Part-36

1.3K 115 13
                                    

Mean တစ်ယောက်Plan သူ့ဖုန်းကိုမကိုင်လို့အရမ်းကိုစိတ်ပူနေတာပေါ့

Mean: မင်းဘယ်မှာလဲ ..ကျေးဇူးပြုပြီးဖုန်းကိုင်ပါကွာ..

Mean တစ်ယောက်တည်း မျက်စိမျက်နှာပျက်ပြီး ချွေးစေးတွေပြန်လာတာပေါ့..ပြီးတော့ ဖုန်းကိုဆက်တိုက်ခေါ်နေလိုက်တယ်

.......

Arm ကအထဲမှာ သူမဖုန်းကမီးကိုထိုးရင်း ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေကြတာပေါ့

Plan: ဒီမှာတော်တော်အေးတာဘဲနော် P

Arm: အင်း..

Plan: နောက်ပြီး..အလင်းလည်းမရှိဘူး လေဝင်လေထွက်လည်းမရှိဘူး ကျနော်သာဒီထဲမှာပိတ်မိနေရင် တစ်ရက်ထဲနဲ့တင်သေနိုင်တယ်

Arm: ကောင်းတာပေါ့..

Plan: ဗျာ..

(Plan အရမ်းကိုထိန့်လန့်တဲ့မျက်လုံဒတွေနဲ့ Arm ကိုကြည့်လိုက်တယ်...)

Arm: ဘာလို့ဆိုမင်း..ဒီနေ့ဒီအချိန်ကစပြီး ဒီအခန်းထဲမှာဘဲ တစ်သက်လုံးနေရတော့မှာလေ

Plan: ကျနော်က ဘာလို့... P ကျနော်ခေါင်းတွေအရမ်းမူတာဘဲ ကျနော်အရမ်းလည်းအိပ်ချင်လာသလိုခံစားရတယ် အား

Plan ရုတ်တရက်ခွေပြီးကျသွားတယ် အသိကရှိပေမယ့် တစ်ကိုယ်လုံးချိနဲ့နေတဲ့ခံစားမှုမျိုးကိုခံစားရတယ် မျက်လုံးတွေဝေဝါးပေမယ့် ဖုန်းအလင်းရောင်ကိုအားပြုပြီးသူ့နားကိုလျှောက်လာတဲ့ Armကိုတွေ့နေရတယ်

Arm: ဒါငါ့ဆီကနေ .. Pond ရဲ့နှလုံးသားကိုခိုးယူတဲ့အပြစ်ဘဲ.. မင်းဒီအခန်းထဲမှာတစ်သက်လုံးနေပေတာ့ ..မင်းကိုဘယ်သူမှာရှာတွေ့မှာမဟုတ်ဘူးဆိုတာ ငါရဲရဲကြီးအာမခံတယ်..ဟားဟား ဟားဟား

အဲ့အချိန်အခန်းအပြင်ဘက်ကနေယောက်ျားလေးအသံတစ်သံ Plan ကြားလိုက်ရတယ် မစိမ်းပေမယ့် သူ့အတွက်အရမ်းရင်းနှီးတဲ့အသံတော့မဟုတ်ဘူး အဲ့လူက ကိစ္စပြီးရင် မြန်မြန်ထွက်လာဖို့ ပြောနေတဲ့ပုံစံပေါ့ နောက်ပြီး Arm က သူ့ရဲ့ဖုန်းကိုဟိုစမ်းဒီစမ်းနဲ့နှိုက်ယူသွားတာကိုသိလိုက်ရတယ် အဲ့နောက်ပိုင်း Plan လောကကြီးနဲ့အဆက်သွယ်ပြတ်သွားတယ်
အေးစိမ့်နေတဲ့ကြမ်းခင်းပေါ်မှာ အနောက်တိုင်းဝတ်စုံအဖြူလေးနဲ့ခွေခွေလေး မေ့မျောသွားတယ်...

MeanPlan & Pond (complete)Tahanan ng mga kuwento. Tumuklas ngayon