Part-14

1.4K 135 10
                                    

(Planလည်း ဖုန်းကိုချက်ချင်း ချပြီး အိမ်ထဲဝင်ဖို့လှည့်လိုက်တဲ့အချိန်မှာ..)
(Pond က လက်ကို ဖမ်းဆွဲလိုက်တယ် Plan ရဲ့ခန္ဓာကိုယ်က အရမ်းသေးတာကြောင့် အလိုလျောက် Pond ရဲ့ ရင်ခွင်ထဲကိုဝင်သွားတယ်...)
Plan: အို့....
(ဝရံတာက ကြည့်နေတဲ့ Mean ကတော့ ဖုန်းကို လက်ကနေကျစ်ကျစ်ကိုင်ထားပြီး အောက်ထပ်ကိုဆင်းပြီး  သူတို့အခြေအနေကိုဖျက်ဆီးဖို့ခြေလှမ်းခပ်မြန်မြန်လှမ်းလိုက်တယ်...)
(Pondကတော့ အလိုက်သင့်လေး ဖက်ထားလိုက်တယ်...)
(Plan💭အွီး...ဒါဘယ်လိုအခြေအနေလဲ.. မြန်မြန်ရုန်းပြီး ထွက်ဘဲပြေးလိုက်တော့မယ်💭)
Plan: P.. P ကျနော်ကိုလွှတ်ပါဗျာ.. ကျနော် အသက်ရှူကြပ် လာပြီ
Pond: Plan .. P ကိုဘယ်လိုသဘောထားလဲအရင်ဖြေ Plan ဖြေပြီးမှ P လွှတ်ပေးမယ်
Plan: ကျနော် မသိဘူး P .. လွှတ်ပါ လွှတ်
(အဲ့အချိန် Meanရောက်လာပြီး Pond ရဲ့ ပုခုံးကို လှမ်းဆွဲလိုက်တယ် ပြီးတော့ Pond ရဲ့ မျက်နှာကို ဆက်တိုက်ထိုးနေရင်း...)
Mean: ကဲကွာ...သူမကြိုက်ဘူးပြောနေတယ်လေ ဖက်ချင်ဦး ကဲကွာ ကဲကွာ
Plan:Mean တော်တော့ တော်တော့
(Planရဲ့အားနဲ့ ကြားထဲဝင်ဖြန်ဖြေပေမယ့် အသုံးမဝင်ချေ)
(နောက်ဆုံးတော့ Plan ရဲ့ လက်တွေက Mean ရဲ့ ကျောနောက်ကနေကျစ်ကျစ်ဖက်ပြီး...)
Plan: Mean .. P Pond ကိုဆက်မထိုးပါနဲ့တော့..
(Mean ရဲ့လက်တွေကအကြောသေသွားသလို ရုတ်တရက်ရပ်တန့်သွားတယ် ပြီးတော့ သူ့ရဲ့လက်တွေနဲ့ Plan ရဲ့လက်လေးတွေကို ခွာချလိုက်ပြီး Plan ဘက်ကိုမျက်နှာချင်းဆိုင်ရပ်လိုက်တယ် ပြီးတော့ ဒူးလေးကွေးပြီး Plan မျက်နှာလေးကိုကြည့်လိုက်တယ်... ခေါင်းလေးကို လက်တစ်ဖက်နဲ့ကိုင်ပြီး ..Plan မျက်နှာကမျက်ရည်တွေကိုနောက်လက်တစ်ဖက်ကသုတ်ပေးနေတယ်..)
Mean: ကလေး မငိုနဲ့တော့.. အိမ်ထဲဝင်တော့ သွား..
(Plan💭ကလေး ..Meanကငါ့ကို ကလေး လို့ခေါ်တယ်💭)
Planလည်းခေါင်းညိတ်ပြီး အိမ်ထဲဝင်သွားတယ်

(အဲ့အချိန် Pond တစ်ယောက်ကတော့ လမ်းပေါ်မှာ မူးပြီး ထလာတယ်..မျက်နှာမှာလည်းဖူးယောင်ပြီး နှာခေါင်းမှာလည်း သွေးတွေယိုစီးပြီး..)

Pond: မင်း.. ယီးမို့လို့ ငါ့ကိုထိုးတာလား..မင်းနဲ့ Plan ကဘာမှတောင် မဆိုင်သေးဘူး...ငါ့မှာလည်းကြိုးစားပိုင်ခွင့်ရှိတယ်..
(Mean က Pond နဲ့ကော်လံကိုဆွဲပြီး...)
Mean: မင်း နောက်တစ်ခါ ငါတို့ လမ်းကိုမလာနဲ့ လာရင် မင်းအသက်ရှင်လျက်နဲ့ပြန်ရမှာမဟုတ်ဘူး...
(ပြီးတော့ လက်ကို တွန်းထုတ်လိုက်တယ်.. အရှိန်ကြောင့် Pond နောက်ကိုခြေလှမ်း လေးငါးလှမ်းလောက် ယိုင်သွားတယ်)
Pond: ငါတို့လမ်း ဟုတ်လား... ဟားဟား
Mean: ဟင်း..(ပြန်မဖြေဘဲ မဲ့ပြုံးပြုံးလိုက်တယ်)
Pond: အေး..ငါတစ်ခုတော့ပြောမယ် ..
  ဒီတစ်ခါတော့ မင်းအသားစီးရလို့ ငါခံလိုက်ရတာ နောက်တစ်ခါဆိုရင်တော့.. မင်းအသက်ကို ငါအာမမခံဘူး..
Meanကမဲ့ပြုံးပြုံးပြီး.. သူ့အိမ်ထဲဝင်သွားတယ်..
(Pond က Planရဲ့ဘေးကပ်ရပ် အိမ်ကိုဝင်သွားတာ တွေ့တော့..)
(Pond💭အော်..မင်းက ဒီလိုကိုး အဲ့တာကြောင့် ငါ့ထက် ခြေလှမ်းသာတဲ့ရုပ်နဲ့ ကြည့်သွားတာကိုး💭)
Pond: ဟေ့ရောင်..Mean မင်း ငါ့ကိုဘယ်တော့မှမနိုင်စေရဘူး မင်းအရင်တစ်ခါလိုဘဲ ရှုံးနိမ့်စေရမယ်..ဟားဟားဟား
(Pond အကျယ်ကြီးအော်ပြောလိုက်တာပါ)
(Meanကတော့ ပြန်လှည့်မကြည့်ဂရုမစိုက်ဘဲ အိမ်ထဲဝင်သွားတယ်)
(Plan ကတော့ အိမ်ထဲကနေချောင်းကြည့်နေတာကြောင့် အကုန်မြင်အကုန်ကြားသွားပါတယ်)
(Pond လည်းအော်ပြောပြီးတာနဲ့ ကားမောင်းပြီးထွက်သွားတယ်)

MeanPlan & Pond (complete)Where stories live. Discover now