Part-25

1.5K 119 6
                                    

အိမ်ရောက်တော့...
Meanက Planကိုတွဲပြီး ဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်တယ်..

Mean: မင်း..ဆေးခန်းမှာ ဘာဖြစ်လာတာလဲ ပြောဖို့အဆင်ပြေပြီလား?

Plan: အင်း.. ဒီမှာထိုင်

(Planကသူ့ဘေူနားမှာထိုင်ခိုင်းလိုက်တယ်..)

Mean: အင်း

Plan: ငါ.. Bas နဲ့တွေ့ခဲ့တယ်

Mean: ဘာ..ဘယ်သူ ဘယ်သူ

Plan: ဟုတ်တယ်.. Dr.Bas

Mean: Plan..ငါအဲ့ကိုသူရှိမှန်းမသိလို့ခေါ်သွားတာပါ ငါ့ကိုတစ်မျိုးမထင်..

Plan: ငါသိပါတယ်.. ငါစိတ်ညစ်နေတာကတစ်ခြားအကြောင်းပါ

Mean: ဘာလဲ..သူဘာပြောလိုက်လို့လဲ

(Meanက Planလက်ကလေးတွေကိုဆုပ်ကိုင်ရင်း မေးလိုက်တယ်)

Plan: အင်း..သူပြောတာက ..

(Planလက်ကိုပြန်ဖယ်ချလိုက်ပြီး...)

Plan: တော်ပြီး ငါအိပ်ချင်နေပြီ ဒီနေ့တော့ မင်းကဆိုဖာမှာအိပ်

Mean: အင်းပါ..မင်းပြောချင်တဲ့အချိန်ကြရင် ငါနားထောင်ဖို့အဆင်သင့်ရှိနေတယ်ဆိုတာ မင်းကိုသိစေချင်တယ် နောက်ပြီး သူပြောတာတွေကိုအတွေးမလွန်စေချင်ဘူး မယုံစေချင်ဘူး ဟုတ်ပြီလား

Plan: အင်း..ထပြီး ငါ့ကိုထူပေးဦး

Mean: အောင်း..ဒါနဲ့ မင်းခြေထောက်ကရော ဘယ်လိုလုပ်မှာလဲ

Plan: ရပါတယ်..သိပ်မပြင်းထန်ပါဘူး

Mean: လာ..ထ ငါအခန်းထဲရောက်ရင်ဆေးလိမ်းပေးမယ်

Plan: အိုဟိုး တကယ်ပြောတာလား သူဋ္ဌေးလေး

..............

အခန်းထဲရောက်တော့ Plan ကုတင်ပေါ်မှာထိုင်ရင်း Mean က Plan ခြေထောက်ကိုပေါင်ပေါ်တင်လိုက်တယ်..

Mean: Plan.. မင်းကအရူးလားမင်းခြေထောက်က တော်တော်ရောင်နေတာကိုမပြင်းထန်ဘူးပြောနေတယ်

Plan: ဟတ်လား..ဒါပေမယ့် ငါမနာဘူး

(Meanက Planရဲ့ခြေထောက်ကိုအသာလေးညှစ်လိုက်တယ်..)

Plan: အား..နာတယ် မင်းရူးနေလား

Mean: မင်းဘဲမနာဘူးဆို ဟားဟား

MeanPlan & Pond (complete)Where stories live. Discover now