မိုးဆမ်းပန်း လန်းလန်းလေး " အပိုင်း ( ၁ )

8.5K 18 0
                                    

" မိုးဆမ်းပန်း လန်းလန်းလေး " အပိုင်း ( ၁ )

ဇာတ်လမ်း - ဗမာငချွတ်

မိုးဆမ်းပန်း
မိုးဆမ်း သည် ကြွေရုပ်ကလေး တရုပ်လိုဘဲ လို့ လူတွေက တင်စားပြီး ပြောကြ သည် ..။
မိုးဆမ်း ကို မော်ဒယ်လ်မလေး လို့ လဲ လူတွေက ထင်ကြ သည် ...။
မိုးဆမ်း ကို အသားဖြူပြီး မျက်နှာကျပုံက ဥရောပ ဆန်တာကြောင့် ..ဘိုကပြားမလေး လို့ တချို့က အ
ထင်နဲ့ ပြောကြ သည် ..။
တကယ်တော့ မိုးဆမ်း သည် နိုင်ငံခြားသွေး မပါ ..။ ဘိုသွေး မနှော ..။
မိဘတွေ ရဲ့ ရုပ်ရည် က သာမန်တွေပါဘဲ ..။ မိုးဆမ်းကျတော့ ..အရပ်ကလဲ မြန်မာ မိန်းမတွေ ထဲ ..
မြင့်တယ်လို့ ပြောရမဲ့ အရပ်မျိုး ..။
ကိုယ်လုံးကလဲ အကွေ့အကောက် အမို့အမောက်တွေ က ဆန့်ကျင်ဘက် ယောင်္ကျားတွေ
..သမင်လည်ပြန်ကြည့်ကြရတဲ့ ထိပ်တန်း အဆင့် ..။
ထူးထူးခြားခြား ..လှနေ ..ချောနေ သည် ...။
မိုးဆမ်းကို တက္ကသိုလ် တုံးက သဘောကျ ကြိုက်တဲ့လူတွေက တပုံကြီး ..။ လိုက်ကြတဲ့ လူတွေ လဲ .
အများကြီး ..။
မိုးဆမ်းကို "အလှဘုရင်မ " ဘွဲ့ ပေးကြ သည် ..။
မိုးဆမ်း က ဘယ်သူ့ကိုမှ ပြန်မကြိုက်ခဲ့ ..။
မိုးဆမ်း ကို တဖက်သပ် ကြိုက်ပြီး အသဲကွဲ တယ်ဆိုပြီး မူးကြရူးကြ တဲ့ လူတွေလဲ တပုံကြီး ..။
မိုးဆမ်းကို ကားတင်ပြေး ချင်တဲ့ လူတွေကလဲ တပုံကြီး ..။
မိုးဆမ်း သည် ဆင်းဆင်းရဲရဲ မနေလိုဘူး ....။ မနေနိုင်ဘူး . ..။ ကောင်းကောင်းနေ ကောင်းကောင်း စား
..သုံး ဖြုန်းချင် သည် ..။ ကြွားချင် သည် ..။
မိုးဆမ်း ရဲ့ မိဘတွေ က အထည်ကြီးပျက်တွေ ..။
အတိတ်က ရွှေထီးဆောင်းခဲ့တာကို ပြန်တမ်းတနေကြသော မိုးဆမ်းရဲ့ မိဘတွေ သည် လက်၇ှိမှာ
အခြေအနေက မကောင်း ..။ အကြွေးတွေ တင်ပြီး ဘယ်လို လုပ်ရမယ် မသိကြဘူး ..။
သူတို့မှာ ရင်းစရာဆိုလို့ ဘာမှ မရှိ ..။ အရင် ကြီးပွားတိုးတက်ခဲ့တုံးက .. စုဆောင်းထားခဲ့တာတွေ
လဲ တတိတတိ နဲ့ ကုန်ပြီ ..။
ဒီသမီးလေး သာ လင်ကောင်းသားကောင်း ရမယ် ဆိုရင် ပြီးပြီ ..။ သမီး ကြောင့် သူတို့လဲ ချမ်းသာနိုင် သည်
..။ ချမ်းသာတဲ့ကောင်ကို သားမက် ဖမ်းရမည် လို့ သူတို့စိတ်ထဲ မှန်းထားကြ သည် . .။
မိုးဆမ်း သည် ၀တ္ထု စာအုပ် ..ဗီဒီယို ဇာတ်ကားတွေထဲကလို ..ချမ်းသာတဲ့ လူ နဲ့ တွေ့ချင်
သည် ..။ ချမ်းသာတဲ့ လူ နဲ့ ညိချင် သည် ။ စိတ်ကူးတွေ ယဉ်နေ သည် ...။
ရုပ်ရှင်မင်းသား လူမင်းလို ရုပ်နဲ့ ..ဒါမှမဟုတ် နိုင်းနိုင်းလို ရုပ်နဲ့ သူဌေးတယောက်ယောက် နဲ့ ..
