တာကြောင့် အဲ့အိမ်ကိုအစုတ်အပြတ်လို့သတ်မှတ်ထားတာပါ)
(Meanလည်းအရင်အကြောင်းတွေကိုတွေးရင်း ကျောင်းကိုကားမာင်းထွက်လာခဲ့တယ်)
(Planနဲ့Pond ကတော့...မနက်စာစားနေတာပေါ့)
Pond: Plan ဖြေးဖြေးစား ... နင်ဦးမယ်
Plan: အော်.. P ကိုစောင့်နေရတာ Plan ပိုပြီး ဗိုက်ဆာလို့ပါ P...
Pond: ဟားဟား အေးပါကွာ အေးပါ
Plan: အော်...ဒါနဲ့ P ... Planကိုပြစရာရှိတယ်ဆို ဘာပြမှာလဲ
Pond: အော် မင်းဆိုင်ကယ်ရပြီ...
Plan: အောင်း ... P ပြောတော့ နှစ်ရက်နေမှဆို.. မြန်လှချည်လား
Pond: ဘာလဲ အခုမယူချင်သေးလို့လား
ဒါဆိုလည်း မနက်ဖြန်မှယူလေ
Plan: အိုးဟိုး P ကလည်း Plan က စတာကိုး ဟီးဟီး ဒါဆိုစားပြီး သွားယူကြမယ်လေ
Pond: အင်း (ပြုံးပြီးကြည့်နေတယ်)
(တအောင့်ကြာတော့...)
Plan: P Pond.. ဒါကျောင်းကအဆောင်တွေမဟုတ်လား Pပြောတော့ ဆိုင်ကယ်သွားယူမှာဆို...
Pond: အွေး ဟုတ်တယ်လေ...
Plan: P ဘာလုပ်မလို့လဲ အဆောင်ကိုလာပြီး (Plan ကြက်သေသေပြီး ကြည့်နေလေရဲ့)
Pond: အောင်း... Nong မင်းဘာတွေတွေးနေတာလဲ ငါက အဆောင်မှာနေတာ မင်း ဆိုင်ကယ်ကို အဆောင်က ဆိုင်ကယ်သိမ်းတဲ့နေရာမှာ သိမ်းထားတာ...
Plan: အော် ... ဒီလိုလား ဟီး ...
Pond: အေး... (ခေါင်းခါပြီးရယ်သွားတယ်)
Pond: ရော့... ဒီမှာ ဆိုင်ကယ် သော့
Plan: wow......P ဆိုင်ကယ်က အသစ်တိုင်းဘဲ... ဒါနဲ့ P ဆိုင်ကယ်သော့က သော့ချိတ်လေးရော...
Pondစိတ်ထဲမှာ💭သွားပြီ ငါနံပတ်ပြားဘဲဖြုတ်ခဲ့လိုက်တာ သော့ချိတ်ကိုမဖြုတ်ခဲ့မိဘူး... သူတပ်ထားတာငါဘယ်လိုသိမှာလဲ...မထူးပါဘူး အမှန်တိုင်းဘဲပြောလိုက်တော့မယ်💭
Pond: Plan တကယ်တော့... P ဆိုင်ကယ်အသစ်ဝယ်လိုက်တာပါ
Plan: ဘာလို့လဲ.. P ကျနော်ဆိုင်ကယ်
ပြင်လို့မရအောင် စုတ်သွားလို့လား
Pond: မင်းဆိုင်ကယ်ကို ငါသွားပြန်ရှာတော့မရှိတော့ဘူး နံပတ်ပြားဘဲကျန်ခဲ့တယ်(လူလိမ်) အဲ့တာကြောင့် အဲ့နေ့ညနေက မင်းကိုအိမ်ပို့ပြီးတာနဲ့ ငါချက်ချင်းသွားဝယ်ပေးတာ တထပ်တည်းတူတာရှာနေလို့ နောက်ကျမှအိပ်ရတယ်...
Plan:ဟုတ်လား.. အားနာလိုက်တာ P ဒါဆိုလည်း P ဝယ်ပေးစရာမှမလိုတာ Plan မယူပါရစေနဲ့
Pond: မင်း မယူလည်း ငါမှမစီးတာ
ငါ့မှာ စီးစရာဆိုင်ကယ်ရှိတယ်လေ
Plan: ဒါပေမယ့်လည်း P...
Pond: ဒါဆိုလည်း ဒီလိုလုပ် ငါခိုင်းစရာရှိတဲ့အခါ မင်းလုပ်ပေးရမယ် ငါကိုယ်တိုင်နှုန်းသတ်မှတ်ပေးမယ် မင်းကဆိုင်ကယ်ဖိုးပေးတဲ့သဘောပေါ့ ...သဘောတူလား
Plan: သဘောတူတယ်... Plan ကိုဘာခိုင်းခိုင်းရတယ် Plan ကအရမ်းသွက်တော့ မြန်မြန်လုပ်ပေးနိုင်တယ်(ဘာခိုင်းမယ်မှန်းမသိဘဲ စွတ်ပြော)
Pond: ဒါဆို မင်းဆိုင်ကယ် မောင်းပြီး အိမ်ပြန်တော့... ငါလည်းအဆောင်ပေါ်တက်ပြီး အိပ်တော့မယ်..
Plan: ဟုတ်ကဲ့ P ကျေးဇူးအများကြီးတင်ပါတယ်
Pond:နေဦး... မင်းခြေထောက်နဲ့ မောင်းလို့အဆင်ပြေရဲ့လား
Plan: အိုး P ကလည်း စက်ဘီးမှမဟုတ်တာ ရတာပေါ့... (လိုချင်တာရတဲ့ရုပ်နဲ့ပြန်ဖြေလိုက်တယ်)
Pond:အဲ့တာဆိုလည်းဂရုစိုက်မောင်း...
bye
Plan: Bye.. P
( Plan အိမ်ပြန်ရောက်တော့ ...)
