Part-27

1.4K 125 10
                                    

ကျောင်း Canteenမှာ...

Plan: Mean..ငါစားတာမင်းရှင်းရမယ်
ဘာလို့ဆို မင်းကငါ့အိမ်မှာ မနက်စာနဲ့ ညစာအလကားစားနေတာလေ..

Mean: အေးပါ.. ငါစားချင်တဲ့အချိန်ကျရင်လည်းမင်းကျွေးရမယ်နော်

Plan: ဘာလဲ..မနက်စာနဲ့ညစာက မလုံလောက်သေးဘူးလား

Mean: ဟင့်အင်း..ငါက မင်းကိုစားချင်တာ

(Planစားသောက်နေရင်း ပါးစပ်ထဲက အစားအသောက်တွေ Mean မျက်နှာကိုထွေးထုတ်မိတယ်..)

ထွီး....

Plan: မင်းရူးနေလား...

Meanကအပြုံးမပျက်ဘဲ.. မျက်နှာကိုသုပ်ရင်း

Mean: စတာပါ.. ငါက မင်းခွင့်ပြုပေးမှစားမှာဟုတ်ပြီလား

Plan: မင်းအခုရပ်မလား..ငါထသွားရမလား

Mean: ဟုတ်ပါပြီခင်ဗျ ကျနော်ဘဲရပ်လိုက်ပါမယ် သခင်လေး

........

ကျောင်းဆင်းတော့...

Plan: ငါမောင်းမယ်နော်..

Mean: အင်း..ရော့

(Meanက ကားသော့ကိုပေးလိုက်တယ်..)

ကားမောင်းရင်းနဲ့ Mean ကစကားစပြောလိုက်တယ်..

Mean: Plan ..ငါမင်းကိုမေးစရာရှိတယ်

Plan: ငါကိုနောက်ဖို့ဆိုရင်တော့ မမေးတာကောင်းမယ်..ငါမောင်းနေတာ မင်းကားနော်

Mean: အေးပါ..ငါအတည်မေးမှာ

Plan: ဒါဆိုလည်းမေး

Mean: မင်းဆီ Pond ဆက်သွယ်သေးလား

Pond: ဟင့်အင်း.. အရင်ကဆို ဖုန်းမဆက်လာမတွေ့တောင်သူsmsတွေပို့နေကျ အခုငါ့ကိုအဆက်အသွယ်မလုပ်တာကြာပြီ ဒါမှမဟုတ် ငါက တစ်လစဉ်းစားမယ်ပြောထားလို့ ငါ့စကားများနားထောင်တာလားမသိဘူး ဟားဟား

Mean: ရူးနေလား..စိတ်ကူးတွေယဉ်မနေနဲ့ ဟိုက ဘာကြံနေလဲမှမသိတာ

Plan: မင်းကလေ လူတိုင်းကို မင်းစိတ်နဲ့ မနှိုင်းနဲ့

Mean: အဲ့တာ ငါပြောရမှာ

Plan: တော်ပြီ ..ငါမင်းနဲ့မငြင်းချင်ဘူး

Mean:ငါလည်း မင်းနဲ့မငြင်းချင်ပါဘူး

MeanPlan & Pond (complete)Donde viven las historias. Descúbrelo ahora