တွေ့လိုက်ချင် သည် ..။ဗွီဒီယိုကားတွေထဲကလိုဘဲ ၀ုန်းကနဲ ..သူဌေးနဲ့ ရပြီး တအား ချမ်းသာသွာတာမျိုး
ဖြစ်ချင် သည် ...။
ထိုင်နေလို့က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ ...။ ချမ်းသာတဲ့ သူဌေး နဲ့ တွေ့ဖို့ .. ညိဖို့ ..သူတို့
သွားတဲ့နေရာတွေ..သူတို့ ရှိနိုင်မဲ့ နေရာတွေကို ..သွားဖို့လို သည် ဆိုတာ မိုးဆမ်း သိ သည် ..။
ဒါမှ သူမ သည် သူဌေးတယောက်ယောက် နဲ့ ညိမည် ..။
မိုးဆမ်း လဲ ရတနာကျော် ဆိုတဲ့ သူငယ်ချင်း က ချမ်းသာတော့ ရတနာကျော် နဲ့ ကပ်လိုက်ပြီး
ချမ်းသာတဲ့ လူတွေ လောက ထဲကို ရောက်ရှိရ သည် ...။ မိုးဆမ်း က ဖြူ ဖြူဖွေး ဖွေး ချောချောလေး
ဆိုတော့..သီတာကျော် က စွန့်ကျဲတဲ့ အဖိုးတန် အ၀တ်အစားတွေ ၀တ်လိုက်တဲ့ အခါ ..နဂိုရှိတော့
နကိုင်းထွက် ..ယောင်္ကျားတွေ သတိပြုမိ လာ သည် ..။ ..ရုပ်ကလေးရှိတော့ ..သီတာကျော်တို့လို သာမန်
ရွက်ကြမ်းရေကြို ..မိန်းကလေးတွေကြားထဲ ..ထင်းထင်းလေး ဖြစ်နေ သည် ..။
ကိုကိုမောင်
ကိုကိုမောင် သည် အရပ်မြင့် သည် ..။
အသား ဖြူသည် ..။ ကရာတေး ကစား ..ရေကူး သည် ..။ အားကစား လိုက်စားသူတယောက်မို့
ဘိုက်ချပ်ချပ်..ဘိုက်မှာ ..ကြွက်သား အမြောင်းအတုံးတွေ နဲ့ ..။ လက်မောင်း လက်ဖျန် ကျောပြင်တွေ ကလဲ ..
ကြွက်သားတွေနဲ့ ..။
ရုပ် က ဆံပင် ခပ်ရှည်ရှည် ..နှာတန်ပေါ်ပေါ် ..မေးရိုး နဲနဲကားကား နဲ့ ..မိန်းကလေးတွေ စိတ်ဝင်စား
လေ့ရှိတဲ့ ရုပ်ရည် ..။
အသက် ၂၅နှစ်အရွယ်မှာ သူတယောက်ထဲ တထပ်တိုက်ပုလေးတလုံး နဲ့ ကားနဲ့ နေနိုင်တာကြောင့် မိန်းမတွေ
ဝိုင်းဝိုင်းလည် နေတဲ့ လူလို့လဲ ပြောနိုင် သည် ..။
ကိုကိုမောင် အမှန်က ဒီပွဲကို မသွားလိုဘူး ..။
ဒါပေမဲ့ ..ကိုပီတာ နဲ့ သူနဲ့ က လူရင်းတွေ . .။ ကိုပီတာရော ..သူ့မိန်းမ မဝေကရော သေသေချာချာ ကို
ဖိတ်ထားတာကြောင့် သူ မသွားလို့ မဖြစ်ဘူး ..။
ကိုပီတာ က သူ့ကို ကူညီမစ ထားတာတွေ အများကြီး ..။ ဒါကို သူ မေ့လို့ မဖြစ် ..။
