(Plan စိတ်ထဲမှာ မကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုတာ သိနေပေမယ့် Mean ရဲ့ အကျောကိုမခံချင်လို့....အစီစဉ်အတိုင်းဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်..)
Plan: ဟွေး မသိတော့ဘူး
( Plan ကားကိုအရှိန်တင်ပီးတော့ Mean နားကိုမောင်းထွက်လိုက်တယ်..)
ဂျိန်း........ဒုန်း....အား
(Plan ရုတ်တရက် ဘရိန်အုပ်လိုက်ပေမယ့် အရှိန်များတာကြောင့် ဆိုင်ကယ်အနောက်ကနေ ဝင်စောင့်မိသွားတယ်..ဆိုင်ကယ်အနောက်ဘက်တစ်ခုလုံးကြေမွသွားတယ်..)
Plan💭ဟင်..Mean ဘာဖြစ်သွားပြီလဲမသိဘူး
(Plan ပူထူသွားတယ်..ချက်ချင်းကားထဲကထွက်ပြီး Mean ကိုထွက်ကြည့်တယ်..)
Plan: ဟင်..Mean မင်းခေါင်းမှာသွေးတွေနဲ့
(Mean ကတော့ အပြုံးမပျက်..)
(Plan သူ့နားကိုသွားပြီး ခေါင်းကိုမပြီး ပေါင်ပေါ်တင်လိုက်တယ်...ပြီးတော့ဖုန်းကိုထုတ်လိုက်တယ်..)
Plan:မင်းတောင့်ထားနော်..ငါဆေးရုံကားချက်ချင်းခေါ်လိုက်မယ်
Mean: မင်း..ငါ့ကိုခွင့်လွှတ်ပြီလား Plan
(ပြုံးပြီးမေးလိုက်တယ်..)
Plan💭Mean ရယ် ဘယ်လိုတောင်မေးလိုက်တာလဲ မင်းရဲ့မေးခွန်းက ငါ့ရင်ကိုတကယ်နာကျင်စေတယ်
Plan:မင်း...အရူးလား ဘာလို့ဆိုင်ကယ်ကိုရပ်လိုက်တာလဲ...ကိုယ့်ကိုကိုသေကြောင်းကြံနေတာလား မင်းသေရင် ငါအမှုပတ်နေမှာ..
(ငိုယိုပြီးပြောတယ်..)
(MeanကPlan ပါးပေါ်ကမျက်ရည်တွေသုတ်ပေးရင်...)
Mean: ငိုမနေနဲ့တော့...ကလေး
ဆေးရုံကားလည်းခေါ်စရာမလိုဘူး
ကလေး ကိုယ်တိုင် ဆေးရုံကိုလိုက်ပို့ပေးPlan: မရဘူး... မင်းငြိမ်ငြိမ်နေ
(Mean က Plan ရဲ့ဖုန်းခေါ်မယ့်လက်ကိုတားလိုက်ပြီး...)
Mean:တောင်းဆိုတာပါ..
Plan: မင်းက နေမကောင်းတာတောင် လူဆိုးလုပ်နေတုန်း
(Mean ပြုံးပြလိုက်တယ်...)(Plan နှာတရှုတ်ရှုတ်နဲ့ Mean ကိုထူပြီး ကားပေါ်တင်လိုက်တယ်..Planရုတ်တရက်ဘယ်ဆေးရုံမောင်းရမှန်းမသိဘူးဖြစ်နေတယ် ဒါနဲ့Meanက ဆေးရုံလိပ်စာကတ်ပြားတစ်ခုထုတ်ပေးလိုက်တယ်..ပြီးတော့ Plan လည်း အဲ့ဒီဆေးရုံကိုမောင်းသွားလိုက်တယ်..)
YOU ARE READING
MeanPlan & Pond (complete)
RomanceMean and Plan နာမည်တွေသုံးထားပေမယ့် ဒီဇာတ်လမ်းသည် ကိုယ်တိုင်ဖန်တီးရေးထားသောကြောင့် မည်သည့်နေရာများမှကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည် Font အခက်ခဲများကို မကြာခင်မှာအားလုံး ပြန်လည်ပြင်ဆင်သွားပါမယ် Story အသစ်ရေးနေလို့ပါ