Part-4

1.7K 180 2
                                    

(Mean သူ့အိမ်ပြန်ရောက်တော့ သူ့အမက...)
Mai: အောင်း...Mean ကားဘာဖြစ်
လာတာလဲ
Mean: ဆိုင်ကယ်အစုတ်တစ်စီး ဝင်တိုက်လိုက်တာ(ရုပ်တည်နဲ့)
Mai: ဆိုင်ကယ်မောင်းတဲ့သူဘာဖြစ်သွားသေးလဲ
Mean: မသေဘူး...(အသံမာမာနဲ့)
(သူ့အစ်ကိုရောက်လာရော)
Chen: Mean.. Mai ကိုဘာလေသံနဲ့ပြောတာလဲ...
(Mean မျက်နှာ တည်နဲ့ နှုတ်ခမ်းမဲ့ပြပြီး...)
Mean: ဟင်း...
အဲ့အချိန်မှာ.....အသံတစ်သံက တစ်ခန်းလုံးတိတ်ဆိတ်အောင်လုပ်လိုက်တယ်...
ဖြန်း.......
Mean: အဖေ ဘာလို့ရိုက်တာလဲ...
Mean အဖေ : မိဘမျက်နှာအိုးမဲ့သုတ်တဲ့ကောင် မင်းအပြစ်မင်းမသိဘူးလား... မင်းကိစ္စမင်းတာဝန်မယူနိုင်ရင် အခုချက်ချင်း ငါ့အိမ်ကထွက်သွား..
Mean: အဖေ ဘာတွေပြောနေတာလဲ...
တစ်ခုမှနားမလည်ဘူး..
ကျွန်တော်ကဘာတွေတာဝန်ယူရမှာလဲ
Meanအဖေ: ရော့..ဒီမှာ မင်းပြဿနာ
တွေ မင်းရှင်း...
(ဆိုပြီး ... ဓာတ်ပုံတွေထုတ်ပြလိုက်တယ်..အဲ့ပုံတွေကတော့ Mean က Planလေးကို ကားနဲ့တိုက်ပြီးတာဝန်မယူဘဲ ထွက်သွားတဲ့ပုံတွေပါ...)
Mean: ကျွန်တော့ အမှားမဟုတ်ဘူး..
Meanအဖေ: မင်း.. မင်း
(ပါးထပ်ရိုက်မယ်လည်းပြင်ရော..)
Chen:အဖေ တော်ပါတော့...လက်မပါဘဲ အေးဆေးပြောပါ Meanလည်းသူ့အမှားသူသိလောက်မှာပါ သူကငယ်ငယ်လေးထဲက ခေါင်းကြောမာတော့ ဝန်မခံတာဘဲရှိမှာ...
Mai: ဟုတ်ပါတယ် အဖေ... Mean ကိုထပ်မရိုက်ပါနဲ့တော့... နော် နော် အဖေ
(Mean ကသာအိမ်မှာအငယ်ဆုံးမို့ ဆိုးချင်တိုင်းဆိုးနေတာပါ အိမ်ကအကြီးနှစ်ယောက်က သူ့ကိုချစ်ရှာပါတယ် ...
အရင်တုန်းကတော့ မဆိုးပါဘူး သူ့အဖေနဲ့သူနဲ့ကြားမှာ ပြဿနာကြီးကြီးမားမားရှိဖူးတာကြောင့် အရွဲ့တိုက်ဆိုးနေတာပါ)
🔹(နောက်ပိုင်းတွေမှဘာကြောင့် သူ့အဖေကိုနာကျဉ်းလဲဆိုတာပြောပြပါမယ်)🔹
Meanအဖေ: ဒီတစ်ခါတော့ ဒီတိုင်းတော့
လွှတ်ထားလို့မရဘူး အပြစ်
ပေးရမယ်..
Mean: ဟင်း....(မဲ့ပြလျက်)
Meanအဖေ: ကြည့်ပါလား ဒီကောင့်ရုပ်
ကိုက... မနက်ဖြန် Media
တွေငါ့ကိုလာမေးကြတော့
မယ်ငါဘယ်လိုဖြေရမလဲ..ရွေးကောက်ပွဲလည်းနီးနေပြီ အစစအရာရာသတိထားဖို့ပြော အတန်တန်ပြောတဲ့ကြားက...
