အဲ့လိုနဲ့ Plan က Mean နဲ့တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းရင်း ကျောင်းပိတ်ရက် Sunday မှာပေါ့..
Plan: ဟွေး...တစ်ပတ်တောင်ပြည့်သွားပြီ ပင်ပန်းလိုက်တာ.. ဟူး
Mean: ဘာလဲ..မင်းနဲ့ငါလင်မယားဖြစ်တာလား
(Mean လက်ကိုနောက်ပစ်ထားရင်းမေးလိုက်တယ်..)
Plan: ထွီး မင်းအိမ်မှာ ငါအစေခံဖြစ်နေတာကိုပြောတာ..
Mean: ဟိဟိ (Mean ကြိတ်ရယ်လိုက်တယ်.)
ပြီးတော့..သူ့နောက်ကလက်တွေကိုထုတ်ရင်း
Mean:Plan ဒီမှာကြည့်
Plan: ဟင်..မင်းပတ်တီးရော
Mean: မလိုတော့ဘူး သက်သာသွားပြီ
Plan: ဒါဆို..ငါအိမ်ပြန်လို့ရပြီပေါ့
Mean: မင်းသဘော..
Plan: ငါ့သဘောဆို အရင်အပတ်ထဲကပြန်ချင်နေတာ
Mean:ဟူး
(သက်ပျင်းအရှည်ကြီးချလိုက်တယ်..)
Plan: ဒါဆို ငါအဝတ်တွေသိမ်းလိုက်တော့မယ်
Mean: အင်း
...........(အထုပ်တွေသိမ်းပြီးတော့..)
Plan: မင်း..တကယ်အဆင်ပြေလို့လား
(Planရဲ့မျက်နှာက ပြန်ချင်တဲ့အရိပ်အယောင်မပြချေ..)
Mean: အင်း
Plan: ဒါဆိုငါပြန်တော့မယ်နော်
Mean: နေဦး မင်းအိမ်မပြန်ခင် ငါနဲ့အတူတူ တစ်နေရာကိုလိုက်ပေးပါလား
Plan: အင်း..ဘယ်နေရာလဲ
(ချက်ချင်းမဆိုင်းမတွဘဲပြန်ဖြေလိုက်တယ်..)
Mean: မင်းကိုပျော်စေမယ့်နေရာ
Plan: ကြောင်တောင်တောင်နဲ့..
(Plan အထုပ်ကိုချပြီးကားထဲဝင်ထိုင်နေလိုက်တယ်..)
၁၅မိနစ်လောက်ကြာတော့
Plan: ကြာလိုက်တယ်..အဖော်လည်းလိုက်ပေးရတယ် အကြာကြီးစောင့်နေရတယ်
Mean:aww...ခေါ်ထိုး ခေါ်ထိုး ထည့်စရာပစ္စည်းလေးတွေရှိလို့
Plan: ငါ့ကိုနေရာမပြောတော့ မင်းဘာသာမင်းမောင်း..ဟွန်း
KAMU SEDANG MEMBACA
MeanPlan & Pond (complete)
RomansaMean and Plan နာမည်တွေသုံးထားပေမယ့် ဒီဇာတ်လမ်းသည် ကိုယ်တိုင်ဖန်တီးရေးထားသောကြောင့် မည်သည့်နေရာများမှကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည် Font အခက်ခဲများကို မကြာခင်မှာအားလုံး ပြန်လည်ပြင်ဆင်သွားပါမယ် Story အသစ်ရေးနေလို့ပါ