ကိုပီတာ နဲ့ မဝေတို့ရဲ့ သမီးလေး စုဝေဖြိုး ရဲ့ မွေးနေ့ပွဲ ..။
ကိုကိုမောင် အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်လေးကနေ စုဝေဖြိုးအတွက် ၀က်ဝံ ရုပ်အကြီးစားကြီး
တကောင်ကို ၀င်ဝယ်ပြီး ကိုပီတာ အိမ်ကို ထွက်ခဲ့ သည် ..။ ရွှေတောင်ကြားလမ်း က ကိုပီတာတို့ အိမ်
ကို ကိုကိုမောင် ရောက်တော့ ခြံထဲမှာ လုပ်တဲ့ မွေးနေ့ပွဲလေးမှာ လူတော်တော် စုံနေပြီ ..။
ကိုပီတာ က သူ့မိဘ လက်ထက် က တိုက်အိုကြီး ကို ဖျက်ပြီး ..ခေတ်မှီ တဲ့ တိုက်သစ်ကြီး
ပြန်ဆောက်ခဲ့တာ သိပ် မကြာသေး ..။
သမီးလေး စုဝေဖြိုးရဲ့ လက်ထဲကို ၀က်ဝံရုပ်ကြီး ထည့်ပေးလိုက် ပြီး ကိုပီတာ နဲ့ မဝေတို့ ကို နုတ်ဆက်ဖို့
သူတို့ ရှိနေတဲ့ ..အစားအသောက်တွေ ကြော်လှော်ချက်ပြုတ်နေတဲ့ မီးဖိုခန်းကြီးဘက်ကို
သွားလေ သည် ..။
ကိုပီတာ သည် နံမည်ကြီး ခရုခေါက်ဆွဲဆိုင်ကြီးတခု က အကြော်ဆရာ ကို အိမ်ခေါ်ပြီး
ကြော်ခိုင်းတာ ဖြစ် သည် ..။ သူကိုယ်တိုင် အကြော်ဆရာ ပေါက်ဖေါ်ကြီးကို ဘာနဲ့ကြော် ..ဘယ်လိုလုပ်
ညွှန်ကြားနေ သည် ..။ မဝေ ကတော့ ဆနွင်းမကင်း နဲ့ ကျောက်ကျောတွေ ကို လှီးနေတဲ့
ကောင်မလေးအုပ်စု နဲ့ ရှိနေ သည် ..။
"ဟာ..ကိုကိုမောင် ...လာ..တယောက်ထဲလား . ."
"မဝေကလဲ..တယောက်ထဲ မလာလို့ ဘယ်နှစ်ယောက် လာရမလဲ ..."
"အော်..အရမ်းအောင်မြင်နေတဲ့ စီးပွားရေးသမားကြီး ဆိုတော့ စွံများ စွံပြီလားလို့ ..ဘယ်နှယ်လဲ ..မဝေ
ရှာပေးရမလား ..ဟင်းဟင်း . ."
" ကောင်းသားဘဲ..မဝေ ...မဝေ က လူတွေ စိန်တွေ ကျောက် တွေ လိုချင်ကြရင် ..အကောင်းစားတွေ
ရှာဖွေပေးတဲ့ နေရာမှာ .. အရမ်းတော်ပြီးသားမို့..ရှာနိုင်မယ် ဆိုတာကို ယုံပြီးသား ..."
ကိုပီတာ ရောက်လာ သည် ...။
"ဟေး...ကိုကိုမောင်.."
ကိုပီတာ က ကိုကိုမောင် ကို လာဖက် သည် ..။
" တခုခုသောက်လေ ..ဘီယာ သောက်မလား . ."
"သောက်တာပေါ့ဗျာ..ဖြေးဖြေးပေါ့ .."