Mean: အဖေ့ရွေးကောက်ပွဲလေ.. ကျွန်တော်နဲ့မှမဆ်ိုုင်တာ...
Meanအဖေ:တောက်... သားမိုက်
အေး...ကောင်းပြီ ဒါဆိုလည်းငါ့ဘက်ကငှဲ့ညှာစရာမလိုတော့ဘူးပေါ့ .. မနက်ဖြန်ကစပြီး မင်းဒီအိမ်ပေါ်ကဆင်းပြီး သာမာန်ရပ်ကွက်မှာနေရမယ်
မင်း အသုံးဆောင်တွေဒီညထဲကထည့် သိမ်းထား မနက်ဖြန် Tan (Driver) လိုက်ပို့ပေးလိမ့်မယ်..မင်းကားကိုထားခဲ့ရမယ် ကြားလား??
(Mean ဘာမှအဖြေမပေးဘဲ အိမ်ပေါ်တက်ပြီးသူ့အခန်းထဲ ဝင်သွားတယ်)
(Mean သူ့စိတ်ထဲမှာတော့ သူ့အမှားဆိုတာ လက်ခံတယ် ဒါပေမယ့် အိမ်ပေါ်ကဆင်းရလောက်တဲ့ထိ မလိုဘူးလို့ သူယုံကြည်နေတယ်)
Chen: ညီလေးကိုအိမ်ပေါ်ကနေမဆင်းခိုင်းပါနဲ့အဖေ
Mai:ဟုတ်ပါတယ် အဖေရယ်..သူမိသားစုနဲ့အဝေးမှာ နေတတ်ပါ့မလား
Meanအဖေ: အဝေးလို့ပြောရအောင် ထိုင်းနိုင်ငံထဲမှာဘဲ .. Mai အပိုပြောမနေနဲ့ အဖေစိတ်မပြောင်းဘူး
Chen: ဒါဆိုလည်း အဖေ့သဘောဘဲ
ဒါပေမယ့် တစ်ခုတော့ရှိတယ် အဖေ သူကအဖေ့ကိုမုန်းနေတာနော်.. အဖေ ကားပါသိမ်းလ်ိုက်ရင် သူအဖေ့ပေါ်ပိုမုန်းလိမ့်မယ်ထင်တယ် ကားတော့ထည့်ပေးလိုက်ပါအဖေရယ်
Mai:ဟုတ်ပါတယ်အဖေရယ် ..
သူ့ခများတစ်ခုခုဆို အိမ်ကိုကားမောင်းပြီး
ပြန်လာလို့ရတာပေါ့
Meanအဖေ: နင်တိူ့နှစ်ကောင်ကိုပါ ကားသိမ်းလိုက်ရမလား...
Mai & Chen: မလုပ်ပါနဲ့အဖေ.. (ပြိုင်တူ)(
နှစ်ယောက်သားမျက်နာငယ်လေးနဲ့ သူတို့အဖေကိုကြည့်နေကြတော့...)
Meanအဖေ: ကားထည့်ပေးချင်လည်းပေးလိုက်... နောက်ဖြစ်လာတဲ့ကိစ္စနင်တို့၂ယောက်တာဝန်ယူရမယ် ကြားလား
Mai&Chen: ဟုတ်ကဲ့ အဖေ(ပြုံးဖြီးပြီးဖြေလိုက်တယ်)
နောက်နေ့မနက် Plan လေး ခြံထဲမှာ Gucci ကိုထော့နဲ့ထော့နဲ့ နဲ့ထိန်းရင်း
(ဘေးခြံက အိမ်သံတွေ တစတစကြားလိုက်ရတယ်)
Tan: ဟေး ... ပစ္စည်းတွေ ဖြေးဖြေး ချအကုန်ဈေးကြီးတယ်...
