Part-38

1.5K 144 20
                                    

အဲ့လိုနဲ့သိပ်မကြာလိုက်ပါဘူး စာအုပ်စင်ရဲ့အလယ်ကိုနှစ်ယောက်စလုံးရောက်လာတယ်...

ဒုတ်...ဒုတ်

Meanကစာအုပ်အနီရောင် ပါးပါးလေးတစ်အုပ်ကို ဆွဲလိုက်တယ် .. စာအုပ်က ညပ်နေသလိုဖြစ်နေပြီးဆွဲလိုမရတော့
Mean စိတ်တိုလာတယ်

Mean: တောက်... အရေးထဲ ဒီစာအုပ်ကလာညပ်နေတယ်

Pond: ဟေ့ယောင် Mean..မင်းဘာဖြစ်နေတာလဲ

Mean: ဒီမှာလေ ကွာ..ဒီစာအုပ် ဆွဲထုတ်လို့မရဘဲ ညပ်နေတယ်

Pond: ဘယ်မှာလဲ..ငါ့ကိုပြ ငါဆွဲထုတ်ပေးမယ်

Mean: ဒီစာအုပ်ဘဲ...

(Pond က အားနဲ့ ဆွဲထုတ်တယ် မရဘူး.. ဘေးကကြည့်နေတဲ့ Mean ပါဒေါသထွက်လာတော့)

Mean: ဘေးဖယ်..ငါထပ်လုပ်ကြည့်ဦးမယ်

Mean က နောက်တစ်ခါ ထပ်ပြီးတော့ အားနဲ့ စာအုပ်ကိုဆွဲထုတ်ကြည့်တယ်.. ဒါပေမယ့် စာအုပ်က နည်းနည်း လေးမှ ရှေ့မထွက်လာပါ.. Mean က တအားကို စိတ်မရှည်ဖြစ်လာပြီး ဒေါသနဲ့ စာအုပ်ကို လက်သီးနဲ့ထိုးလိုက်တယ်ဆိုရင်ဘဲ...

Mean: ကဲကွာ ကဲကွာ.. ဆွဲထုတ်လို့မရဦး

ဒုန်း...

Mean ရဲ့ လက်သီး ပြင်းအားကြောင့် စာအုပ်က အထဲကို အတော်လေးကျွံဝင်သွားပြီး တံခါးဂျက်သံထွက်ပေါ်လာတယ်

"ဂျလောက် ဂျလောက်.. ဒေါက်"

စက်သီးလှည့်သံနဲ့အတူ ကြီးမားတဲ့စာအုပ်စင်မှ လူတစ်ယောက်ဝင်နိုင်တဲ့ တံခါးသေးလေးတစ်ချပ်ပွင့်လာတယ်ထိုစဉ်အထဲမှပြင်းရှရှဖုန်နံ့ဟာ နှစ်ယောက်လုံးနှာခေါင်းထဲကိုတိုးဝင်လာတယ်

Mean& Pond: ဟင်... ဒါ ဒါက

နှစ်ယောက်စလုံး ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်သွားတယ် အဲ့အချိန်မှာ Mean က စပြီး အလင်းမရှိပြီးရေခဲတိုက်သမျှအေးစက်နေတဲ့အခန်းထဲကိုခြေလှမ်းစလှမ်းလိုက်တယ်.. တစ်ချိန်ထဲမှာဘဲ Pond က

Pond: Mean.. နေဦး မင်းတကယ်ဝင်မလို့လား

Mean:မင်းဘာကိုကြောက်နေတာလဲ

Pond: ဒါကထောင်ခြောက်လို့ငါထင်တယ်..

Mean: အကယ်၍ဒါကထောင်ခြောက်ဖြစ်နေရင်တောင် ဒီထဲမှာ Plan ရှိလားမရှိလား အတည်ပြုရမယ်

MeanPlan & Pond (complete)Where stories live. Discover now