ကိုကိုမောင် သည် မဝေနဲ့ အတူ အချိုပွဲတွေ ပြင်နေတဲ့ ကောင်မလေးတွေထဲက ထူးထူးခြားခြား ဖြစ်နေတဲ့
ကောင်မလေးတယောက်ကို သတိထားမိ သည် ..။ ဒီကောင်မလေးကလဲ သူ့ မျက်လုံးရွဲကြီးတွေ နဲ့ သူ့ကို
စိုက်စိုက် ကြည့် သည် ...။
ဒီကောင်မလေးကို သူ မြင်မြင်ချင်း သဘောကျသွား သည် ..။
တော်တော် လန်းတဲ့ မိန်းကလေး ..ပါလား ...။
ဆံပင်ရှည်ကြီး က နက်မှောင် သန်စွမ်း သည် ..။ အသား က နို့နှစ်ရောင် လို့ တင်စားကြတဲ့ အသား အရောင်
မျိုး ...။
မျက်လုံးတွေက အရမ်းလှ သည် ..။
နှုတ်ခမ်းတွေကလဲ အရမ်းလှ သည် ..။ ဒီကောင်မလေး ရုပ်၇ှင်မင်းသမီး ဖြစ်နိုင် သည် ..။
ရုပ်ကော..ကိုယ်လုံးရော ဘာမှ ပြောစရာ မရှိ ..။
ရီးစားတွေ ဘာတွေများ ရှိနေမလား ..။
ရှိနိုင် သည် ..။
ဒီအရွယ်ရောက်မှ အမြီးမပေါက်တဲ့ မျောက် ဟာ ဘာမျောက်လဲ ဆိုတဲ့ စကားလိုပေါ့ ..။
ဒီလောက် ထင်းထင်း ၀င်းဝင်း ချောလှနေတဲ့ ကောင်မလေးတယောက် ကို ကြိုက်တဲ့ လူတွေတော့
တပုံတခေါင်းကြီး ရှိနေမှာဘဲ ..။
ဘယ်ကလဲ ..။ မဝေကို သူ အနားကပ်ပြီး မေးကြည့် သည် ..။ မဝေ က ကောင်မလေး နံမည် က မိုးဆမ်း
ပန်း ဆိုတာ ပြောပြ သည် ..။ မိုးဆမ်း သည် မဝေရဲ့ ညီမ၀မ်းကွဲ ..ရတနာကျော် နဲ့ ပတ်သက်ပြီး မဝေ နဲ့
ခင်တာ ဖြစ် သည် ..။
တဖြည်းဖြည်း နဲ့ လူတွေများလာ သည် ..။
ကိုပီတာ နဲ့မဝေတို့ ဧည့်သည်တွေ နဲ့ အလုပ်များနေကြချိန် ကိုကိုမောင် သည် မိုးဆမ်း ကို စကားသွားပြော
သည် ..။
မိုးဆမ်းကလဲ ကိုကိုမောင် ကို မြင်မြင်ခြင်းဘဲ စိတ်ဝင်စားမိတာပါ ..။ကိုကိုမောင် ဟာ သူဌေး ..လူလွတ်
ဆိုတာ ထပ်သိရတော့ ..ပိုပြီး စိတ်ဝင်စားသွာ သည် .. ။ မိုးဆမ်း ကသူဌေး နဲ့ တွေ့ချင်နေတာကိုး ..။ သူဌေး
လိုက်ရှာနေတာကိုး ...။
မိုးဆမ်း သည် ကိုကိုမောင်ကို ခင်ခင်မင်မင် စကားပြန်ပြော သည် ..။မိုးဆမ်း ကသူငယ်ချင်း ရတနာကျော်တို့
ပြန်တော့ လိုက်ပြန်ရ သည် ...။
ကိုကိုမောင် က မိုးဆမ်းကို ထပ်တွေ့ချင်ကြောင်း ပြော သည် ..။
မိုးဆမ်း က သူမငှားကိုင်ထားတဲ့ ဟမ်းဖုန်း နံပါတ်ကို ပေး သည် ..။
ကိုကိုမောင် နဲ့ မိုးဆမ်း ခင်မင်မှု စသည် ...။
မိုးဆမ်း စိတ်ထဲမှာ ကျိတ်ပျော်နေ သည် ..။ သူဌေး နဲ့ ခင်မင်ရလို့ ..။
ကိုကိုမောင် နဲ့ ဆုံပြီး နောက် မိုးဆမ်းရဲ့ ည အိပ်ရာဝင် စိတ်ကူးယဉ် ချစ်သူ ဟာ ကိုကိုမောင် ဖြစ်လာရ သည်
. .။ မိုးဆမ်း ..သူ့ကို ထပ်တွေ့ချင်နေ သည် ..။ အို ...မိုးဆမ်း..သူ့ကို စိတ်ဝင်စားနေပြီ ..။
သူ..သူ မိုးဆမ်း ကို ထပ် ဆက်သွယ်ပါစေ ...။

Rated Collection (Normal)Donde viven las historias. Descúbrelo ahora