ဟိုဟာက အိမ်ပေါ်တင် ပြီးတော့
ဒါကို ဧည့်ခန့်မှာထား... ဟုတ်ပြီလား
(တအောင့်ကြာတော့ Mean ကားအမဲကို ဝူးခနဲမောင်းပြီးအဲ့ဒီအိမ်ရှေ့မှာ ရပ်လိုက်တယ်.. ပြီးတော့ နေကာမျက်မှန်ချွတ်ပြီး ကားထဲကထွက်လာတယ်...)
Tan: သခင်လေး Mean..ရောက်လာပြီလား ခင်ဗျ သခင်လေး အဖေပြောတဲ့ တစ်ယောက်တည်းနေရမယ့် အိမ်ဆိုတာ ဒီအိမ်ပါဘဲ ခင်ဗျ
Mean: ဟင်း..(နှုတ်ခမ်းမဲ့ပြီး) ငါ့ကို ဒီလိုနေရာမှာ နေခိုင်းမယ်ပေါ့ ဒီလို အစုတ်အပြတ်ရပ်ကွက်မှာ...
တောက်... ဒါဟိုဆိုင်ကယ်အစုတ်နဲ့ကောင်ကြောင့် ... Tan ပစ္စည်းတွေချပြီး မှ ငါ့ကိုဖုန်းခေါ်လိုက် ...ကျောင်းမသွားခင် မနက်စာသွားစားမလို့
Tan: ဟုတ်ကဲ့ သခင်လေး...
ခဏနေပါဦး သခင်လး Mean
သခင်လေးအဖေကမှာလိုက်ပါသေးတယ် ဒီအိမ်မှာ နေတဲ့အခါ လိမ်လိမ်မာမာနေဖို့ရယ် စာဖို့သောက်ဖို့ကိုလည်း ကိုယ်ဘာသာချက်ဖို့ရယ် တစ်ယောက်တည်း လုပ် လုပ်....
Mean: ရပြီ တော်တော့ Tan
သူ့ကိုပြန်ပြောလိုက် ငါလည်းတစ်ယောက်တည်းနေချင်တာလို့ သူ့မျက်နှာကိုမမြင်ရတဲ့နေရာမှာ နေရတဲ့အတွက် ပိုပြီး ကျေးဇူးတင်တယ်လို့
ကြားလား .....(အသံကျယ်ကျယ်နဲ့)
Tan: ဟုတ်ကဲ့ ဟုတ်ကဲ့ သခင်လေး...
Plan: ဘေးအိမ်ကို ပြောင်းလာတဲ့ ကောင်က အသံကျယ်လှချည်လား... ဘဝင်လေဟပ်နေတဲ့ကောင်ဘဲဖြစ်ရမယ်
ပြောရင်း... ဟိုဘဝင်ရူးMean ကိုသတိရသွားတယ်... တောက်...
ကဲ... Gucci လေးရေ P ဆီလာပါဦး
(Gucci နဲ့ဆော့တုန်း.... Lay ကဗျာကယာပြေးလာပါရော)
Lay: P.. P.. P Plan
Plan: အွေး Lay ဘာဖြစ်လာတာလဲ...
ဖြေးဖြေး...
Lay: Layတို့ဘေးအိမ်ကို လူသစ်တွေပြောင်းလာတာထင်တယ် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်တယ် ချောလိုက်တာ Pရယ် ... အဲ့အိမ်ကသားဖြစ်ရမယ်
ဟိဟိ...
Plan: အော်...Lay က ကျောင်းမသွားဘဲ စပ်စုနေတယ်ပေါ့ အမေနဲ့တိုင်ပြောမယ်
Lay: မတိုင်ပါနဲ့ P ... Lay အခုဘဲပြင်လိုက်ပါမယ်နော်.. Lay ကျတော့ပြောပြီး P ကရောကျောင်းမသွားဘူးလား ဟွန်း
Plan: အောင်း... P မနေ့ကခြေထောက်နာတာ မပျောက်သေးဖူးလေ..
မနက်ဖြန်လည်း အိမ်မှာနေဦးမှာ ...