Planစိတ်ထဲမှာ:💭P ကငါ့ကိုဘာတွေခိုင်းမှာလဲ ဘာကြောင့် ငါ့အပေါ်ဒီလောက်ကောင်းနေရတာလဲ...အာ မသိဘူး ဘာဘဲဖြစ်ဖြစ် ဆိုင်ကယ်အသစ်ရလို့ပျော်တယ်💭)
(Plan လည်း အတွေးလွန်ပြီး အိပ်သွားတာ ညနေရောက်သွားရော...)
Planအမေ: Plan သား... ထတော့လေ သားဘယ်အချိန်တည်းကအိပ်နေတာလဲ
အမေအိမ်မှာမရှိတာနဲ့ ထမင်းလည်း ထမစားဘူး...
သားနေလို့ရောကောင်းရဲ့လား ...
Plan: အ... မေ(အိပ်ချင်မူးတူးနဲ့)
Planအမေ: ထပြီး ထမင်းစားဦး ..
ပြီးရင် Gucci လေးကိုထိန်းဦး အမေ ဆိုင်ပြန်သွားရမှာ
(Plan အမေက စားသောက်ဆိုင်ဖွင့်ထားတာပါ.. Plan အဖေနဲ့အမေက ကွာရှင်းထားတာပါ Broken Family ပါ Planအမေက Single Mother ဘဝနဲ့ သူတို့မောင်နှမနှစ်ယောက်ကိုကျွေးမွေးလာတာပါ)
Plan: ဟုတ်ကဲ့.. အမေ
(Planလည်း ထမင်းစားသောက်ပြီး ခြံထဲမှာ Gucci ကိုထိန်းရင်း)
Plan: ရော့... Gucci ဒီဘောလုံးကို ရအောင်ဖမ်း...
ဟုတ်ပြီ တော်တယ်ကွ ...ဒီမှာ နောက်တစ်ခေါက် ထပ်ပစ်ပေးမယ် ရော့...
(Plan ပစ်လိုက်တာ ခြံပြင်ရောက်သွားတယ်)
Plan: အောင်း... ခြံပြင်ရောက်သွားပြီ Gucci ခြံထဲမှာဘဲနေနော်P.ဘောလုံးသွားကောက်ပြိးပြန်ခဲ့မယ်
(အဲ့အချိန် ... ဖောင်း ဆိုတဲ့အသံတစ်သံ..
Gucci ဘောလုံးလေးကို ကားတစ်စီးတက်ကြိတ်လိုက်တယ်..)
Plan: (ကားထဲကိုကြည့်ပြီ)ခင်ဗျားဘယ်လိုမောင်းလိုက်တာလဲ... အခုထွက်ခဲ့
(ကားထဲမှ... လူငယ်လေးတစ်ယောက်ထွက်လာပြီး သူ့ကားတာယာကိုကြည့်နေတယ်.. Plan ကတော့ ဘောလုံးအကွဲလေးကိုလက်နဲ့ကိုင်ပြီး...)
နှစ်ယောက်သားမျက်နှာချင်းကြည့်မိတော့
Plan: မင်း...
Mean: မင်း...
Plan: မင်း ကဘာလဲ .. ဒီအထိတောင် ငါ့ကို လိုက်နှောင့်ယှက်နေတာလား
Mean: မင်းကိုငါကမေးရမှာ ပေါက်လို့ပဲစားကောင်ရဲ့ Mean ကြောင့်ငါအိမ်ပေါ်ကနှင်ချခံရတာ..
Plan: မင်း.. ဒီအိမ်ကိုပြောင်းလာတယ်လို့တော့မပြောနဲ့နော်..
Mean: အဲ့ အိမ်ကိုပြောင်းလာတာမဟုတ်ဘူး နှင်ချခံရတာ... မင်းကြောင့်
Plan: ငါနဲ့ဘာဆိုင်လဲ ... မင်းသေချင်နေပြီလား ငါ့ကိုဘာလိုလာစွပ်စွဲနေတာလဲ..
Meanက Plan ကိုစိုက်ကြည့်နေတုန်းမှာလဲ... Plan က သူ့လက်တွေကို Mean ရဲ့ လက်ပင်းနားက အင်္ကျီစတွေကိုစုစည်းပြီ့ ဆွဲဆောင့်လိုက်တယ်...ပြီးတော့
Plan: နောက်တစ်ခါ ငါ့ကို ပေါက်လို့ပဲစားလို့ခေါ်ရင် မင်းမျက်နှာဖူးရောင်သွားမယ်
Mean: ဟင်း....(မဲ့လျက်)
(Mean က ကားသိမ်းခံရမှာစိုးလို့ ငြိမ်နေတဲ့သဘောပါ)
Plan: တောက်...
(Plan တံခါးကိုဂျိန်းခနဲပိတ်ပြီးအိမ်ထဲပြန်ဝင်သွားတယ်....)
(Meanလည်း သူ့အိမ်ရောက်တော့... ဖုန်းကိုကိုင်ပြီး သူ့အဖေကို ဆက်မယ်ပြင်ရော...)

🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳
စိတ်ပါရင် ညနေ ထပ်ရေးပြီးတင်ပါမယ်
❤️❤️❤️❤️❤️❤️❤️❤️❤️🤗

MeanPlan & Pond (complete)Donde viven las historias. Descúbrelo ahora