Part-28

1.4K 156 2
                                    

Meanက Planကိုအကြာကြီးကြည့်ရင်းတွေဝေနေတယ်

Plan: မင်း..ဒီနေ့ပြောဦးမှာလား
....
Plan: Mean..ငါမေးနေတာဖြေလေ

Mean: aww.. imm ငါပြောတော့မယ်နော် ဒါပေမယ့် မင်းအရမ်းမလန့်သွားနဲ့ ငါအခုလိုပြောပြတာကလည်း မင်းကိုတကယ်ချစ်တာကြောင့် ငါဖုန်းကွယ်မထားချင်ဘူးဆိုတာ သိစေချင်တယ်

Plan: ကဲပါ..လျှာရှည်လိုက်တာ ပြောစရာရှိတာသာမြန်မြန်ပြော

Mean: အင်း......... Plan တကယ်တော့ မင်းအဖေနဲ့ဖောက်ပြန်တဲ့သူဆိုတာ Bas ဘဲ

Plan: ဘာ..Dr.Bas လား

(Planအသံတွေကအရမ်းကိုတုန်လှုပ်သွားတယ်..)

Mean: အင်း..ဟုတ်တယ် နောက်ပြီးရှိသေးတယ် ..ငါမင်းကိုအရင်တည်းက ချဉ်းကပ်ခဲ့တာ

Plan: ဘယ်လို..

Mean: ဟုတ်တယ် Plan ငါမင်းက်ို ကားနဲ့ တမင်တိုက်ခဲ့တာ ..မင်းအဖေကိုမုန်းလို့ သူရဲ့သားဖြစ်တဲ့မင်းကို ငါအညှိူးထားခဲ့တယ်

Plan: ဘာ..မင်းငါ့ကိုအဲ့တည်းကသေစေချင်နေတာပေါ့ ဟုတ်လား Mean

(Plan ..က Meanနားကနေ ခွာပြီး မတ်တပ်ထရပ်လိုက်တယ်.Meanက Plan လက်ကိုလှမ်းဆွဲလိုက်တယ်..)

Mean: ကျေးဇူးပြုပြီး ..ငါပြောအောင်ဆုံးအောင်နားထောင်ပေးပါဦး Plan.. မင်းကိုငါအရင်က အနာတရဖြစ်အောင် လုပ်မိတဲ့အတွက်လည်း ငါအရမ်းနောင်တရမိတယ် တောင်းလည်းတောင်းပန်ပါတယ် ဒါပေမယ့်..ငါမင်းကိုတဖြည်းဖြည်းနဲ့ ချစ်လာမိတယ်ဆိုတာ ငါသိလိုက်ရတယ် မင်းကိုမတွေ့ရတဲ့နေ့ဆို ငါမပျော်ဘူး တစ်ခုခုလိုနေသလိုခံစားရတယ် သေချာတယ်
မင်းငါ့ဘဝတည်းကိုဝင်လာတည်းက ငါအချစ်ကိုတဖြည်းဖြည်းပြန်ခံစားမိလာတယ် ..ဟုတ်တယ် Plan မင်းကိုငါအရမ်းချစ်မိနေပြီ..

(Planကလက်ကိုဆက်ခနဲဖြုတ်ချလိုက်တယ်..)

Plan: တော်စမ်းပါ..လတ်ဆက်သက်တော့ မင်းက ငါတို့မိသားစုကို ကလဲ့စားလာချေတာကိုး ဟင်းငါကတော့ မင်းကငါ့အပေါ်တကယ်ကောင်းလာတယ်ထင်ခဲ့တာ အခုတော့ အလိမ်အညာတွေဘဲဆိုတာ ငါသိလိုက်ရပြီ..မင်းအခုချက်ချင်း ငါ့အိမ်ကထွက်သွားလိုက် ထွက်သွား

MeanPlan & Pond (complete)Tempat cerita menjadi hidup. Temukan sekarang