P ကို ဆရာလုပ်မနေနဲ့ .. အခု မပြင်ဆင်ရင် အမေကိုအော်ပြီးတိုင်လိုက်မှာနော်...
Lay: အွေး P Plan.. ဟုတ်ပါပြီLay သွားတော့မယ် ... ဟွန်း
Plan: အွေး... ငါ့ညီမလည်း အထက်တန်းဘဲရှိသေးလို့ တက္ကသိုလ်ရောက်ရင် ငါဘယ်လိုလိုက်ထိန်းရမလဲ...ဟူး
(ကလေးက Fujoshi လေးပါ)🙄
(Gucci ကိုအစာကျွေးပြီး တအောင့်ကြာတော့ Plan အိမ်ထဲက ဆိုဖာမှာ လှဲအိပ်လိုက်တယ်ဆိုရင်ဘဲ...)
ကလင် ကလင်....ကလင် ကလင်...
Plan: ငါ့ကိုယ်ခေါ်မယ့်သူလည်း မရှိပါဘူး ဘယ်သူများလဲ...
(ဖုန်းကိုကြည့်လိုက်တော့....)
Plan: ရုပ်ချောသော Senior..?? ဘယ်သူများလဲ?? ငါလည်းအဲ့နာမည်မမှတ်ထားပါဘူး...
Hello... ဘယ်သူလဲခင်ဗျ?,
Pond: အွေး .. Plan နာမည်မှတ်ပေးထားတယ်လေ မသိဘူးလား...
(အသံကြားမှ...)
Plan: ဪ...P Pond လား..
Pond: အေး..ဟုတ်တယ် ငါ့အသံတော့မှတ်မိသားဘဲ..ငါလည်း မင်းအသံကိုနားထဲကထုတ်လို့မရဘူး...
Plan: ဗျာ... ဘာလို့လဲ P
Pond: မနေ့က မင်းဘဲ တောက်လျောက်စကားများနေတာကိုး
Plan: P နော် Plan ကသွက်တာပါ...
Pond: အေးပါ.. (ရယ်လျက်)ဒါနဲ့ မင်း ဒီနေ့ကျောင်းမသွားဘူးမဟုတ်လား ..
Plan: အင်း.. P. P Pond ရော ကျောင်းရောက်နေပြီပေါ့
Pond: ငါလည်း ဒီနေ့မသွားဘူး
မနေ့က မင်းအိမ်ကနေပြန်တော့ တစ်နေရာသွားသေးတယ် ... အဲ့တာနဲ့အိမ်ကို နောက်ကျမှရောက်တယ် အခုမှ အိပ်ယာနိုးတာ...
Plan: P ဘယ်တွေသွားလို့ ဒီလောက်နောက်ကျနေတာလဲ ... P အချစ်ကလေးနဲ့ လျှောက်သွားနေတာလား
Pond: အာ.. မဟုတ်ပါဘူး Plan ကိုပြီးမှပြောပြမယ်.. ဒါနဲ့ Plan မနက်စာ စားပြီးပြီလား
Plan: မစားရသေးဘူး P.. ဘာလဲ P ဝယ်ကျွေးမလို့လား
Pond: အင်း..ဟုတ်တယ် ပြီးတော့ ပြစရာလည်းရှိတယ် မင်းအိမ်လာခေါ်မယ်နော် ဒါဆို စောင့်နေ နောက် နာရီဝက်နေရင်ရောက်မယ်..ဒါဘဲနော် Bye
Plan:P.. P ... အွေး ဖုန်းချသွားပြီ ဘာပြမှာလဲမေးမလို့ကို..

🔳🔳🔳🔳🔳🔳🔳🔳🔳🔳
ဒီညနောက်တစ်ပိုင်းထပ်ရေးပေးပါမယ်
vote ပေးရင်ပေါ့ ❤️
ကြိုက်ကြရဲ့လား...
ဇာတ်ရှိန်တက်လာပါပြီနော်
နောက်တစ်ပ်ိုုင်းမှာ Meanနဲ့ Plan ထိပ်တိုက်တွေ့ပါတော့မယ်...

MeanPlan & Pond (complete)Where stories live. Discover now